All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးငယ် ကျောင်းသွားတဲ့အခါ ထမင်းဘူးနဲ့အတူဘာစားစရာတွေထည့်ပေးကြမလဲ?

1 Mins read

သင့်ကလေးငယ် ကျောင်းသွားတဲ့အခါ ထမင်းဘူးနဲ့အတူဘာစားစရာတွေထည့်ပေးကြမလဲ?

အခုဆိုရင် နွေဥတုအကုန်မို့ မိုးတွင်းကိုကူးပြီဆိုတဲ့အခါ ကျောင်းဖွင့်ရာသီကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ဒါ့ကြောင့်မေမေတို့အနေနဲ့ သားသားမီးမီးတို့ကို နေ့ခင်းဘက်ကိုအိမ်မှာပဲ ထမင်းဟင်းနဲ့ မုန့်ပဲသွားရည်စာတွေကျွေးနေရင်းကနေ ထမင်းဘူးနဲ့ မုန့်ဘူးထည့်ပေးရတော့မှာဖြစ်တဲ့အတွက် သားသားမီးမီးတို့အတွက် သင့်တော်ရာ နေ့ခင်းနေ့လည်သွားရည်စာတွေကိုရွေးချယ်တင်ပြပေးလိုက်ရပါတယ်။

ထမင်းဘူးဘေးက မုန့်ဘူးလေး ဘာတွေရွေးပြီးထည့်ကြမလဲ?

လတ်ဆတ်သောအသီးအနှံများ

ရာသီအလိုက် စတော်ဘယ်ရီ၊ လိမ္မော်သီး၊ စပျစ်သီး၊ ငှက်ပျောသီး အစရှိတဲ့ အသီးအနှံလတ်လတ်ဆတ်ဆတ်တွေဟာ ဗီတာမင်များစွာပါဝင်တဲ့အတွက် ကလေးငယ်ကိုကိုယ်ခံအားတက်စေပါတယ်။

မြန်မာ့ရိုးရာမုန့်များ

သန့်ရှင်းစွာပြုလုပ်ထားတဲ့မြန်မာမုန့်တွေဟာ အရသာလဲရှိ အားအင်လည်းဖြစ်စေတာမို့ ကလေးငယ်တွေအတွက်သင့်တော်တဲ့ သွားရည်စာတစ်မျိုးတစ်ဖုံအနေနဲ့ ထည့်သွင်းထားပါတယ်။

နွားနို့၊ ပဲနို့ နှင့် ဒိန်ချဉ်

နို့နှင့် နို့ထွက်ပစ္စည်းတွေဟာ ကယ်လစီယမ်ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် ကလေးတွေရဲ့အရိုးကိုသန်မာစေပြီး အရပ်ရှည်မှုကိုအားပေးပါတယ်။

ပေါင်မုန့်၊ ဆင်းဒဝစ်၊ နှင့် ဂျုံမှလုပ်သောမုန့်အမျိုးမျိုး

ပေါင်မုန့်ဟာ အာဟာရကြွယ်ဝတဲ့အစားအစာဖြစ်ပြီး ကလေးငယ်အတွက် အားအင်ဖြစ်စေတာကြောင့် အသားညှပ်၍ဖြစ်စေ၊ ယိုသုတ်၍ဖြစ်စေ၊ သူ့ချည်းဖြစ်စေ ကျွေးနိုင်ပါတယ်။

ရေ

နောက်ဆုံးမပါမဖြစ်ကတော့ ရေဘူးတစ်ဘူးပါပဲ။ ဘယ်လောက်ပဲအစားတွေစားပါစေ ကလေးငယ်အတွက် သောက်စရာရေတစ်ဘူး
ပါရပါမယ်။ခန္ဓာကိုယ်နှအဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်ဖယ်ရှားဖို့ဖြစ်စေ၊ လန်းဆန်းတက်ကြွဖို့အတွက်ပဲဖြစ်စေတစ်နေ့တာ
သောက်သုံးရမယ့်ရေပမာဏကို ဝဝလင်လင်သောက်သုံးဖို့လိုအပ်ပါတယ်။

ဒါဆိုရင် ဘာတွေမကျွေးသင့်ဘူးလဲ?

အချိုရည်ဗူးများ

အထူးသဖြင့် ခွန်အားဖြည့်အချိုရည်များ၊ အဆီအနှစ်ဖြင့်ဖျော်သောအချိုရည်များဟာ သကြားလွန်ကဲစွာပါဝင်ခြင်း၊ ကလေးများနှင့်မသင့်တော်သောဓာတ်များပါဝင်ခြင်းတို့ကြောင့် ရှောင်ကျဉ်သင့်ပါတယ်။

အချိုခဲ၊ အချိုတောင့်၊ သကြားလုံး၊ ချောကလက်

ဒီစားစရာတွေဟာ အချိုပါဝင်မှုများပြီး ကလေးကိုသွားပိုးစားစေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

စပျစ်သီးခြောက်၊ ဇီးထုပ်၊ အချဉ်ပြားများ

ကြာရှည်အထားခံ ဓာတုပစ္စည်းများဖြင့် စီမံထားတဲ့အစားအစာများကို ကလေးများနးမစားသုံးမိအောင် ဂရုစိုက်သင့်ပါတယ်။

အမှည့်လွန်အသီးအနှံများ၊ ဆီများသော အီသောအစားအစာများ၊ အချဉ်ရည်နှင့်တို့စားရသောအစားအစာများ ကိုလည်း မိုးရာသီမှာ ဝမ်းရောဂါဖြစ်လွယ်တဲ့အတွက် ဂရုစိုက်ဆင်ခြင်ပြီး ရှောင်ကျဉ်ကျွေးသင့်ပါတယ်လို့ တင်ပြလိုက်ပါရစေ။

သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်ကြပါစေ။

မေတ္တာဖြင့်
စိုင်းမြတ်သူ

May 31st, 2018|Categories: All Articles,

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…