အခုဒီစာကို ဖတ်နေချိန်မှာ သင်ဟာ ကံကောင်းခြင်းလက်ဆောင် ကိုရရှိထားတယ်ဆိုတာကို သိထားပေးပါ။

အခုအချိန် မှာသင်ကဒီစာကို ရှင်းရှင်းလင်းလင်း ဖတ်လို့ရနေပေမယ့် ကမ္ဘာကြီးပေါ်က လူတချို့တွေမှာ အဲ့လိုဖတ်ဖို့ အခွင့်အရေး မရကြပါဘူး။

ကျွန်မမှာ ငယ်စဉ်ဘဝထဲက လက်ဆောင်ရထားတဲ့ Myopia ဆိုတဲ့ အဝေးမှုန်ခြင်း အမြင်ပြဿနာနဲ့  နေသားကျခဲ့ရပါတယ်။ အချိန်ပြည့်မျက်မှန် တပ်ထားရခြင်းဟာ မျက်မှန်တပ်ဖို့ မေ့ခဲ့တဲ့ အချိန်မှာ အဆင်ပြေမှု တစ်ခုမဟုတ်ခဲ့တာ ပိုမိုသိသာလာရပါတယ်။ကမ္ဘာကြီးဟာ ကို့အတွက်တော့ မှုန်ဝါးဝါး ဖြစ်နေပြီး နည်းနည်းလှမ်းတဲ့ အရာတွေကို လှမ်းပြီးကြည့်မည်ဆိုလျှင်တောင် မျက်ဝန်းလေးကို အားစိုက်ပြီးကြည့်ရတဲ့အခိုက်အတန့် တွေဟာ အဝေးမှုန်ခြင်းရဲ့ အကျိုးဆက်တွေပေါ့…

☕ ကော်ဖီပူပူကို မျက်မှန် မချွတ်ပဲ သောက်ချင်တယ်။
🙋‍♀️ သူငယ်ချင်း တွေနဲ့ဆုံရင် ကိုယ်ကအရင် ခေါ်ချင်တယ်။
🚍 Air-Con (အခန်း(သို့) ကား) ကနေအပြင်ထွက်ရင် ရေငွေ့ရိုက်လို့ ဘာမှမမြင်ရတဲ့ အဖြစ်တွေကနေ လွတ်ကင်းချင်တယ်။

လမ်းမှာသွားရင်း ခင်မင်လို့ လှမ်းပြီးနှုတ်ဆက်တက်တဲ့ မိတ်ဆွေတွေရဲ့  “ခေါ်တာတောင် ချေတယ်နော်! အပြန်အလှန်လေးတောင် မနှုတ်ဆက်ဘူး”  ဆိုတဲ့ မှတ်ချက်တွေအောက်မှာ
“မျက်မှန်မပါရင် တကယ်ကို မမြင်ရလို့ ပါ။ မြင်တာတောင် နှုတ်မဆက်တာမဟုတ်ရပါဘူး” လို့ အဖြစ်မှန်ကိုရှင်းပြရင်း တောင်းပန်ခဲ့ရတာပါ။

ဒီလိုမျိုး မျက်မှန်မဖြစ်မနေ တပ်ရမယ့် အဖြစ်အနေနဲ့မဟုတ်ပဲ သူများတွေလိုမျိုး တန်းတူ မြင်နိုင်သူဖြစ်ဖို့ အချိန်တွေသာ နောက်ပြန်သွားပြီး ပြောင်းလဲလိုက်ချင်ပါတော့တယ်။
ဒါ့ကြောင့် သူငယ်ချင်းတို့လည်း ခန္ဓာကိုယ်ရဲ့ အနူးညံ့ဆုံး အစိတ်အပိုင်း ဖြစ်တဲ့ မျက်လုံးကို ကျန်းမာနေအောင် အမြဲဂရုစိုက်ဖို့ သတိမမေ့နဲ့နော်…

ဒီနေ့မှာ ကျရောက်တဲ့ World Sight Day မှာမျက်လုံးကို ဘယ်လို အမြဲဂရုစိုက်ရမည့် အချက်လေးတွေကိုလည်း ပြန်လည်မျှဝေပေးထားလို့ သူငယ်ချင်း အပေါင်းအဖော်တွေကိုလည်း ပြန်လည်မျှဝေဖို့ မမေ့နဲ့နော်…

မေတ္တာဖြင့်
myDoctor

Take care of your eyes! 👀Don’t make yourself regret🤧
#WorldSightDay2021#myDoctor#EyeHealthCare

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…