အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ဘာလို့ပိုဖြစ်လဲ
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ အမျိုးသား၊ အမျိုးသမီးမရွေးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာပိုပြီးအဖြစ်များတာကိုတွေ့ကြရပါတယ်။ ဖြစ်တဲ့ရောဂါချင်းတူပေမယ့် အမျိုးသမီးတွေမှာမှ ပိုပြီးဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ် စတာတွေအကုန်ရောဂါပိုးဝင်ပြီး ဖျားတာ၊ နာကျင်ကိုက်ခဲတာတွေ ဖြစ်စေနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင် ဆီးပူ၊ ဆီးကျဉ်ဖြစ်နိုင်ပါတယ်။ ဆီးအောင့်တာ၊ ဆီးအရောင်မကောင်းတာ၊ စတာတွေနဲ့လည်း ရောဂါလက္ခဏာပြနိုင်ပါတယ်။ ဆီးခဏခဏသွားတာ၊ ဆီးမထိန်းနိုင်တာတွေနဲ့လည်း လာတတ်ပါတယ်။ ဆီးစပ်ကနာတာ၊ ဗိုက်အောင့်တာ၊ ဆီးအနံ့ဆိုးဆိုးတွေထွက်နေရင်လည်း ဆီးလမ်းကြောင်းပိုးဝင်နေပြီလားလို့ စဉ်းစားရပါတယ်။
အမျိုးသမီးတွေမှာဘာလို့ပိြုဖစ်ရသလဲဆိုတာကို အဖြေရှာကြည်ရ့င်တော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ဆီးပြွန်ဟာ အမျိုးသားတွေထက် ပိုပြီးတိုပါတယ်။ ပိုပြီးတိုတဲ့အတွက်ကြောင့် ရောဂါပိုးတွေဟာ ဆီးအိမ်ထဲကိုအချိန်တိုတိုနဲ့ မြန်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်။ ဒီအကြောင်းကြောင့်လည်း အမျိုးသမီးတွေကပိုပြီးအဖြစ်များကြပါတယ်။
နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အမျိုးသားအမျိုးသမီးရယ်လို့ မခွဲခြားထားတဲ့ အကြောင်းတစ်ခုပါ။ အတူနေအဖော်တစ်ဦးထက်မကရှိတာကလည်း ဆီးလမ်းကြောင်းပိုးဝင်တာကိုပိုဖြစ်စေနိုင်ပါတယ်။ အတူနေအဖော်တစ်ဦးရဲ့ရောဂါပိုးက အမျိုးသားအမျိုးသမီးမရွေးကူးစက်စေနိုင်သလို မိမိကနေတစ်ဆင့် နောက်ထပ်အဖော်တစ်ဦးကိုကူးစက်စေနိုင်ပါတယ်။
နောက်ပြီး diaphragmလို့ ခေါ်တဲ့ ကိုယ်ဝန်တားပစ္စည်းအသုံးပြုတဲ့ အမျိုးသမီးတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေမှာ သုက်ပိုးကိုနှောင့်ယှက်နိုင်တဲ့ဆေးတွေသုံးစွဲရင်လည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။ သွေးဆုံးပြီးချိန်မှာ ခန္ဓာကိုယ်ထဲမှာလည်ပတ်နေတဲ့ oestrogenပမာဏလျော့နည်းလာပါတယ်။ oestrogenလျော့နည်းလာတာနဲ့အမျှ ဆီးလမ်းကြောင်းမှာအပြောင်းအလဲ တွေဖြစ်ပေါ်ပြီးပိုးဝင်စေနိုင်ပါတယ်။
အခြားအဖြစ်နည်းတဲ့အကြောင်းရင်းတွေအနေနဲ့တော့ ဆီးလမ်းကြောင်းမှာမွေးရာပါချို့ယွင်းချက်တွေရှိနေတာ၊ ဆီးလမ်းကြောင်းမှာကျောက်တည်တာ၊ ကင်ဆာလိုအကြိတ်ကဆီးလမ်းကြောင်းကိုဖိထားလို့ ဆီးလမ်းကြောင်းပိတ်ရာကတစ်ဆင့် ပိုးဝင်တာတွေကလည်းကြုံတွေ့ရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင်တော့ ထိရောက်တဲ့ကုသမှုခံယူရမှာဖြစ်ပါတယ်။ အမျိုးသားတွေကော အမျိုးသမီးတွေမှာပါရောဂါဖြစ်ပွားပြီးမကုသဘဲထားမိရင် အသက်ပါထိခိုက်နိုင်ပါတယ်။ အသက်အန္တရာယ်မရှိရင်တောင် ကြီးမားတဲ့နောက်ဆက်တွဲအခြေအနေတွေရှိနိုင်တာကြောင့် ဂရုစိုက်ပြီးကုသသင့်ပါတယ်။
Dr. ZZ
အမ်ဳိးသမီးေတြမွာ ဆီးလမ္းေၾကာင္းပိုးဝင္တာ ဘာလို႔ပိုျဖစ္လဲ
ဆီးလမ္းေၾကာင္းပိုးဝင္တယ္ဆိုတာ အမ်ဳိးသား၊ အမ်ဳိးသမီးမေရြးျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အမ်ဳိးသမီးေတြမွာပိုၿပီးအျဖစ္မ်ားတာကိုေတြ႕ၾကရပါတယ္။ ျဖစ္တဲ့ေရာဂါခ်င္းတူေပမယ့္ အမ်ဳိးသမီးေတြမွာမွ ပိုၿပီးျဖစ္ေစႏို္င္တဲ့ အေၾကာင္းအရာေတြရိွပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္တယ္ဆိုတာ ေက်ာက္ကပ္၊ ဆီးႁပြန္၊ ဆီးအိမ္ စတာေတြအကုန္ေရာဂါပိုးဝင္ၿပီး ဖ်ားတာ၊ နာက်င္ကိုက္ခဲတာေတြ ျဖစ္ေစႏိုင္ပါတယ္။
ဆီးလမ္းေၾကာင္းပိုးဝင္ၿပီဆိုရင္ ဆီးပူ၊ ဆီးက်ဥ္ျဖစ္ႏိုင္ပါတယ္။ ဆီးေအာင့္တာ၊ ဆီးအေရာင္မေကာင္းတာ၊ စတာေတြနဲ႔လည္း ေရာဂါလကၡဏာျပႏိုင္ပါတယ္။ ဆီးခဏခဏသြားတာ၊ ဆီးမထိန္းႏိုင္တာေတြနဲ႔လည္း လာတတ္ပါတယ္။ ဆီးစပ္ကနာတာ၊ ဗိုက္ေအာင့္တာ၊ ဆီးအနံ႔ဆိုးဆိုးေတြထြက္ေနရင္လည္း ဆီးလမ္းေၾကာင္းပိုးဝင္ေနၿပီလားလို႔ စဥ္းစားရပါတယ္။
အမ်ဳိးသမီးေတြမွာဘာလို႔ပိျုဖစ္ရသလဲဆိုတာကို အေျဖရွာၾကည္ရ့င္ေတာ့ ခႏၶာကိုယ္ဖြဲ႕စည္းပံုေၾကာင့္ျဖစ္ႏိုင္ပါတယ္။ အမ်ဳိးသမီးေတြရဲ႕ဆီးႁပြန္ဟာ အမ်ဳိးသားေတြထက္ ပိုၿပီးတိုပါတယ္။ ပိုၿပီးတိုတဲ့အတြက္ေၾကာင့္ ေရာဂါပိုးေတြဟာ ဆီးအိမ္ထဲကိုအခ်ိန္တိုတိုနဲ႔ ျမန္ျမန္ဆန္ဆန္ေရာက္ႏိုင္ပါတယ္။ ဒီအေၾကာင္းေၾကာင့္လည္း အမ်ဳိးသမီးေတြကပိုၿပီးအျဖစ္မ်ားၾကပါတယ္။
ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ့ အမ်ဳိးသားအမ်ဳိးသမီးရယ္လို႔ မခြဲျခားထားတဲ့ အေၾကာင္းတစ္ခုပါ။ အတူေနအေဖာ္တစ္ဦးထက္မကရိွတာကလည္း ဆီးလမ္းေၾကာင္းပိုးဝင္တာကိုပိုျဖစ္ေစႏိုင္ပါတယ္။ အတူေနအေဖာ္တစ္ဦးရဲ႕ေရာဂါပိုးက အမ်ဳိးသားအမ်ဳိးသမီးမေရြးကူးစက္ေစႏိုင္သလို မိမိကေနတစ္ဆင့္ ေနာက္ထပ္အေဖာ္တစ္ဦးကိုကူးစက္ေစႏိုင္ပါတယ္။
ေနာက္ၿပီး diaphragmလို့ ေခၚတဲ့ ကိုယ္ဝန္တားပစၥည္းအသံုးျပဳတဲ့ အမ်ဳိးသမီးေတြမွာလည္း ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ပါတယ္။ ကိုယ္ဝန္တားေဆးေတြမွာ သုက္ပိုးကိုေႏွာင့္ယွက္ႏိုင္တဲ့ေဆးေတြသံုးစြဲရင္လည္း ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ပါတယ္။ ေသြးဆံုးၿပီးခ်ိန္မွာ ခႏၶာကိုယ္ထဲမွာလည္ပတ္ေနတဲ့ oestrogenပမာဏေလ်ာ့နည္းလာပါတယ္။ oestrogenေလ်ာ့နည္းလာတာနဲ႔အမ်ွ ဆီးလမ္းေၾကာင္းမွာအေျပာင္းအလဲ ေတြျဖစ္ေပၚၿပီးပိုးဝင္ေစႏိုင္ပါတယ္။
အျခားအျဖစ္နည္းတဲ့အေၾကာင္းရင္းေတြအေနနဲ႔ေတာ့ ဆီးလမ္းေၾကာင္းမွာေမြးရာပါခ်ဳိ႕ယြင္းခ်က္ေတြရိွေနတာ၊ ဆီးလမ္းေၾကာင္းမွာေက်ာက္တည္တာ၊ ကင္ဆာလိုအႀကိတ္ကဆီးလမ္းေၾကာင္းကိုဖိထားလို႔ ဆီးလမ္းေၾကာင္းပိတ္ရာကတစ္ဆင့္ ပိုးဝင္တာေတြကလည္းႀကံဳေတြ႕ရပါတယ္။
ဆီးလမ္းေၾကာင္းပိုးဝင္ၿပီဆိုရင္ေတာ့ ထိေရာက္တဲ့ကုသမႈခံယူရမွာျဖစ္ပါတယ္။ အမ်ဳိးသားေတြေကာ အမ်ဳိးသမီးေတြမွာပါေရာဂါျဖစ္ပြားၿပီးမကုသဘဲထားမိရင္ အသက္ပါထိခိုက္ႏိုင္ပါတယ္။ အသက္အႏၲရာယ္မရိွရင္ေတာင္ ႀကီးမားတဲ့ေနာက္ဆက္တြဲအေျခအေနေတြရိွႏိုင္တာေၾကာင့္ ဂ႐ုစိုက္ျပီးကုသသင့္ပါတယ္။
Dr. ZZ