မွေးကင်းစလေးတွေနွေးထွေးဖို့ဘာကြောင့်လိုအပ်လဲ?

ဆေးရုံမှာမွေးဖွားတဲ့ကလေးတွေကိုဆရာဝန်တွေက အနွေးပေးတဲ့စင်ပေါ် တင်ပြီး နွေးတဲ့အထိထားပြီးမှ အမေကို ပေးချီလေ့ရှိပါတယ်။

ဒါဟာဘာကြောင့်ပါလဲ?

ကလေးလေးတွေမှာ အပူဓာတ်ကိုထိန်းသိမ်းပေးနိုင်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု။ အပူဓာတ်ထိန်းနိုင်တဲ့လုံလောက်တဲ့အဆီဓာတ်၊ မရှိတာကြောင့် လျင်လျင်မြန်မြန် အေးစက်သွား တတ်ကြပါတယ်။ ဒါကြောင့်မွေးပြီးပြီးခြင်းမှာ ကလေးကိုရေမွှာရေစင်အောင်သုတ်ပေးမယ်။ ကြိုတင်ဖွင့်ထားတဲ့ အနွေးဓာတ်ပေးစက် ( Warmer) ပေါ်တင်ပြီး အပူဓာတ်မဆုံးရှုံးရအောင် ကြိုတင်ကာကွယ်ထားတာပါ။ ကလေးလေးနွေးသွားပြီဆိုတာနဲ့ အနှီးနဲ့ထုတ်ထားတဲ့ကလေးကို အမေ့ရင်ခွင်အနွေးဓတ်ဆီကိုပို့ပေးပါတယ်။

မွေးကင်းစကလေး ကိုယ်အပူချိန်ကျရင်ဘာတွေဖြစ်နိုင်သလဲ?

ကိုယ်အပူချိန်စိုးရိမ်ရလောက်အောင်ကျခြင်းဟာ လမစေ့၊ ပေါင်မပြည့်ဘဲမွေးတဲ့ကလေးတွေမှာ အဖြစ်များတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ကလေးငယ်ဟာ အသက်ရှူမြန်လာတာ၊ ပိုးဝင်တာတွေဖြစ်တတ်ပါတယ်။

ကလေးကို နွေးထွေးအောင်ဘယ်လိုထားမလဲ?

အရိုးရှင်းဆုံးနည်းကတော့ အနှီးစောင်နဲ့ ကလေးတစ်ကိုယ်လုံးကို ထွေးပွေ့ထားခြင်းပါဘဲ။ ကလေးငယ်လေးတွေဝတ်လို့ရတဲ့ ခြေထောက်ပါလုံအောင်ထုတ်ပေးထားတဲ့ အကျီၤဝတ်ပေးထားခြင်းဟာ ကလေးကိုအိပ်နေချိန်မှာပါ တစ်ကိုယ်လုံး လုံခြုံနွေးထွေးစေမှာပါ။ အခန်းအပူချိန် ၂၀ မှ ၂၃ ‘C ကတော့ ကလေးတွေအတွက်အသင့်တော်ဆုံးပါ။

ကလေးပူလွန်း၊ အေးလွန်းကို ဘယ်လိုသိမလဲ?

သိပ်အေးတတ်တဲ့နေရာတွေမှာကလေးဟာ အနှီးထွေးရုံနဲ့ အပူဓာတ်မလုံလောက်တာဖြစ်နိုင်ပါတယ်။ ကလေးလေးဟာ စကားမပြောတတ်ပေမယ့် ခန္တာကိုယ်က အေးနေတယ်ဆိုရင် ခြေဖျားလက်ဖျားလေးတွေအေးနေတတ်တာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ ကလေးဟာ ရာသီဥတုပူလို့ ကိုယ်အပူချိန်တက်လာမယ်ဆိုရင်တော့ ကလေးမျက်နှာမှာ နီမြန်းလာတတ်ပါတယ်။

မယ်တင်( ဆေး ၁)

ေမြးကင္းစေလးေတြေႏြးေထြးဖို႔ဘာေၾကာင့္လိုအပ္လဲ?

ေဆးရံုမွာေမြးဖြားတဲ့ကေလးေတြကိုဆရာဝန္ေတြက အေႏြးေပးတဲ့စင္ေပၚ တင္ၿပီး ေႏြးတဲ့အထိထားၿပီးမွ အေမကို ေပးခ်ီေလ့ရွိပါတယ္။

ဒါဟာဘာေၾကာင့္ပါလဲ?

ကေလးေလးေတြမွာ အပူဓာတ္ကိုထိန္းသိမ္းေပးႏိုင္တဲ့ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈ။ အပူဓာတ္ထိန္းႏိုင္တဲ့လံုေလာက္တဲ့အဆီဓာတ္၊ မရွိတာေၾကာင့္ လ်င္လ်င္ျမန္ျမန္ ေအးစက္သြား တတ္ၾကပါတယ္။ ဒါေၾကာင့္ေမြးၿပီးၿပီးျခင္းမွာ ကေလးကိုေရမႊာေရစင္ေအာင္သုတ္ေပးမယ္။ ႀကိဳတင္ဖြင့္ထားတဲ့ အေႏြးဓာတ္ေပးစက္ ( Warmer) ေပၚတင္ၿပီး အပူဓာတ္မဆံုးရႈံးရေအာင္ ႀကိဳတင္ကာကြယ္ထားတာပါ။ ကေလးေလးေႏြးသြားၿပီဆိုတာနဲ႔ အႏွီးနဲ႔ထုတ္ထားတဲ့ကေလးကို အေမ့ရင္ခြင္အေႏြးဓတ္ဆီကိုပို႔ေပးပါတယ္။

ေမြးကင္းစကေလး ကိုယ္အပူခ်ိန္က်ရင္ဘာေတြျဖစ္ႏိုင္သလဲ?

ကို္ယ္အပူခ်ိန္စိုးရိမ္ရေလာက္ေအာင္က်ျခင္းဟာ လမေစ့၊ ေပါင္မျပည့္ဘဲေမြးတဲ့ကေလးေတြမွာ အျဖစ္မ်ားတတ္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ကေတာ့ ကေလးငယ္ဟာ အသက္ရႉျမန္လာတာ၊ ပိုးဝင္တာေတြျဖစ္တတ္ပါတယ္။

ကေလးကို ေႏြးေထြးေအာင္ဘယ္လိုထားမလဲ?

အရိုးရွင္းဆံုးနည္းကေတာ့ အႏွီးေစာင္နဲ႔ ကေလးတစ္ကိုယ္လံုးကို ေထြးေပြ႕ထားျခင္းပါဘဲ။ ကေလးငယ္ေလးေတြဝတ္လို႔ရတဲ့ ေျခေထာက္ပါလံုေအာင္ထုတ္ေပးထားတဲ့ အက်ီၤဝတ္ေပးထားျခင္းဟာ ကေလးကိုအိပ္ေနခ်ိန္မွာပါ တစ္ကိုယ္လံုး လံုျခံဳေႏြးေထြးေစမွာပါ။ အခန္းအပူခ်ိန္ ၂၀ မွ ၂၃ ‘C ကေတာ့ ကေလးေတြအတြက္အသင့္ေတာ္ဆံုးပါ။

ကေလးပူလြန္း၊ ေအးလြန္းကို ဘယ္လိုသိမလဲ?

သိပ္ေအးတတ္တဲ့ေနရာေတြမွာကေလးဟာ အႏွီးေထြးရံုနဲ႔ အပူဓာတ္မလံုေလာက္တာျဖစ္ႏိုင္ပါတယ္။ ကေလးေလးဟာ စကားမေျပာတတ္ေပမယ့္ ခနၱာကိုယ္က ေအးေနတယ္ဆိုရင္ ေျခဖ်ားလက္ဖ်ားေလးေတြေအးေနတတ္တာမ်ိဳးျဖစ္တတ္ပါတယ္။ တကယ္လို႔ ကေလးဟာ ရာသီဥတုပူလို႔ ကိုယ္အပူခ်ိန္တက္လာမယ္ဆိုရင္ေတာ့ ကေလးမ်က္ႏွာမွာ နီျမန္းလာတတ္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *