”လိင်ဆက်ဆံပြီးချိန်တွင် မိန်းမကိုယ်အပြင်၌ သုတ်လွှတ်ခြင်း”

လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်မရအောင်လို့ သုတ်လွှတ်ခါနီးမှာ လိင်တံကို မိန်းမကိုယ်ကနေ ထုတ်ပြီး မိန်းမကိုယ်ပြင်ပမှာ သုတ်လွှတ်တဲ့နည်းလမ်းကို Withdrawal Method လို့ခေါ်ပါတယ်။

ဒီနည်းလမ်းကိုသုံးတဲ့စုံတွဲတွေမှာ မအောင်မြင်ဘဲ ကိုယ်ဝန်ရသွားတဲ့နှုန်း(Failure Rate)က တစ်နှစ်ကို လေးရာခိုင်နှုန်းလောက်ရှိတယ်လို့ စစ်တမ်းကောက်ချက်တွေကဆိုပါတယ်။ ကိုယ်ဝန်တားဆေးတွေက ဝ.၃ ရာခိုင်နှုန်း၊ သားအိမ်ထဲထည့်ပြီးသန္ဓေတားတဲ့ပစ္စည်းတွေက ဝ.၆ ရာခိုင်နှုန်း နဲ့ ကွန်ဒုံးသုံးခြင်းက ၂ရာခိုင်နှုန်း Failure Rate အသီးသီးရှိပါတယ်။

အမျိုးသားတွေသုတ်မလွှတ်ခင်လေး ထွက်တဲ့အရည်ထဲမှာ သုတ်ပိုးဆဲလ်တွေပါဝင်နေတတ်ပါတယ်။ ဒါကြောင့် သုတ်ကိုအပြင်မှာထုတ်လိုက်သော်လည်း ကိုယ်ဝန်ရသွားခြင်းဖြစ်တတ်ပါတယ်။

*အားသာချက်များ

  • အခြားအမျိုးမျိုးသော သန္ဓေတားတဲ့ နည်းလမ်းတွေကို မနှစ်သက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။
  • ဟော်မုန်းပါတဲ့ကိုယ်ဝန်တားဆေးတွေ မသောက်ရတဲ့အတွက် အဲဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိူးများကို မခံစားရတော့ပါဘူး။
  • တချို့ကရှိတတ်ပါသေးတယ်။ ကွန်ဒုံးသုံးရင် အလွှာပါးသော်လည်း ကမ္ဘာခြားသလို ခံစားရတတ်ပါတယ်တဲ့။ အဲဒီလိုမခံစားချင်တဲ့ အိမ်ထောင်ဖက်တွေအတွက် ဒီနည်းလမ်းကသင့်တော်နေပြန်ပါတယ်။
  • ပြီးတော့ ဒီနည်းလမ်းဟာ ဘာပစ္စည်းကိရိယာမှ သားအိမ်ထဲကိုထည့်ပြီး သန္ဓေတားရတာမျိုးမဟုတ်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်စရာလည်းမလိုဘဲ မိမိဘာသာလေ့ကျင့်လို့ရတဲ့နည်းလမ်းပါ။ ခန္ဓာကိုယ်မှာ အခြားဘေးထွက်ဆိုးကျိုးတွေဖြစ်မှာလည်း မပူရပါဘူး။ ဒါတွေကတော့ Withdrawal method ရဲ့အားသာချက်တွေ ဖြစ်ပါတယ်။

*အားနည်းချက်များ

  • သားအိမ်ထဲပစ္စည်းထည့်ပြီး သန္ဓေတားခြင်း၊ ဆေးသောက်ခြင်း၊ ဆေးထိုးခြင်း၊ အကာအကွယ်အသုံးပြုခြင်း စတဲ့နည်းလမ်းတွေနဲ့ ယှဉ်ရင် ဒီနည်းလမ်းဟာ ကိုယ်ဝန်တားရာမှာ အကျိုးထိရောက်မှုနည်းပါတယ်။
  • နောက်တစ်ချက်ကတော့ လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးသကဲ့သို့ HIV လိုလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးတွေကို လုံးဝမကာကွယ်ပေးနိုင်ပါဘူး။
  • မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားနိုင်ခြေကလည်း လေးရာခိုင်နှုန်းလောက်ရှိပါတယ်။

Coitus interruptus လို့လည်း ဆေးပညာအရ ခေါ်တဲ့ ဒီနည်းလမ်းဟာ အားသာချက်လည်းရှိသလို အားနည်းချက်တွေလည်းရှိနေပါတယ်။ လုံးဝကိုယ်ဝန်ရလို့မဖြစ်တဲ့ စုံတွဲတွေမှာတော့ ဒီနည်းလမ်းကို စမ်းပြီးတောင် မသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ မိမိနဲ့အသင့်တော်ဆုံးဖြစ်မယ့် ကိုယ်ဝန်တားနည်းလမ်းတစ်ခုခုကို ရွေးချယ်ပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ရေးသားလိုက်ပါတယ်။

အားလုံးကျန်းမာရွှင်လန်းကြပါစေ။

မောင်(ဆေး-၁)

''လိင္ဆက္ဆံၿပီးခ်ိန္တြင္ မိန္းမကိုယ္အျပင္၌ သုတ္လႊတ္ျခင္း''

လိင္ဆက္ဆံတဲ့အခါ ကိုယ္ဝန္မရေအာင္လို႔ သုတ္လႊတ္ခါနီးမွာ လိင္တံကို မိန္းမကိုယ္ကေန ထုတ္ၿပီး မိန္းမကိုယ္ျပင္ပမွာ သုတ္လႊတ္တဲ့နည္းလမ္းကို Withdrawal Method လို႔ေခၚပါတယ္။

ဒီနည္းလမ္းကိုသံုးတဲ့စံုတြဲေတြမွာ မေအာင္ျမင္ဘဲ ကိုယ္ဝန္ရသြားတဲ့ႏႈန္း(Failure Rate)က တစ္ႏွစ္ကို ေလးရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ စစ္တမ္းေကာက္ခ်က္ေတြကဆိုပါတယ္။ ကိုယ္ဝန္တားေဆးေတြက ၀.၃ ရာခိုင္ႏႈန္း၊ သားအိမ္ထဲထည့္ၿပီးသေႏၶတားတဲ့ပစၥည္းေတြက ၀.၆ ရာခိုင္ႏႈန္း နဲ႔ ကြန္ဒံုးသံုးျခင္းက ၂ရာခိုင္ႏႈန္း Failure Rate အသီးသီးရွိပါတယ္။

အမ်ိဳးသားေတြသုတ္မလႊတ္ခင္ေလး ထြက္တဲ့အရည္ထဲမွာ သုတ္ပိုးဆဲလ္ေတြပါဝင္ေနတတ္ပါတယ္။ ဒါေၾကာင့္ သုတ္ကိုအျပင္မွာထုတ္လိုက္ေသာ္လည္း ကိုယ္ဝန္ရသြားျခင္းျဖစ္တတ္ပါတယ္။

*အားသာခ်က္မ်ား

  • အျခားအမ်ိဳးမ်ိဳးေသာ သေႏၶတားတဲ့ နည္းလမ္းေတြကို မႏွစ္သက္တဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြအတြက္ သင့္ေတာ္ပါတယ္။
  • ေဟာ္မုန္းပါတဲ့ကိုယ္ဝန္တားေဆးေတြ မေသာက္ရတဲ့အတြက္ အဲဒီေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဴးမ်ားကို မခံစားရေတာ့ပါဘူး။
  • တခ်ိဳ႕ကရွိတတ္ပါေသးတယ္။ ကြန္ဒံုးသံုးရင္ အလႊာပါးေသာ္လည္း ကမ႓ာျခားသလို ခံစားရတတ္ပါတယ္တဲ့။ အဲဒီလိုမခံစားခ်င္တဲ့ အိမ္ေထာင္ဖက္ေတြအတြက္ ဒီနည္းလမ္းကသင့္ေတာ္ေနျပန္ပါတယ္။
  • ၿပီးေတာ့ ဒီနည္းလမ္းဟာ ဘာပစၥည္းကိရိယာမွ သားအိမ္ထဲကိုထည့္ၿပီး သေႏၶတားရတာမ်ိဳးမဟုတ္ပါဘူး။ ဆရာဝန္နဲ႔တိုင္ပင္စရာလည္းမလိုဘဲ မိမိဘာသာေလ့က်င့္လို႔ရတဲ့နည္းလမ္းပါ။ ခႏၶာကိုယ္မွာ အျခားေဘးထြက္ဆိုးက်ိဳးေတြျဖစ္မွာလည္း မပူရပါဘူး။ ဒါေတြကေတာ့ Withdrawal method ရဲ႕အားသာခ်က္ေတြ ျဖစ္ပါတယ္။

*အားနည္းခ်က္မ်ား

  • သားအိမ္ထဲပစၥည္းထည့္ၿပီး သေႏၶတားျခင္း၊ ေဆးေသာက္ျခင္း၊ ေဆးထိုးျခင္း၊ အကာအကြယ္အသံုးျပဳျခင္း စတဲ့နည္းလမ္းေတြနဲ႔ ယွဥ္ရင္ ဒီနည္းလမ္းဟာ ကိုယ္ဝန္တားရာမွာ အက်ိဳးထိေရာက္မႈနည္းပါတယ္။
  • ေနာက္တစ္ခ်က္ကေတာ့ လိင္ဆက္ဆံရာမွာ ကြန္ဒံုးသံုးသကဲ့သို႔ HIV လိုလိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါပိုးေတြကို လံုးဝမကာကြယ္ေပးႏိုင္ပါဘူး။
  • မေမွ်ာ္လင့္ဘဲ ကိုယ္ဝန္ရသြားႏိုင္ေျခကလည္း ေလးရာခိုင္ႏႈန္းေလာက္ရွိပါတယ္။

Coitus interruptus လို႔လည္း ေဆးပညာအရ ေခၚတဲ့ ဒီနည္းလမ္းဟာ အားသာခ်က္လည္းရွိသလို အားနည္းခ်က္ေတြလည္းရွိေနပါတယ္။ လံုးဝကိုယ္ဝန္ရလို႔မျဖစ္တဲ့ စံုတြဲေတြမွာေတာ့ ဒီနည္းလမ္းကို စမ္းၿပီးေတာင္ မသံုးၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္။ မိမိနဲ႔အသင့္ေတာ္ဆံုးျဖစ္မယ့္ ကိုယ္ဝန္တားနည္းလမ္းတစ္ခုခုကို ေရြးခ်ယ္ၿပီး သာယာေပ်ာ္ရႊင္တဲ့မိသားစုဘဝကို ပိုင္ဆိုင္ႏိုင္ဖို႔ ေရးသားလိုက္ပါတယ္။

အားလံုးက်န္းမာရႊင္လန္းၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *