Youth and E - Cigarette

ယခုခေတ် လူငယ်များတွင် ဆေးလိပ်အစားထိုး electric cigarettes များ ခေတ်စားလာပါတယ်။ ထိုသို့သော ဆေးလိပ်အစားထိုး nicotine ပါဝင်သော E-cigarettes များအကြောင်း သိထားသင့်သလို ကျန်းမာရေးအတွက်ဘယ်လိုထိခိုက်နိုင်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ E-cigarettesတွေက ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ပြဿနာတွေ ကို -ကလေးတွေ-လူငယ်လေးတွေ-ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ပိုဖြစ်စေပါတယ်။ ပိုဆိုးနိုင်ချေကတော့ သုံးတဲ့ အရည် မှာ ပါဝင်တဲ့ aerosol လို့ခေါ်တဲ့ လေထု အမှုန်တွေပေါ်လဲ မူတည်ပါတယ်။ ဆေးလိပ်တွေလောက် လူကို မထိခိုက်စေပေမယ့်လည်း E-cigarettes တွေဟာ

အဆုတ်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေခြင်း

နှလုံးကြွက်သားရဲ့စွမ်းရည်ကို လျော့နည်းစေခြင်း

လေပြွန်ယောင်ယမ်းခြင်းတို့ကို ပိုဖြစ်စေပါတယ်။

ယခုလို အဆုတ်ကို အဓိကလို ဖျတ်ဆီးနေတဲ့ Corona virus အတွက်တော့ လူသတ်ရာမှာ ပိုလွယ်ကူစေပါ့လိမ့်မယ်။ ဆေးပညာက သတ်မှတ်ပေးထားတဲ့ Nicotine replacementတွေဖြစ်တဲ့ Nicotine gum တွေ Nicotine patches တွေ ထပ်လည်း vaping တွေက ကျန်းမာရေး ရှုထောင့်က ကြည့်လိုက်ရင် အဆင်ပြေမနေပါဘူး။ Nicotine 3%, 5% ပါဝင်တဲ့ vaping တွေဟာဆိုရင် ကင်ဆာဖြစ်စေတဲ့ဓါတ်တွေ၊ အဆိပ်ငွေ့တွေကိုလည်း ဖန်တီးနေပါသေးတယ်။ Pod တစ်ခု ၇၀၀၀ကျော်ပေးနေရတဲ့ အတွက် ဆေးလိပ် ၃ဗူးလောက်နဲ့ သွားညီမျှနေပါသေးတယ်။ Refill တွေနဲ့ အဆင်ပြေကြတဲ့ သူတွေ ရှိပေမယ့်လည်း အဆင်မပြေတဲ့ သူေတွ အတွက်ဆိုရင်လည်း ဈေးကြီးတဲ့ အတွက် ဝယ်ဖို့ခက်နေကြပါသေးတယ်။ ဆေးရည်နဲ့ လျှပ်စစ်ကို အပူပေးလိုက်ရမှ ထွက်လာတဲ့ အငွေ့ကို ရှုရှိုက်ခြင်း၊ မှုတ်ထုတ်ခြင်းဖြင့် ဆေးလိပ် အစားထိုးပြီး သောက်သုံးနေကြတဲ့ လူငယ်တွေ အနေနဲ့ တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း စည်းကမ်းတကျ စနစ်ရှိရှိ chills နိုင်ကြစေဖို့ ရည်ရွယ်ပြီး အန္တရာယ်ရှိကြောင်း သတိပေးလိုက်ရပါတော့တယ်။

Dr John

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…