အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်သင့်ပါသလား?

လေ့ကျင့်ခန်း( Work Out) လုပ်တဲ့အခါ အယူအဆ ၂မျိုးရှိပါတယ်။တစ်ချို့က အစား စားပြီးမှ လုပ်သင့်တယ်။ တချို့ကလည်း အစား မစားခင်လုပ်မှသာ
ကိုယ်ခန္ဓာလှုပ်ရှားမှုပိုကောင်းတယ် လို့ဆိုကြပြန်ပါတယ်။ ဒီမေးခွန်းဟာတော်တော်ငြင်းခုန် လေ့ရှိကြတဲ့မေးခွန်းတစ်ခုပါ။အဖြေကဘာလဲဆိုတာ တူတူကြည့်ကြစို့လား။အစားမစားဘဲ အစာအိမ်ဗလာနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ

၁) ကိုယ်တွင်းသုံးစွဲစရာစွမ်းအင်မရှိတာမို့သိုလှောင်စွမ်းအင်တွေကိုအသုံးပြုရပါတယ်။ဒီသိုလောင်စွမ်းအင်တွေကို အဓိကအားဖြင့်ကြွက်သားတွေ၊အဆီတွေကရပါတယ်။ အဆီ အတန်အသင့် လောင်ကျွမ်း ဆုံးရှုံးနိုင်တယ်ဆိုပေမယ့်ကြွက်သားတွေပါ ဆုံးရှုံးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မနက်စောစော ဘာမှမစားဘဲလေ့ကျင့်ခန်းလုပ်တာမျိုးတော့မလုပ်သင့်ပါဘူး။

၂)အစားမစားထားတဲ့အခါ စွမ်းအင်ပမာဏနည်းနေလို့ သက်လုံမကောင်းဘဲ လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကျဆင်းပါတယ်။ ပုံမှန် အစားစားပြီးလုပ်ရင် ၁နာရီလောက် လုပ်နိုင်မယ့်အစားနာရီဝက်လောက်ပဲ လုပ်နိုင်တာမျိုးဖြစ်တတ်ပတယ်။ နည်းနည်းလေး လုပ်ပြီး မောလာတာ၊ချွေးစေးပြန်လာတာ၊ မူးလာတာမျိုးဖြစ်တတ်ပါတယ်။
၃) ဒါ့အပြင် ဇီဝလောင်ကျွမ်းခြင်းဖြစ်စဉ်နှေးကွေးစေတာမို့ ကိုယ်အလေးချိန်ကျလိုသူများအတွက်အဟန့်အတားဖြစ်စေပါတယ်။ Metabolism လွယ်လွယ်ပြောရရင် အဆီလောင်ကျွမ်းတဲ့ ဖြစ်စဉ်ဖြစ်ဖို့စွမ်းအင်အဖြစ် အစားအစာလိုအပ်ပါတယ်။အစာမရှိတဲ့အခါ အဆီလောင်ကျွမ်းတာ နှေးလာတတ်ပါတယ်။

၄) လေ့ကျင့်ခန်းမလုပ်ခင် အစားမစားထားတာမို့ လေ့ကျင့်ခန်းလုပ်ပြီးချိန် post workoutမှာပိုမို ဆာလောင်စေပြီး လိုအပ်တာထက်ပိုစားမိတတ်လို့ ဝိတ်ချလိုသူတွေအတွက် အကျိုးနည်းသွားစေပါတယ်။

၅) နောက်ဆုံးအနေနဲ့ကတော့ စိတ်တက်ကြွခြင်းမရှိဘဲ စိတ်တိုလွယ်နေမှာဖြစ်ပါတယ်။လေ့ကျင့်ခန်းလုပ်သူတော်တော်များများဟာ လုပ်ပြီးချိန်မှာ တက်ကြွလန်းဆန်းတာမျိုးလိုချင်ကြတာမို့ဒီအချက်ကလည်း သတိပြုသင့်ပါတယ်။

ဒါဆို အဖြေကိုလည်း သိလောက်ပြီမို့ နောက်တခါ လေ့ကျင့်ခန်းလုပ်မယ်ဆို ဗိုက်ဟောင်းလောင်းမသွားကြဖို့အကြံပြုလိုပါတယ်။

မယ်တင်( ဆေး ၁)

အစာမရွိဘဲ ေလ့က်င့္ခန္းလုပ္သင့္ပါသလား?

ေလ့က်င့္ခန္း( Work Out) လုပ္တဲ့အခါ အယူအဆ ၂မ်ိဳးရွိပါတယ္။တစ္ခ်ိဳ႕က အစား စားၿပီးမွ လုပ္သင့္တယ္။ တခ်ိဳ႕ကလည္း အစား မစားခင္လုပ္မွသာ
ကိုယ္ခႏၶာလႈပ္ရွားမႈပိုေကာင္းတယ္ လို႔ဆိုၾကျပန္ပါတယ္။ ဒီေမးခြန္းဟာေတာ္ေတာ္ျငင္းခုန္ ေလ့ရွိၾကတဲ့ေမးခြန္းတစ္ခုပါ။အေျဖကဘာလဲဆိုတာ တူတူၾကည့္ၾကစို႔လား။အစားမစားဘဲ အစာအိမ္ဗလာနဲ႔ ေလ့က်င့္ခန္းလုပ္တဲ့အခါ

၁) ကိုယ္တြင္းသံုးစြဲစရာစြမ္းအင္မရွိတာမို႔သိုေလွာင္စြမ္းအင္ေတြကိုအသံုးျပဳရပါတယ္။ဒီသိုေလာင္စြမ္းအင္ေတြကို အဓိကအားျဖင့္ႂကြက္သားေတြ၊အဆီေတြကရပါတယ္။ အဆီ အတန္အသင့္ ေလာင္ကၽြမ္း ဆံုးရႈံးႏိုင္တယ္ဆိုေပမယ့္ႂကြက္သားေတြပါ ဆံုးရႈံးတာမ်ိဳးျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ မနက္ေစာေစာ ဘာမွမစားဘဲေလ့က်င့္ခန္းလုပ္တာမ်ိဳးေတာ့မလုပ္သင့္ပါဘူး။

၂)အစားမစားထားတဲ့အခါ စြမ္းအင္ပမာဏနည္းေနလို႔ သက္လံုမေကာင္းဘဲ ေလ့က်င့္ခန္းလုပ္ႏိုင္စြမ္းက်ဆင္းပါတယ္။ ပံုမွန္ အစားစားၿပီးလုပ္ရင္ ၁နာရီေလာက္ လုပ္ႏိုင္မယ့္အစားနာရီဝက္ေလာက္ပဲ လုပ္ႏိုင္တာမ်ိဳးျဖစ္တတ္ပတယ္။ နည္းနည္းေလး လုပ္ၿပီး ေမာလာတာ၊ေခၽြးေစးျပန္လာတာ၊ မူးလာတာမ်ိဳးျဖစ္တတ္ပါတယ္။
၃) ဒါ့အျပင္ ဇီဝေလာင္ကၽြမ္းျခင္းျဖစ္စဥ္ေႏွးေကြးေစတာမို႔ ကိုယ္အေလးခ်ိန္က်လိုသူမ်ားအတြက္အဟန္႔အတားျဖစ္ေစပါတယ္။ Metabolism လြယ္လြယ္ေျပာရရင္ အဆီေလာင္ကၽြမ္းတဲ့ ျဖစ္စဥ္ျဖစ္ဖို႔စြမ္းအင္အျဖစ္ အစားအစာလိုအပ္ပါတယ္။အစာမရွိတဲ့အခါ အဆီေလာင္ကၽြမ္းတာ ေႏွးလာတတ္ပါတယ္။

၄) ေလ့က်င့္ခန္းမလုပ္ခင္ အစားမစားထားတာမို႔ ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္ post workoutမွာပိုမို ဆာေလာင္ေစၿပီး လိုအပ္တာထက္ပိုစားမိတတ္လို႔ ဝိတ္ခ်လိုသူေတြအတြက္ အက်ိဳးနည္းသြားေစပါတယ္။

၅) ေနာက္ဆံုးအေနနဲ႔ကေတာ့ စိတ္တက္ႂကြျခင္းမရွိဘဲ စိတ္တိုလြယ္ေနမွာျဖစ္ပါတယ္။ေလ့က်င့္ခန္းလုပ္သူေတာ္ေတာ္မ်ားမ်ားဟာ လုပ္ၿပီးခ်ိန္မွာ တက္ႀကြလန္းဆန္းတာမ်ိဳးလိုခ်င္ၾကတာမို႔ဒီအခ်က္ကလည္း သတိျပဳသင့္ပါတယ္။

ဒါဆို အေျဖကိုလည္း သိေလာက္ၿပီမို႔ ေနာက္တခါ ေလ့က်င့္ခန္းလုပ္မယ္ဆို ဗိုက္ေဟာင္းေလာင္းမသြားၾကဖို႔အၾကံျပဳလိုပါတယ္။

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *