ပျိုမေတို့မမေးရဲတဲ့ ပျိုမေတို့အကြောင်း (အပိုင်း (၁) )

ပျိုမေတို့မိန်းကလေးတွေသိချင်တဲ့ အမျိုးသမီးရောဂါပြသနာတွေအများကြီးရှိနေပေမယ့်….မေးမြန်းဖို့ရာ မိန်းကလေးပီပီအရှက်ပိုတာကတစ်ကြောင်း၊ အချို့အကြောင်းအရာတွေက ဖွင့်ဟမေးမြန်းလိုက်ရင် ပျိုမေတို့ကိုတစ်မျိုးတမည် အထင်အမြင်လွဲမှားမှာ စိုးတာကတစ်ကြောင်းမို့ မမေးဖြစ်လိုက်တဲ့ မေးခွန်းများစွာရှိပါတယ်။
ဒါကြောင့် တကူးတက မေးစရာမလိုဘဲ ဗဟုသုတအနေနဲ့သိထားရအောင် ပျိုမေတို့ သိချင်လောက်မယ့်အကြောင်းအရာလေးတွေကို
အပတ်စဉ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ မိန်းမကိုယ်တစ်ဝိုက်က အဆီဖုလေးတွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။တစ်ခါတရံ ရေချိုးဆပ်ပြာတိုက်ရင်းဖြစ်စေ၊ အိမ်သွာသွားပြီး သန့်စင်ဆေးကြောရင်းဖြစ်စေ မိန်းမကိုယ်တစ်ဝိုက်မှာ အဖုသေးသေးလေးတစ်ခု (သို့) သုံးလေးငါးခုလောက် စမ်းမိတာမျိုးရှိတတ်ပါတယ်။နာလားဆိုတော့ မနာ…ယားလားဆိုတော့လည်း မယား..ဒီအတိုင်းအဖုလေးတွေရှိနေတတ်ပါတယ်။

ဒီလိုဆို ပျိုမေတို့တွေ စိတ်ပူမိကြပါပြီ…ဘာအဖုလဲ? ကင်ဆာအကျိတ်လား…ဘာလား?ပေါ့။

တကယ်ကတော့ စိတ်ပူဖို့ သိပ်မလိုလှတဲ့ အဆီဖုလေးတွေပါ…
အဆီဂလန်းရှိတဲ့ ခန္ဓာကိုယ်မည်သည့်နေရာမှာမဆို ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ခါ ဆီးခုံနဲ့မိန်းမကိုယ်တစ်ဝိုက်က အမွှေးအမျှင်တွေရိတ်ကြတဲ့အခါ အချို့ပြတ်ကျန်ခဲ့တဲ့အမွှေးငုတ်တိုလေးတွေဟာ အပြင်ကို ဆက်လက်မရှည်လာနိုင်ဘဲ အရေပြားထဲပြန်လည်တိုးဝင်ပြီး အမွှေးအိတ်ယောင်တာမျိုးလေးတွေလည်း ဖြစ်နိုင်ပါတယ်။
သတိထားရမှာတစ်ခုက ဒီလိုအဖုလေးတွေကို သွားမညှစ်မိစေဖို့ပါပဲ။ တစ်ကိုယ်ရည်သန့်ရှင်းရေးပုံမှန်ဂရုစိုက်မယ် …ဆိုလိုတာက….အိမ်သာသွားအပြီး ပုံမှန်သန့်စင်ဆေးကြောမယ်၊အတွင်းခံဝတ်တဲ့အခါ သေချာလျှော်ဖွတ်နေလှန်း မီးပူတိုက်ပြီးမှဝတ်မယ်၊ အိမ်သာသွားအပြီး မိန်းမကိုယ်ကို စိုထိုင်းထိုင်းဖြစ်ကျန်မနေစေဖို့ တစ်သျှူးသန်သန့်နဲ့ခြောက်သွေ့အောင်လုပ်မယ်…ဒီလိုဆိုရင် အချိန်တန်ရင် ဒီအဖုလေးတွေဟာ ပျိုမေတို့ကို ဒုက္ခမပေးဘဲ သူ့အလိုလိုပျောက်သွားပါလိမ့်မယ်။ဒီလိုမှမဟုတ်ဘဲ…အဖုလေးတွေကို လက်နဲ့ဖြစ်မယ် ညှစ်မယ်ဆိုရင်တော့ လက်သည်းကတစ်ဆင့် အဖုလေး
တွေပိုးဝင်ပြီး ယောင်ယမ်းခြင်း၊ပြည်တည်ခြင်း၊ နာကျင်ကိုက်ခြဲခင်းများဖြစ်လာနိုင်ပါတယ်။ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်တော့ တစ်ယောက်တည်းကြိတ်ကုမနေဘဲ ဆေးခန်းပြဖို့တိုက်တွန်းပါရစေ။

အမျိုးသားဆရာဝန်နဲ့ပြရမှာ ပျိုမေတို့ရှက်တယ်ဆိုရင် အမျိုးသမီးဆရာဝန်နဲ့ရွေးချယ်ပြသပါ။ကဲ…ဒီလောက်ဆိုရင် စုံသလောက်ရှိပြီမို့ နောက်တစ်ပတ်မှာတော့

ပျိုမေတို့မမေးရဲတဲ့ ပျိုမေတို့သိထားသင့်တဲ့ အခြားအကြောင်းအရာများကို ဆက်လက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

မေ (ဆေး ၂)

ပ်ိဳေမတို႔မေမးရဲတဲ့ ပ်ိဳေမတို႔အေၾကာင္း (အပိုင္း (၁) )

ပ်ိဳေမတို႔မိန္းကေလးေတြသိခ်င္တဲ့ အမ်ိဳးသမီးေရာဂါျပသနာေတြအမ်ားႀကီး႐ွိေနေပမယ့္....ေမးျမန္းဖို့ရာ မိန္းကေလးပီပီအ႐ွက္ပိုတာကတစ္ေၾကာင္း၊ အခ်ိဳ႕အေၾကာင္းအရာေတြက ဖြင့္ဟေမးျမန္းလိုက္ရင္ ပ်ိဳေမတို႔ကိုတစ္မ်ိဳးတမည္ အထင္အျမင္လြဲမွားမွာ စိုးတာကတစ္ေၾကာင္းမို႔ မေမးျဖစ္လိုက္တဲ့ ေမးခြန္းမ်ားစြာ႐ွိပါတယ္။
ဒါေၾကာင့္ တကူးတက ေမးစရာမလိုဘဲ ဗဟုသုတအေနနဲ႔သိထားရေအာင္ ပ်ိဳေမတို႔ သိခ်င္ေလာက္မယ့္အေၾကာင္းအရာေလးေတြကို
အပတ္စဥ္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ဒီတစ္ပတ္မွာေတာ့ မိန္းမကိုယ္တစ္ဝိုက္က အဆီဖုေလးေတြြအေၾကာင္း ေျပာျပေပးသြားမွာျဖစ္ပါတယ္။တစ္ခါတရံ ေရခ်ိဳးဆပ္ျပာတိုက္ရင္းျဖစ္ေစ၊ အိမ္သြာသြားၿပီး သန္႔စင္ေဆးေၾကာရင္းျဖစ္ေစ မိန္းမကိုယ္တစ္ဝိုက္မွာ အဖုေသးေသးေလးတစ္ခု (သို႔) သံုးေလးငါးခုေလာက္ စမ္းမိတာမ်ိဳး႐ွိတတ္ပါတယ္။နာလားဆိုေတာ့ မနာ...ယားလားဆိုေတာ့လည္း မယား..ဒီအတိုင္းအဖုေလးေတြ႐ွိေနတတ္ပါတယ္။

ဒီလိုဆို ပ်ိဳေမတို႔ေတြ စိတ္ပူမိၾကပါၿပီ...ဘာအဖုလဲ? ကင္ဆာအက်ိတ္လား...ဘာလား?ေပါ့။

တကယ္ကေတာ့ စိတ္ပူဖို႔ သိပ္မလိုလွတဲ့ အဆီဖုေလးေတြပါ...
အဆီဂလန္း႐ွိတဲ့ ခႏၶာကိုယ္မည္သည့္ေနရာမွာမဆို ျဖစ္တတ္ပါတယ္။ တစ္ခါတစ္ခါ ဆီးခံုနဲ့မိန္းမကိုယ္တစ္ဝိုက္က အေမႊးအမ်ွင္ေတြရိတ္ၾကတဲ့အခါ အခ်ိဳ႕ျပတ္က်န္ခဲ့တဲ့အေမႊးငုတ္တိုေလးေတြဟာ အျပင္ကို ဆက္လက္မ႐ွည္လာႏိုင္ဘဲ အေရျပားထဲျပန္လည္တိုးဝင္ၿပီး အေမႊးအိတ္ေယာင္တာမ်ိဳးေလးေတြလည္း ျဖစ္ႏိုင္ပါတယ္။
သတိထားရမွာတစ္ခုက ဒီလိုအဖုေလးေတြကို သြားမညႇစ္မိေစဖို႔ပါပဲ။ တစ္ကိုယ္ရည္သန္႔႐ွင္းေရးပံုမွန္ဂ႐ုစိုက္မယ္ ...ဆိုလိုတာက....အိမ္သာသြားအၿပီး ပံုမွန္သန္႔စင္ေဆးေၾကာမယ္၊အတြင္းခံဝတ္တဲ့အခါ ေသခ်ာေလ်ွာ္ဖြတ္ေနလွန္း မီးပူတိုက္ၿပီးမွဝတ္မယ္၊ အိမ္သာသြားအၿပီး မိန္းမကိုယ္ကို စိုထိုင္းထိုင္းျဖစ္က်န္မေနေစဖို႔ တစ္သ်ွဴးသန္သန္႔နဲ႔ေျခာက္ေသြ႔ေအာင္လုပ္မယ္...ဒီလိုဆိုရင္ အခ်ိန္တန္ရင္ ဒီအဖုေလးေတြဟာ ပ်ိဳေမတို႔ကို ဒုကၡမေပးဘဲ သူ႔အလိုလိုေပ်ာက္သြားပါလိမ့္မယ္။ဒီလိုမွမဟုတ္ဘဲ...အဖုေလးေတြကို လက္နဲ႔ျဖစ္မယ္ ညႇစ္မယ္ဆိုရင္ေတာ့ လက္သည္းကတစ္ဆင့္ အဖုေလး
ေတြပိုးဝင္ၿပီး ေယာင္ယမ္းျခင္း၊ျပည္တည္ျခင္း၊ နာက်င္ကိုက္ချဲခင္းမ်ားျဖစ္လာႏိုင္ပါတယ္။ဒီလိုအေျခအေနျဖစ္လာၿပီဆိုရင္ေတာ့ တစ္ေယာက္တည္းႀကိတ္ကုမေနဘဲ ေဆးခန္းျပဖို႔တိုက္တြန္းပါရေစ။

အမ်ိဳးသားဆရာဝန္နဲ႔ျပရမွာ ပ်ိဳေမတို႔႐ွက္တယ္ဆိုရင္ အမ်ိဳးသမီးဆရာဝန္နဲ႔ေရြးခ်ယ္ျပသပါ။ကဲ...ဒီေလာက္ဆိုရင္ စံုသေလာက္႐ွိၿပီမို႔ ေနာက္တစ္ပတ္မွာေတာ့

ပ်ိဳေမတို႔မေမးရဲတဲ့ ပ်ိဳေမတို႔သိထားသင့္တဲ့ အျခားအေၾကာင္းအရာမ်ားကို ဆက္လက္ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

ေမ (ေဆး ၂)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *