ပါဝင်သောဆေး-Omeprazole ၂၀မီလီဂရမ်။
ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ- အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်မှ အက်ဆစ်အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း ကုသရန်။ အစာအိမ် အက်ဆစ်အထွက်များသော Zollinger-Ellison syndrome၊ အကိုက်အခဲဆေးများကြောင့်ဖြစ်သော အစာအိမ်အနာဖြစ်ခြင်း။
သုံးစွဲရန်အညွှန်း- ၂၀-၄၀မီလီဂရမ် ၁ကြိမ် ၄-၈ပတ်။ Zollinger-Ellison syndrome တွင် ၆၀-၁၂၀ မီလီဂရမ် ၂ ကြိမ်ခွဲသောက်ရန်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။ အစားမစားခင်သောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊
သတိပြုရမည့်အချက်များ-ဆေးမသုံးမီ ကင်ဆာရောဂါရှိမရှိ စစ်ဆေးရန်။ ကြာရှည်စွဲသုံးပါက အသည်းခြောက်တတ်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရန်။ ကလေးများတွင် မသုံးရ။
ဘေးထွက်ဆိုးကျိုး-ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ လေပွခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-ဤဆေးသည် အိပ်ဆေး၊ သွေးကျဲဆေး၊ အတက်ရောဂါဆေးများ၏ စွန့်ထုတ်ကြာချိန်ကို ပို၍ကြာစေပါသည်။
ဒေါက်တာချို(ဆေး ၁)