All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဆောင်းနှင့် ကြပ်ခြင်း

1 Mins read

ဆောင်းနှင့် ကြပ်ခြင်း

“အဟွတ် အဟွတ် အဟွတ်”
“ဟယ် မေလေး။ ချောင်းတွေ ဆိုးနေပါလား။”
“ဟုတ်တယ် ချိုလေးရေ။ ချောင်းတွေ ဆိုးပြီး ရင်ထဲကြပ်တက်တက်ဖြစ်နေတယ်။ အဟွတ် အဟွတ်။”
“ရင်ကြပ်များ ပြန်ထတာများလား။ မှန်းစမ်း၊ စမ်းကြည့်ရအောင်။ ……။ ဟုတ်ပ။ ဂေါက်ပါလာတာမလား။ ၂ချက်လောက် ရူလိုက်နော်။ “

ခုလိုဆောင်းဝင်တော့လာပြီဆို ရင်ကြပ်တွေလည်း တစ်စခန်းထလာပြီပေါ့။
-ရာသီဥတုက အေးလာတယ်။
-ခြောက်သွေ့တဲ့ရာသီဖြစ်တဲ့အပြင် စပါးရိတ်တဲ့ အချိန်လည်းဖြစ်တော့ လေထဲမှာ ဖုန်နှင့် စပါးခွံ၊ အမှုန်အမွှား စတာတွေများလာတယ်။
-တုပ်ကွေးကစလို့ ရာသီပေါ်ဗိုင်းရပ်ပိုးတွေ များတဲ့အချိန်ဖြစ်တယ်။
-အဲတာအပြင် စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျောက်ကြပါစို့ ဆိုပြီး လေ့ကျင့်ခန်းတွေ လုပ်လာတယ်။
ဒါတွေကြောင့် ရင်ကြပ်ဟာလည်း အားကျမခံ ပေါ်ထွက်လာတာပေါ့။

**ရင်ကြပ်ရောဂါဆိုတာ လေပြွန်လေးတွေဟာ အပြင်က နှိုးဆွမှုတွေကို ပုံမှန်ပိုတုံ့ပြန်ပြီး သာမန်ထက် အလွန်အကျွံကျဉ်းမြောင်းပြီး တုံ့ပြန်ကြလို့ အသက်ရူမဝဖြစ်လာတဲ့ နာတာရှည် အသက်ရူလမ်းကြောင်း ရောဂါဖြစ်ပါတယ်။
–သာမန်အားဖြင့် လူတစ်ယောက်ရဲ့ အသက်ရူလမ်းကြောင်းထဲ ဖုန်၊ အငွေ့၊ အမှုန်တွေ ဝင်တဲ့အခါမှာ အဆုတ်ထဲဝင်မသွားအောင် လေပြွန်လေးတွေက ကျဉ်းမြောင်းပေးခြင်း၊ အရည်ထုတ်ပေးခြင်း စတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကာကွယ်ပေးပေမယ့် အချို့သူတွေမှာ လေပြွန်ကြာရှည်ရောင်နေတဲ့အခါ၊ ရင်ကြပ် မျိုးရိုးဗီဇ ပါလာတဲ့အခါ ပုံမှန်ထက် ပိုမိုတုံ့ပြန်ကြလို့ ရင်ကြပ်ရောဂါဖြစ်လာကြတယ်။
–ထိုသူတွေဟာ မိမိနဲ့မတည့်တဲ့ အရာတွေကို ရူမိ၊ စားမိတဲ့အခါမှာ ပိုဖြစ်တတ်ကြပြီး ရာသီဥတု အေးရင်တောင် ကြပ်လာတာမျိုးရှိပါတယ်။ ဒါ့အပြင် အက်စပရင်လို အကိုက်အခဲပျောက်ဆေး သောက်တဲ့အခါ၊ အားကစားတစ်ခုခု လုပ်တဲ့အခါမှာ ကြပ်လာတာမျိုးဖြစ်တတ်ပါတယ်။
–ထို့ပြင် သူတို့တွေမှာ ဓာတ်မတည့်တဲ့ ရာဇဝင်တွေရှိကြပြီး မိသားစုထဲမှာ ရင်ကြပ်ရောဂါရှိတာမျိုး၊ နှင်းခူနဲ့ အခြားဓာတ်မတည့်တဲ့ ရာဇဝင်တွေ ရှိနေတတ်ကြပါတယ်။

ဒါကြောင့် ခုလိုအချိန်မှာ
-အသက်ရူစဉ် အသံမြည်မယ်။
-မောမယ်။
-ချောင်းဆိုးမယ်။
-ရင်ဘတ်တင်းကြပ်ကြပ် ခံစားရပြီး ဆေးရုံဆေးခန်းရောက်လာကြရင် အခြားအသက်ရူလမ်းကြောင်း ပိုးဝင်ခြင်းတွေ အပြင် ရင်ကြပ်ရောဂါ ရှိမရှိကို သေချာမေးမြန်းစစ်ဆေးပြီး ကုသမှုသေချာစွာပေးမှ ရင်ကြပ်ဆိုးဆိုးရွားရွားထ၍ အသက်သေဆုံးမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ထို့ပြင် ရင်ကြပ်ရောဂါဆိုသည် အေးတဲ့ရာသီမှာ ပိုအဖြစ်များသော်လည်း မတည့်တာနဲ့ ထိတွေ့မှုရှိပါက အချိန်ကာလမရွေးဖြစ်တတ်တာမို့ မိမိနှင့် မတည့်သည့် အစားအစာ၊ ပစ္စည်း၊ ဖုန်မှုန့်စတာတွေနဲ့ ထိတွေ့မှုနည်းအောင် နေမယ်။ မနက်၊ ညအချိန် အေးတဲ့ အခါတွေမှာ နွေးနွေးထွေးထွေးနေမယ်။ လိုအပ်ရင် ဆေးအကူအညီယူရမည်ဖြစ်ပါသည
်။
ရီချို(ဆေး ၁)

ေဆာင္းႏွင့္ ၾကပ္ျခင္း

“အဟြတ္ အဟြတ္ အဟြတ္”
“ဟယ္ ေမေလး။ ေခ်ာင္းေတြ ဆိုးေနပါလား။”
“ဟုတ္တယ္ ခ်ိဳေလးေရ။ ေခ်ာင္းေတြ ဆိုးျပီး ရင္ထဲၾကပ္တက္တက္ျဖစ္ေနတယ္။ အဟြတ္ အဟြတ္။”
“ရင္ၾကပ္မ်ား ျပန္ထတာမ်ားလား။ မွန္းစမ္း၊ စမ္းၾကည့္ရေအာင္။ ……။ ဟုတ္ပ။ ေဂါက္ပါလာတာမလား။ ၂ခ်က္ေလာက္ ရူလိုက္ေနာ္။ “

ခုလိုေဆာင္းဝင္ေတာ့လာျပီဆို ရင္ၾကပ္ေတြလည္း တစ္စခန္းထလာျပီေပါ့။
-ရာသီဥတုက ေအးလာတယ္။
-ေျခာက္ေသြ႔တဲ့ရာသီျဖစ္တဲ့အျပင္ စပါးရိတ္တဲ့ အခ်ိန္လည္းျဖစ္ေတာ့ ေလထဲမွာ ဖုန္ႏွင့္ စပါးခြံ၊ အမႈန္အမႊား စတာေတြမ်ားလာတယ္။
-တုပ္ေကြးကစလို႔ ရာသီေပၚဗုိင္းရပ္ပိုးေတြ မ်ားတဲ့အခ်ိန္ျဖစ္တယ္။
-အဲတာအျပင္ ေစာေစာအိပ္လို႔၊ ေစာေစာထလို႔၊ ေစာေစာလမ္းေလ်ာက္ၾကပါစို႔ ဆိုျပီး ေလ့က်င့္ခန္းေတြ လုပ္လာတယ္။
ဒါေတြေၾကာင့္ ရင္ၾကပ္ဟာလည္း အားက်မခံ ေပၚထြက္လာတာေပါ့။

**ရင္ၾကပ္ေရာဂါဆိုတာ ေလျပြန္ေလးေတြဟာ အျပင္က ႏိႈးဆြမႈေတြကို ပံုမွန္ပိုတံု႔ျပန္ျပီး သာမန္ထက္ အလြန္အကၽြံက်ဥ္းေျမာင္းျပီး တံု႔ျပန္ၾကလို႔ အသက္ရူမဝျဖစ္လာတဲ့ နာတာရွည္ အသက္ရူလမ္းေၾကာင္း ေရာဂါျဖစ္ပါတယ္။
–သာမန္အားျဖင့္ လူတစ္ေယာက္ရဲ့ အသက္ရူလမ္းေၾကာင္းထဲ ဖုန္၊ အေငြ႔၊ အမႈန္ေတြ ဝင္တဲ့အခါမွာ အဆုတ္ထဲဝင္မသြားေအာင္ ေလျပြန္ေလးေတြက က်ဥ္းေျမာင္းေပးျခင္း၊ အရည္ထုတ္ေပးျခင္း စတဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ကာကြယ္ေပးေပမယ့္ အခ်ိဳ႕သူေတြမွာ ေလျပြန္ၾကာရွည္ေရာင္ေနတဲ့အခါ၊ ရင္ၾကပ္ မ်ိဳးရိုးဗီဇ ပါလာတဲ့အခါ ပံုမွန္ထက္ ပိုမိုတံု႔ျပန္ၾကလို႔ ရင္ၾကပ္ေရာဂါျဖစ္လာၾကတယ္။
–ထိုသူေတြဟာ မိမိနဲ႔မတည့္တဲ့ အရာေတြကို ရူမိ၊ စားမိတဲ့အခါမွာ ပိုျဖစ္တတ္ၾကျပီး ရာသီဥတု ေအးရင္ေတာင္ ၾကပ္လာတာမ်ိဳးရွိပါတယ္။ ဒါ့အျပင္ အက္စပရင္လို အကိုက္အခဲေပ်ာက္ေဆး ေသာက္တဲ့အခါ၊ အားကစားတစ္ခုခု လုပ္တဲ့အခါမွာ ၾကပ္လာတာမ်ိဳးျဖစ္တတ္ပါတယ္။
–ထို႔ျပင္ သူတို႔ေတြမွာ ဓာတ္မတည့္တဲ့ ရာဇဝင္ေတြရွိၾကျပီး မိသားစုထဲမွာ ရင္ၾကပ္ေရာဂါရွိတာမ်ိဳး၊ ႏွင္းခူနဲ႔ အျခားဓာတ္မတည့္တဲ့ ရာဇဝင္ေတြ ရွိေနတတ္ၾကပါတယ္။

ဒါေၾကာင့္ ခုလိုအခ်ိန္မွာ
-အသက္ရူစဥ္ အသံျမည္မယ္။
-ေမာမယ္။
-ေခ်ာင္းဆိုးမယ္။
-ရင္ဘတ္တင္းၾကပ္ၾကပ္ ခံစားရျပီး ေဆးရံုေဆးခန္းေရာက္လာၾကရင္ အျခားအသက္ရူလမ္းေၾကာင္း ပိုးဝင္ျခင္းေတြ အျပင္ ရင္ၾကပ္ေရာဂါ ရွိမရွိကို ေသခ်ာေမးျမန္းစစ္ေဆးျပီး ကုသမႈေသခ်ာစြာေပးမွ ရင္ၾကပ္ဆိုးဆိုးရြားရြားထ၍ အသက္ေသဆံုးမႈကို ကာကြယ္နိုင္မည္ျဖစ္ပါသည္။

ထို႔ျပင္ ရင္ၾကပ္ေရာဂါဆိုသည္ ေအးတဲ့ရာသီမွာ ပိုအျဖစ္မ်ားေသာ္လည္း မတည့္တာနဲ႔ ထိေတြ႔မႈရွိပါက အခ်ိန္ကာလမေရြးျဖစ္တတ္တာမို႔ မိမိႏွင့္ မတည့္သည့္ အစားအစာ၊ ပစၥည္း၊ ဖုန္မႈန္႔စတာေတြနဲ႔ ထိေတြ႔မႈနည္းေအာင္ ေနမယ္။ မနက္၊ ညအခ်ိန္ ေအးတဲ့ အခါေတြမွာ ေႏြးေႏြးေထြးေထြးေနမယ္။ လိုအပ္ရင္ ေဆးအကူအညီယူရမည္ျဖစ္ပါသည
္။
ရီခ်ိဳ(ေဆး ၁)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *