ပျိုမေတို့မမေးရဲတဲ့ ပျိုမေတို့အကြောင်း (၂)
‘ အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေ နေ့စဉ်သုံးဖို့လိုအပ်ရဲ့လား?’
သန့်ရှင်းကျန်းမာချင်တဲ့ ပျိုမေတို့ရေ…
ပျိုမေတို့ရဲ့ ရေချိုးခန်းထဲမှာ အမျိုးသမီးသန့်စင်သုံးဆေးရည်တွေရှိနှင့်နေပြီလား?
ဒီဆောင်းပါးလေး အဆုံးထိဖတ်ပြီး အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေ နေ့စဉ်သုံးသင့်/မသုံးသင့် ပြန်လည်သုံးသပ်ကြည့်ပါဦးနော်!
ပထမဦးစွာရှင်းပြလိုတာကတော့ ပျိုမေတို့ရဲ့မိန်းမကိုယ်ဟာ ပုံမှန်အားဖြင့် အက်ဆစ်ဓာတ်(ph 4.5)ရှိပြီး Lactobacilli(လက်တို ဘက်ဆဲလိုင်)လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေလည်း သဘာဝအလျောက်ရှိနေပါတယ်။ဒါကြောင့် ပြင်ပဘက်တီးရီးယားနဲ့ပိုးမွှားများဟာ မိန်းကိုယ်ထဲ အလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိပါဘူး။မိန်းမကိုယ် အမြဲတစေကိုသန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းဖို့ဆိုရင်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးအလေးထားပြီး…နေ့စဉ် မိန်းမကိုယ်ကို ရေနဲ့ အနံ့မပါတဲ့ဆပ်ပြာနဲ့ သန့်စင်စွာပုံမှန်ဆေးကြောဖို့ပဲဖြစ်ပါတယ်။
သန့်စင်ဆေးရည်တွေနေ့စဉ်သုံးတဲ့အခါ ပျိုမေတို့အနေနဲ့ မိန်းမကိုယ်အတွင်းထဲထိ သေချာဆေးလိုက်ရလို့ သန့်ရှင်းစင်ကြယ်သွားမယ်လို့ တွေးကောင်းတွေးပါလိမ့်မယ်။လက်တွေ့မှာတော့ ဒီဆေးရည်တွေကြောင့် ပုံမှန်အကောင်းတိုင်းရှိနေတဲ့ မိန်းမကိုယ်တွင်းက အက်ဆစ်ဓာတ်တွေပျက်ပြားလျော့နည်းသွားပြီး ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားလေးတွေ သေသွားစေနိုင်ပါတယ်။ထိုအခါ မိန်းမကိုယ်ရဲ့ ခုခံစွမ်းအားကျဆင်းလာပြီး ပြင်ပပိုးမွှား ဘက်တီးရီးယားများကို ဖိတ်ခေါ်သလိုဖြစ်ပါလိမ့်မယ်။ဒါကြောင့် ပုံမှန်ဘာပြသနာမှမရှိတဲ့ ပျိုမေတို့အနေနဲ့ ဒီလိုဆေးရည်တွေကို နေ့စဉ်သုံးဖို့မလိုအပ်ပါဘူးနော်။
နောက်ထပ်အရေးတကြီးပြောချင်တာလေးကတော့…
ရာသီစက်ဝန်းလှည့်ပတ်ချိန်ပေါ်မူတည်ပြီး သားအိမ်ခေါင်းမှ ထုတ်ပေးတဲ့ အချွဲရည်ကြည်လေးတွေဟာလည်း သဘာဝပြဲဖစ်တာမို့ ဒီလိုအရည်ကြည်လေးတွေတစ်ခါတရံဆင်းတဲ့အခါ အရမ်းစိတ်မပူဖို့ အားပေးပါရစေ။
သတိထားရမယ့်အချက်လေးတွေကတော့
အချွဲရည်လေးတွေက အကြည်ရောင်မဟုတ်ဘဲ အခြားအရောင်ပြောင်းသွားတဲ့အခါ၊ အနံဆိုးဆိုးတွေနံလာတဲ့အခါ၊ မိန်းမကိုယ်တွေယားယံလာ ယောင်လာတဲ့အခါမျိုးမှာတော့ ပိုးဝင်ခြင်းရဲ့လက္ခဏာတွေဖြစ်လို့ ဆရာဝန်နဲ့ပြသင့်ပါတယ်နော်။အကယ်၍ ဆရာဝန်က လိုအပ်တဲ့မေးမြန်းစမ်းသပ်စစ်ဆေးမှုနဲ့ ဆေးဝါးကုသမှုပေးအပြီး…ဒီလိုသန့်စင်ဆေးရည်လေးတွေ သုံးဖို့လိုကြောင်းအကြံပေးခဲ့သည်ရှိသော် ဆရာဝန်ညွှန်ကြားတဲ့ အချိန်အတိုင်းအတာတစ်ခုထိသာ သုံးစွဲဖို့နဲ့ မိမိသဘောနဲ့မိမိ ရေရှည်သုံးစွဲဖို့ မသင့်ကြောင်း
အကြံပေးလိုက်ရပါတယ် ပျိုမေတို့ရေ….
မေ (ဆေး ၂)
ပ်ိဳေမတို႔မေမးရဲတဲ့ ပ်ိဳေမတို႔အေၾကာင္း (၂)
' အမ်ိဳးသမီးသံုးသန္႔စင္ေဆးရည္ေတြ ေန႔စဥ္သံုးဖို႔လိုအပ္ရဲ႕လား?'
သန္႔႐ွင္းက်န္းမာခ်င္တဲ့ ပ်ိဳေမတို႔ေရ...
ပ်ိဳေမတို႔ရဲ႕ ေရခ်ိဳးခန္းထဲမွာ အမ်ိဳးသမီးသန္႔စင္သံုးေဆးရည္ေတြ႐ွိႏွင့္ေနၿပီလား?
ဒီေဆာင္းပါးေလး အဆံုးထိဖတ္ၿပီး အမ်ိဳးသမီးသံုးသန္႔စင္ေဆးရည္ေတြ ေန႔စဥ္သံုးသင့္/မသံုးသင့္ ျပန္လည္သံုးသပ္ၾကည့္ပါဦးေနာ္!
ပထမဦးစြာ႐ွင္းျပလိုတာကေတာ့ ပ်ိဳေမတို႔ရဲ႕မိန္းမကိုယ္ဟာ ပံုမွန္အားျဖင့္ အက္ဆစ္ဓာတ္(ph 4.5)႐ွိၿပီး Lactobacilli(လက္တို ဘက္ဆဲလိုင္)လို႔ေခၚတဲ့ ခႏၶာကိုယ္ကို ေကာင္းက်ိဳးျပဳတဲ့ ဘက္တီးရီးယားေလးေတြလည္း သဘာဝအေလ်ာက္႐ွိေနပါတယ္။ဒါေၾကာင့္ ျပင္ပဘက္တီးရီးယားနဲ႔ပိုးမႊားမ်ားဟာ မိန္းကိုယ္ထဲ အလြယ္တကူဝင္ေရာက္ႏိုင္ျခင္းမ႐ွိပါဘူး။မိန္းမကိုယ္ အျမဲတေစကိုသန္႔႐ွင္းစင္ၾကယ္ေအာင္ ထိန္းသိမ္းဖို႔ဆိုရင္ေတာ့ တစ္ကိုယ္ရည္သန္႔႐ွင္းေရးအေလးထားၿပီး...ေန႔စဥ္ မိန္းမကိုယ္ကို ေရနဲ႔ အနံ႔မပါတဲ့ဆပ္ျပာနဲ႔ သန္႔စင္စြာပံုမွန္ေဆးေၾကာဖို႔ပဲျဖစ္ပါတယ္။
သန္႔စင္ေဆးရည္ေတြေန့စဥ္သံုးတဲ့အခါ ပ်ိဳေမတို့အေနနဲ့ မိန္းမကိုယ္အတြင္းထဲထိ ေသခ်ာေဆးလိုက္ရလို႔ သန္႔႐ွင္းစင္ၾကယ္သြားမယ္လို႔ ေတြးေကာင္းေတြးပါလိမ့္မယ္။လက္ေတြ႔မွာေတာ့ ဒီေဆးရည္ေတြေၾကာင့္ ပံုမွန္အေကာင္းတိုင္း႐ွိေနတဲ့ မိန္းမကိုယ္တြင္းက အက္ဆစ္ဓာတ္ေတြပ်က္ျပားေလ်ာ့နည္းသြားၿပီး ခႏၶာကိုယ္အက်ိဳးျပဳဘက္တီးရီးယားေလးေတြ ေသသြားေစႏိုင္ပါတယ္။ထိုအခါ မိန္းမကိုယ္ရဲ႕ ခုခံစြမ္းအားက်ဆင္းလာၿပီး ျပင္ပပိုးမႊား ဘက္တီးရီးယားမ်ားကို ဖိတ္ေခၚသလိုျဖစ္ပါလိမ့္မယ္။ဒါေၾကာင့္ ပံုမွန္ဘာျပသနာမွမ႐ွိတဲ့ ပ်ိဳေမတို႔အေနနဲ႔ ဒီလိုေဆးရည္ေတြကို ေန႔စဥ္သံုးဖို႔မလိုအပ္ပါဘူးေနာ္။
ေနာက္ထပ္အေရးတျကီးေျပာခ်င္တာေလးကေတာ့...
ရာသီစက္ဝန္းလွည့္ပတ္ခ်ိန္ေပၚမူတည္ၿပီး သားအိမ္ေခါင္းမွ ထုတ္ေပးတဲ့ အခြၽဲရည္ၾကည္ေလးေတြဟာလည္း သဘာဝပျဲဖစ္တာမို႔ ဒီလိုအရည္ၾကည္ေလးေတြတစ္ခါတရံဆင္းတဲ့အခါ အရမ္းစိတ္မပူဖို႔ အားေပးပါရေစ။
သတိထားရမယ့္အခ်က္ေလးေတြကေတာ့
အခြၽဲရည္ေလးေတြက အၾကည္ေရာင္မဟုတ္ဘဲ အျခားအေရာင္ေျပာင္းသြားတဲ့အခါ၊ အနံဆိုးဆိုးေတြနံလာတဲ့အခါ၊ မိန္းမကိုယ္ေတြယားယံလာ ေယာင္လာတဲ့အခါမ်ိဳးမွာေတာ့ ပိုးဝင္ျခင္းရဲ႕လကၡဏာေတြျဖစ္လို႔ ဆရာဝန္နဲ႔ျပသင့္ပါတယ္ေနာ္။အကယ္၍ ဆရာဝန္က လိုအပ္တဲ့ေမးျမန္းစမ္းသပ္စစ္ေဆးမႈနဲ႔ ေဆးဝါးကုသမႈေပးအၿပီး...ဒီလိုသန္႔စင္ေဆးရည္ေလးေတြ သံုးဖို႔လိုေၾကာင္းအၾကံေပးခဲ့သည္႐ွိေသာ္ ဆရာဝန္ၫႊန္ၾကားတဲ့ အခ်ိန္အတိုင္းအတာတစ္ခုထိသာ သံုးစြဲဖို႔နဲ႔ မိမိသေဘာနဲ႔မိမိ ေရ႐ွည္သံုးစြဲဖို႔ မသင့္ေၾကာင္း
အၾကံေပးလိုက္ရပါတယ္ ပ်ိဳေမတို႔ေရ....
ေမ (ေဆး ၂)