benefits of yoga
All Articlesနေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ယောဂကျင့်ထုံး (Yoga)ရဲ့ ကောင်းကျိုးအသွယ်သွယ်

1 Mins read

ယောဂကျင့်ထုံး (Yoga)ရဲ့ ကောင်းကျိုးအသွယ်သွယ်

ယခုခေတ်မှာ ကျန်းမာရေးကို လူကြီးလူငယ်မရွေးလိုက်စားလာကြပြီဖြစ်တဲ့အတွက် အားကစားခန်းမ(Fitness Gymnasium)များ နေရာအတော်များများမှာပေါ်လာပြီဖြစ်ပါတယ်။ ထို့အတူပဲ ကျန်းမာရေးဆိုင်ရာ ကုထုံးတစ်ခုဖြစ်တဲ့ ယောဂကျင့်စဉ် (Yoga)လေ့ကျင့်ရေးခန်းမများလည်းရှိလာပါပြီ။ ဒါ့ကြောင့် ယောဂကျင့်ခြင်းရဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ခန္ဓာကိုယ်ကြွက်သားနှင့်အကြောများ ပျော့ပြောင်းလာခြင်း

ယောဂကျင့်ခြင်းအားဖြင့် တစ်နေကုန်အညောင်းမိပြီးတောင့်တင်းနေတဲ့ သင့်ရဲ့ ကြွက်သားတွေပျော့ပြောင်းလာကာ ပင်ပန်းမှုကိုပြေလျော့စေမှာပဲဖြစ်ပါတယ်။

၂. ကိုယ်နေဟန်ကျင့်စဉ်

ယောဂကျင့်စဉ်တွေဟာ ကိုယ်နေဟန်အနေအထားတစ်ခုမှာ ခန္ဓာကိုယ်ကို ကြံ့ကြံ့ခံရပ်တည်နိုင်အောင်လဲအထောက်အကူပြုတဲ့အတွက် ခန္ဓာသန်စွမ်းကြံ့ခိုင်မှုအားကို တက်စေပါတယ်။

၃. ခန္ဓာကိုယ်အချိုးအစားကျနမှု

မိနစ်သုံးဆယ်ခန့်ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး ၁၂၀ကယ်လိုရီမှ ကယ်လိုရီ၂၀၀ အထိကျဆင်းစေနိုင်တာကြောင့် အဆီပိုတွေကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်အချိုးအစားကျနမှုကို ထိန်းညှိပေးပါတယ်။

၄. စိတ်ဖိစီးမှုကင်းဝေးစေခြင်း

ယောဂကျင့်သူတွေဟာ အာရုံကိုစူးစိုက်ထားပြီး လေ့ကျင့်ရတဲ့အတွက် စိတ်ကိုပိုမိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

၅. သင့်နှလုံးကျန်းမာရေးအတွက်

ယောဂကျင့်ခြင်းဟာ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးခုန်နှုန်းကို ဖြေးဖြေးနဲ့မှန်မှန်ခုန်စေပါတယ်။ ဒါ့ကြောင့် သွေးတိုးနဲ့နှလုံးရောဂါအစပျိုးနေသူများအတွက် လေ့ကျင့်ခန်းလုပ်ရင်း ရောဂါကာကွယ်နိုင်မယ့်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…