ကလေးကို သန်ချပေးဖို့ လိုနေပြီလား?
မေမေတို့သိထားသင့်တဲ့ ရင်သွေးအတွက် ကျန်းမာရေးကိစ္စတစ်ခုကတော့ သန်ချခြင်းဖြစ်ပါတယ်။ ကလေးမှာ သန်ကောင်တွေ ရှိနေခြင်းဟာ ကလေးငယ်ကို အာဟာရချို့တဲ့စေပါတယ်။ သန်ချခြင်းအားဖြင့် ကိုယ်ခန္ဓာကလိုအပ်တဲ့အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝစုပ်ယူနိုင်ဖို့ ကလေးငယ်ကိုကျန်းမာစေပါတယ်။
*သန်ရှိနေရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြနိုင်သလဲ?
သေးငယ်တဲ့သန်ကောင်ပဲဖြစ်ပါစေ သန်ကောင်မှန်ရင် ကလေးငယ်ကို နာကျင်စေ ဖျားနာစေပါတယ်။ သန်ရှိနေတဲ့ကလေးဟာ အာဟာရချို့တဲ့နိုင်မှု (malnutrition) ဖြစ်နိုင်ချေအလွန်များပါတယ်။
ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေကတော့
- မောပန်းလွယ်ခြင်း၊ နုံးခွေခြင်း
- ဗိုက်နာခြင်း၊ဗိုက်တင်းတောင့်နေခြင်း
- ဗိုက်ထဲတွင် မအီမသာဖြစ်ခြင်း
- မကြာခဏဖျားနာတတ်ခြင်း
- စအိုတစ်ဝိုက်ယားယံခြင်း
- ဝမ်းထဲတွင် သန်ကောင်များပါလာခြင်း
- ဝမ်းပျက်ခြင်း
- အင်ပျဉ်ထခြင်း
- အလေးချိန်ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း
- သန်ကောင်များကြောင့် အာဟာရစုပ်ယူမှုမရှိဘဲ အာဟာရချို့တဲ့ပြီး ဗိုက်ပူနံကားကလေးငယ်များဖြစ်လာခြင်း စသည်တို့ပဲဖြစ်ပါတယ်။
*သန်ရောဂါမှာ နောက်ဆက်တွဲဆိုးကျိုးတွေရှိလား?
ရှိပါတယ်။ ခန္ဓာကိုယ်တွင်းမှာ သွေးထွက်သွေးယိုပြီး သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။ အူယောင်ပြီး အူပိတ်နိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ သည်းခြေပြွန်ပိတ်ဆို့ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ်။ သရက်ရွက်ရောင်နိုင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းနိုင်ပါတယ်။ ကလေးက ဝမလာဘဲ ကိုယ်အလေးချိန်မဖွံ့ဖြိုးတော့ပါဘူး။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း မစုပ်ယူနိုင် အသုံးမချနိုင်တော့ပါဘူး။
*ဘယ်လိုကုသကြမလဲ?
သန်ကောင်ရှိတယ်လို့ ထင်ရင်၊ အထက်ပါရောဂါလက္ခဏာတွေ ကလေးမှာရှိနေရင် ဆရာဝန်ကို ပြသင့်ပါတယ်။ ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း အချိန်တိတိကျကျနဲ့ဘသန်ချဆေးတိုက်သင့်ပါတယ်။
*ဘယ်လိုကာကွယ်ကြမလဲ
WHO ရဲ့ ညွှန်ကြားချက်ကတော့ Albendazole 400mg သို့မဟုတ် Mebendazole 500mg ကို သန်ရောဂါဖြစ်ပွားတဲ့ဒေသတွေမှာ အသက် ၁၂လမှ ၂၃လထိကလေးများ၊ မူကြိုအရွယ် တစ်နှစ်မှ လေးနှစ်အထိ ကလေးများ၊ မူလတန်းအရွယ် ငါးနှစ်မှ ဆယ့်နှစ်နှစ်ထိကလေးများကို တိုက်သင့်ပါတယ်။ သန်ကောင်ရောဂါဖြစ်မှုနှုန်းနဲ့ ကူးစက်နှုန်းကို လျှော့ချချင်လို့ဖြစ်ပါတယ်။
လူတိုင်းဟာ ခြောက်လတစ်ကြိမ် သန်ချသင့်ပါတယ်။
- တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ခြင်း
- လက်သည်း၊ ခြေသည်း အရှည်မထားခြင်း
- ကလေးရဲ့ လက်စုပ်တဲ့အကျင့်၊ လက်သည်းကိုက်တဲ့အကျင့်ကို ပြုပြင်ခြင်း
- ယင်လုံအိမ်သာသုံးခြင်း
- အိမ်သာမှအထွက်လက်ဆေးခြင်း၊ အစားအသောက်များကို မကိုင်တွယ်ခင်၊ အစားမစားမီ လက်ကိုသေချာသန့်စင်ဆေးကြောခြင်း
- ယင်နားစာရှောင်ကြဉ်ခြင်း စတဲ့အချက်တွေကိုလည်း ဂရုပြုကျင့်သုံးပေးရမှာဖြစ်ပါတယ်။
*ကလေးကို သန်ချဆေးတိုက်ရင် ဆေးရဲ့ဘေးထွက်ဆိုးကျိုးရော ရှိနိုင်သလား?
သန်ချဆေးရဲ့ ဘေးထွက်ဆိုးကျိုးဟာ အလွန်နည်းပါးပါတယ်။ ကလေးအချို့မှာပဲ ဝမ်းဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အနီစက်ထခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ကို သန်ချတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တာဖြစ်ပါတယ်။
သန်ချခြင်းဟာ ငွေကုန်ကြေးကျလည်းမများပါဘူး။ ဒါပေမယ့် သန်မချဘဲ သန်ရောဂါရှိရင် ကလေးရဲ့ ကျန်းမာရေးနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ များလှပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ ကျန်းမာရေးကို ဂရုတစိုက်စောင့်ကြည့်ပြီး သန်ချပေးဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ကေလးကို သန္ခ်ေပးဖို႔ လိုေနၿပီလား?
ေမေမတို႔သိထားသင့္တဲ့ ရင္ေသြးအတြက္ က်န္းမာေ႐းကိစၥတစ္ခုကေတာ့ သန္ခ်ျခင္းျဖစ္ပါတယ္။ ကေလးမွာ သန္ေကာင္ေတြ ရွိေနျခင္းဟာ ကေလးငယ္ကို အာဟာရခ်ိဳ႕တဲ့ေစပါတယ္။ သန္ခ်ျခင္းအားျဖင့္ ကိုယ္ခႏၶာကလိုအပ္တဲ့အာဟာရဓာတ္ေတြကို ျပည့္ျပည့္ဝဝစုပ္ယူႏိုင္ဖို႔ ကေလးငယ္ကိုက်န္းမာေစပါတယ္။
*သန္ရွိေနရင္ ဘယ္လိုေရာဂါလကၡဏာေတြ ျပႏိုင္သလဲ?
ေသးငယ္တဲ့သန္ေကာင္ပဲျဖစ္ပါေစ သန္ေကာင္မွန္ရင္ ကေလးငယ္ကို နာက်င္ေစ ဖ်ားနာေစပါတယ္။ သန္ရွိေနတဲ့ကေလးဟာ အာဟာရခ်ိဳ႕တဲ့ႏိုင္မႈ (malnutrition) ျဖစ္ႏိုင္ေခ်အလြန္မ်ားပါတယ္။
ျဖစ္တတ္တဲ့ေရာဂါလကၡဏာေတြကေတာ့
- ေမာပန္းလြယ္ျခင္း၊ နံုးေခြျခင္း
- ဗိုက္နာျခင္း၊ဗိုက္တင္းေတာင့္ေနျခင္း
- ဗိုက္ထဲတြင္ မအီမသာျဖစ္ျခင္း
- မၾကာခဏဖ်ားနာတတ္ျခင္း
- စအိုတစ္ဝိုက္ယားယံျခင္း
- ဝမ္းထဲတြင္ သန္ေကာင္မ်ားပါလာျခင္း
- ဝမ္းပ်က္ျခင္း
- အင္ပ်ဥ္ထျခင္း
- အေလးခ်ိန္ဖြံ႕ၿဖိဳးတိုးတက္မႈမရွိျခင္း
- သန္ေကာင္မ်ားေၾကာင့္ အာဟာရစုပ္ယူမႈမရွိဘဲ အာဟာရခ်ိဳ႕တဲ့ၿပီး ဗိုက္ပူနံကားကေလးငယ္မ်ားျဖစ္လာျခင္း စသည္တို႔ပဲျဖစ္ပါတယ္။
*သန္ေရာဂါမွာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြရွိလား?
ရွိပါတယ္။ ခႏၶာကိုယ္တြင္းမွာ ေသြးထြက္ေသြးယိုၿပီး သံဓာတ္ခ်ိဳ႕တဲ့ေသာ ေသြးအားနည္းေရာဂါျဖစ္လာႏိုင္ပါတယ္။ အူေယာင္ၿပီး အူပိတ္ႏိုင္ပါတယ္။
ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ႏိုင္ပါတယ္။ သည္းေျခႁပြန္ပိတ္ဆို႔ေရာင္ရမ္းျခင္းျဖစ္ႏိုင္ပါတယ္။ သရက္ရြက္ေရာင္ႏိုင္ပါတယ္။ ဦးေႏွာက္ဖြ႕ံၿဖိဳးမႈအားနည္းႏိုင္ပါတယ္။ ကေလးက ဝမလာဘဲ ကိုယ္အေလးခ်ိန္မဖြံ႕ၿဖိဳးေတာ့ပါဘူး။ ကေလးငယ္ရဲ႕ ခႏၶာကိုယ္က လိုအပ္တဲ့ အာဟာရဓာတ္ေတြကိုလည္း မစုပ္ယူႏိုင္ အသံုးမခ်ႏိုင္ေတာ့ပါဘူး။
*ဘယ္လိုကုသၾကမလဲ?
သန္ေကာင္ရွိတယ္လို႔ ထင္ရင္၊ အထက္ပါေရာဂါလကၡဏာေတြ ကေလးမွာရွိေနရင္ ဆရာဝန္ကို ျပသင့္ပါတယ္။ ဆရာဝန္ရဲ႕ၫႊန္ၾကားခ်က္အတိုင္း အခ်ိန္တိတိက်က်နဲ႔ဘသန္ခ်ေဆးတိုက္သင့္ပါတယ္။
*ဘယ္လိုကာကြယ္ၾကမလဲ
WHO ရဲ႕ ၫႊန္ၾကားခ်က္ကေတာ့ Albendazole 400mg သို႔မဟုတ္ Mebendazole 500mg ကို သန္ေရာဂါျဖစ္ပြားတဲ့ေဒသေတြမွာ အသက္ ၁၂လမွ ၂၃လထိကေလးမ်ား၊ မူႀကိဳအရြယ္ တစ္ႏွစ္မွ ေလးႏွစ္အထိ ကေလးမ်ား၊ မူလတန္းအရြယ္ ငါးႏွစ္မွ ဆယ့္ႏွစ္ႏွစ္ထိကေလးမ်ားကို တိုက္သင့္ပါတယ္။ သန္ေကာင္ေရာဂါျဖစ္မႈႏႈန္းနဲ႔ ကူးစက္ႏႈန္းကို ေလွ်ာ့ခ်ခ်င္လို႔ျဖစ္ပါတယ္။
လူတိုင္းဟာ ေျခာက္လတစ္ႀကိမ္ သန္ခ်သင့္ပါတယ္။
- တစ္ကိုယ္ရည္သန္႔ရွင္းေရးဂ႐ုစိုက္ျခင္း
- လက္သည္း၊ ေျခသည္း အရွည္မထားျခင္း
- ကေလးရဲ႕ လက္စုပ္တဲ့အက်င့္၊ လက္သည္းကိုက္တဲ့အက်င့္ကို ျပဳျပင္ျခင္း
- ယင္လံုအိမ္သာသံုးျခင္း
- အိမ္သာမွအထြက္လက္ေဆးျခင္း၊ အစားအေသာက္မ်ားကို မကိုင္တြယ္ခင္၊ အစားမစားမီ လက္ကိုေသခ်ာသန္႔စင္ေဆးေၾကာျခင္း
- ယင္နားစာေရွာင္ၾကဥ္ျခင္း စတဲ့အခ်က္ေတြကိုလည္း ဂ႐ုျပဳက်င့္သံုးေပးရမွာျဖစ္ပါတယ္။
*ကေလးကို သန္ခ်ေဆးတိုက္ရင္ ေဆးရဲ႕ေဘးထြက္ဆိုးက်ိဳးေရာ ရွိႏိုင္သလား?
သန္ခ်ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးဟာ အလြန္နည္းပါးပါတယ္။ ကေလးအခ်ိဳ႕မွာပဲ ဝမ္းဗိုက္နာျခင္း၊ မအီမသာျဖစ္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အနီစက္ထျခင္း စတဲ့ ေဘးထြက္ဆိုးက်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကေလးငယ္ကို သန္ခ်ေတာ့မယ္ဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာေဆာင္ရြက္သင့္တာျဖစ္ပါတယ္။
သန္ခ်ျခင္းဟာ ေငြကုန္ေၾကးက်လည္းမမ်ားပါဘူး။ ဒါေပမယ့္ သန္မခ်ဘဲ သန္ေရာဂါရွိရင္ ကေလးရဲ႕ က်န္းမာေရးနဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကေတာ့ မ်ားလွပါတယ္။ ဒါေၾကာင့္ ကေလးငယ္ရဲ႕ က်န္းမာေရးကို ဂ႐ုတစိုက္ေစာင့္ၾကည့္ၿပီး သန္ခ်ေပးဖို႔လိုအပ္တယ္ဆိုတဲ့အေၾကာင္း ေရးသားလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)