All Articlesပိုးသေဆေးများ

Zifam CS 1

1 Mins read
All Articlesပိုးသေဆေးများ

Zifam CS 1

1 Mins read

ပါဝင်သောဆေး-cefoperazone Na 500 mg+ Salbactam Na 500 mg၊

ဆေးပုံစံ-ထိုးဆေးပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဤဆေးဖြင့် ကုသနိုင်သော ရောဂါပိုးကြောင့်ဖြစ်သော အသက်ရူလမ်းကြောင်းရောဂါများ၊ ဝမ်းတွင်းရောဂါများ၊ ဝမ်းဗိုက် အမြှေးပါးရောင်ခြင်း၊ အရေပြားနှင့် အခြားသော ဘက်တီးရီးယားပိုးရောဂါများ၊ ဆီးလမ်းကြောင်းရောဂါပိုးများ၊ အူပိုးများကြောင့်ဖြစ်သော ရောဂါများ၊ မီးယပ်ရောဂါပိုးများ။
သုံးစွဲရန်အညွှန်း-ရောဂါပေါ်မူတည်၍ တစ်နေ့ ၆-၁၂ ဂရမ်ထိသုံးစွဲနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ cephalosporin, ပင်နီဆလင်နှင့် အခြားသော ဆေးများနှင့် ဓာတ်မတည့်ဖြစ်ဖူးသူများ။
သတိပြုရမည့်အချက်များ- အသည်းမကောင်းသူများ၊ ကျောက်ကပ်ရောဂါရှိသူများ၊ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ လမစေ့သောမွေးကင်းစများ၊ မွေးကင်းစကလေးများ၊ ကလေးများတွင် အသုံးပြုပါက ကိုယ်တွင်းအင်္ဂါထိခိုက်မှုရှိမရှိ စစ်ဆေးနေသင့်ပါသည်။ ဗီတာမင် ကေ ချို့တဲ့မှုဖြစ်တတ်ပါသည်။ ထို့ကြောင့် ဆေးသုံးစွဲစဉ် သွေးခဲဓာတ်ကို စစ်ဆေးသင့်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဓာတ်မတည့်ခြင်း၊ သွေးဖြူဥကျခြင်း၊ အသည်းဓာတ်၊ ကျောက်ကပ်ဓာတ်များတက်ခြင်း၊ ဝမ်းလျောခြင်း၊ အူမကြီးရောင်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-aminoglycoside အုပ်စုဝင်ပိုးသတ်ဆေးများ၊ ဆီးဆေးများ၊ ထုံဆေးများနှင့် သတိပြု သုံးစွဲပါ။ ဆေးသုံးစွဲစဉ် အရက်သောက်သုံးခြင်း ရှောင်ကြဉ်ပါ။

ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *