အမျိုးသမီးများနှင့်သံဓါတ်

‘သံဓါတ်’

လူတိုင်းနဲ့ရင်းနှီးပြီးသား စကားလုံးလေး။ ဒီနေ့ကတော့ အဲ့သံဓါတ်ဆိုတာရဲ့ အကြောင်းလေးကိုနည်းနည်းလေး ပြန်နွှေးပေးချင်တာ။ ဒီတစ်ခေါက်ကတော့ အမျိုးသမီးတွေအတွက်အဓိကထားပြောချင်တာပေါ့။ သိကြပြီးဖြစ်တဲ့အတိုင်း သံဓါတ်ဟာလူတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုး။ ဘာလို့မရှိမဖြစ်လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ဆဲလ်တွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်နဲ့ အာဟာရကိုသယ်ဆောင်ပေးတဲ့ သွေးဆဲလ်လေးတွေထုတ်လုပ်ဖို့အတွက် ၎င်းကမရှိမဖြစ်မို့လို့ပါ။

အမျိုးသမီးတွေအတွက် သံဓါတ်ကဘာလို့အရေးပါတာလဲ???

ယောကျာ်းမိန်းမ မရွေးသံဓါတ်ဟာအရေးပါပါတယ်။ အမျိုးသမီးတွေမှာဘာလို့ပိုပြီးအရေးပေးပြောရသလဲဆိုရင်တော့ ၎င်းတို့ဟာလစဉ်ရာသီလာချိန်မှာသံဓါတ်ဆုံးရှုံးရတာရယ်၊အဲ့ဆုံးရှုံးသွားတာကို ပြန်ဖြည့်ဖို့လောက်ငှအောင်မစားမိကြတာရယ်ကြောင့် ၎င်းတို့ဟာ သွေးအားနည်းရောဂါကိုပိုမိုခံစားရလေ့ရှိလို့ပဲ ဖြစ်ပါတယ်။

အခြားဘယ်အချိန်မှာရော သံဓါတ်ကိုပိုဂရုစိုက်စားသုံးပေးရမလဲ???

ကိုယ်ဝန်ဆောင်ချိန်ပါ၊၊ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အတွက်ရော၊သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုမှာပါ သံဓါတ်က အရမ်းအရေးပါလို့ပဲဖြစ်ပါတယ်။

သံဓါတ်ကိုခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ပမာဏပြည့်အောင်မစားရင် ဘာတွေဖြစ်မလဲ???

သံဓါတ်မပြည့်ဝတဲ့အခါမှာ မောပန်းနွမ်းနယ်ခြင်း၊အစားအသောက်ပျက်ခြင်း၊ရင်တုန်ခြင်း၊မူးဝေခြင်းစတဲ့ရောဂါလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။

သံဓါတ်နည်းတဲ့ရောဂါလက္ခဏာတွေပေါ်လာရင် ဘာလုပ်ရမလဲ???

အထက်ပါရောဂါလက္ခဏာတွေပေါ်လာရင် ဆရာဝန်နှင့်ပြသပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းစမ်းသပ်စစ်ဆေးမှု၊ကုသမှုတွေကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။

သံဓါတ်ပေါကြွယ်ဝတဲ့အစားအစာတွေက ဘာတွေလဲ???

သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေကတော့-

၁။အသား(အမဲ၊ကြက်၊ဝက်၊သိုး၊ငါး စသည်)

၂။အသည်းအမျိုးမျိုး

၃။ဥ အမျိုးမျိုး

၄။အသီးအနံှများ(ဂေါ်ဖီပန်း၊ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီ၊ပဲအမျိုးမျိုး)

၅။အခွံမာသီးများ စသည်တို့ဖြစ်ပါတယ်။

သံဓါတ်စုပ်ယူမှုကောင်းအောင်ဘာတွေလုပ်ရမလဲ???

၁။ဗီတာမင်စီဟာ အစာအိမ်အူလမ်းကြောင်းမှသံဓါတ်စုပ်ယူမှုကိုအားကောင်းစေတာကြောင့် ၎င်းနှင့်သံဓါတ်ပေါကြွယ်ဝတဲ့အစားအစာတွေကိုတွဲဖက်စားသုံးပေးသင့်ပါတယ်။

၂။လက်ဖက်ရည်၊ကော်ဖီ၊ဝိုင်နီတို့ဟာ သံဓါတ်စုပ်ယူမှုကိုလျှော့ကျစေတာကြောင့် အစားအစာနဲ့ ၎င်းတို့ကိုတွဲပြီးမစားသင့်ပါဘူး။

ဒီလောက်ဆိုရင်တော့ အမျိုးသမီးတွေမှာသံဓါတ်ရဲ့အရေးပါပုံကို ခန့်မှန်းမိကြပြီထင်ပါတယ်။

အမျိုးသမီးအားလုံး သံဓါတ်ပြည့်ဝ၊လှပစေကြောင်း ဆုမွန်တောင်းလျက်။

dr.ye lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…