All Articlesကူးစက်တတ်သောရောဂါများအခြားရောဂါများအထွေထွေရောဂါများ

ပိုးမွှာများ လွယ်ကူစွာ မပျံ့နှံ့ဖို့ ချောင်းကို စနစ်တကျ အုပ်ဆိုးစို့..

1 Mins read

ပိုးမွှာများ လွယ်ကူစွာ မပျံ့နှံ့ဖို့ ချောင်းကို စနစ်တကျ အုပ်ဆိုးစို့..

ဒီလိုမိုးရွာသီချိန်မျိုးမှာ .. ရုတ်တရက်မိုးရွာတာမျိုးကြောင့် မိုးမိခြင်း၊ သာမန်လျှံကာ မိုးဖွဲဖွဲထဲ သွားမိပြီး နောက်နေ့တွေမှာ… အအေးမိ၊ တုတ်ကွေး၊ နှာစေးချောင်ဆိုး စသည်ဖြင့် ဖြစ်တတ်ကြပါတယ်…

ဒီလို ဖျားနာပြီးနောက်ပိုင်း ခန္ဓာကိုယ်တွင်းက ပိုးမွှားတွေကို နှာချေခြင်း၊ချောင်းဆိုးခြင်းဖြင့် ထုတ်လွှတ်တတ်ပါတယ်…ဒါကြောင့် မိမိဆီက တဆင့် တခြားသူများကို မကူးစက်ဖို့အတွက် နှာချေ၊ချောင်းဆိုခြင်းပြုရာမှာ လက်ကိုင်ပုဝါ၊တစ်သျူး အစရှိသည်တို့ဖြင့် အုပ်ပြီး ဆိုးသင့်ပါတယ်…

  • လက်ကိုင်ပုဝါ တစ်သျူးတို့ကို အသုံးမပြုပဲ ချောင်းဆိုးနှာချေတဲ့အခါ
  • မိမိလက်ဖြင့်သာ အုပ်ပြီး ဆိုးတဲ့အခါမျိုးမှာ မိမိလက်မှာ မသန့့်စင်နေခြင်း (သို့)
  • ချောင်းအုပ်ဆိုးထားသော လက်ဖြင့် အခြားအရာဝတ္ထုများကို သွားကိုင်ခြင်းတွေကြောင့်လဲ လေထုတွင်းမှ တဆင့် တခြားသူများကို တုတ်ကွေး၊ ပြင်းထန်အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း အစရှိတာတွေ ပိုမိုကူးစက်နိုင်ပါတယ်…

သင့်ဆီမှာ နှာစေးချောင်းဆိုး ဖြစ်နေပါက

  • နှာချေချောင်းဆိုးတဲ့အခါ တစ်သျှးလက်ကိုင်ပဝါ အုပ်ဆိုးပါ
  • အသုံးပြုထားသော tissue ကို အမှိုက်ပုံးထဲ စနစ်တကျ ပစ်ပါ
  • tissue၊လက်ကိုင်ပဝါ မရှိတဲ့အခါမျိုးမှာ အင်္ကျ ီလက်ဖြင့် အုပ်ဆိုးပါ..
  • ချောင်းဆိုးပြီး အညစ်အကြေးများကိုင်းပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်အောင် ဆေးပါ…

အကယ်၍ ဆပ်ပြာ(သို့) ရေ မရှိပါက hand gel အသုံးပြုနိုင်ပါတယ်..
ဒီလို လက်ကို စင်အောင်ဆေးခြင်းအားဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို အတော်တန် ကာကွယ်ပေးနိုင်တဲ့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ များကိုပါ ကာကွယ်ပေးနိုင်ပါတယ်…

ဒါကြောင့် ရောဂါပိုးမွှားကို အလွယ်တကူ မကူးစက်အောင် ချောင်းဆိုးနှာချေပြုရာမှာ စနစ်တကျအုပ်ဆိုးခြင်း၊ စွန့်ပစ်ခြင်းများ ပြုလုပ်သင့်ပါတယ်..ဒါ့ပြင် နောက်ထပ် အကြုံပြုချင်တာကတော့ သင်ဟာ ဖျားနှာပြီး နှာစေချောင်းဆိုးနေလျှင် တခြားသူများကို မကူးစက်စေရန် …

  • ဖြစ်နိုင်ပါက အလုပ် ကျောင်း အစရှိသည်တို့်ကို မသွားသင့်ပါ…
  • အလျင်မြန်သက်သာစေရန် ကောင်းမွန်စွာ အနားယူပါ
  • ဆေးပတ်လည်အောင် သောက်ပါ
  • အာဟာရ ဖြစ်စေသော အစားအစာများ စားပါ..

ဒီလိုအားဖြင့် သင့်ခန္ဓာကိုယ်ခုခံအား တက်လာပြီး အမြန်ကျန်းမာလာမှာ ဖြစ်ပါတယ်…

” ပိုးမွှားများ လွယ်ကူစွာ မပျံ့နှံ့ဖို့ရာ ချောင်းကို စနစ်တကျ အုပ်ဆိုးပါ….”

ပိုင်နီမောင်



ဒီလို ဖျားနာပြီး​နောက်​ပိုင်း ခန္ဓာကိုယ်​​တွင်းက ပိုးမွှား​တွေကို နှာ​ချေခြင်း၊​ချောင်း​ဆိုးခြင်းဖြင့်​ ထုတ်​လွှတ်​တတ်​ပါတယ်​…ဒါ​ကြောင့်​ မိမိဆီက တဆင့်​ တခြားသူများကို မကူးစက်​ဖို့်အတွက်​ နှာ​ချေ​၊​ချောင်းဆိုခြင်းပြုရာမှာ လက်​ကိုင်​ပုဝါ၊တစ်​သျူး အစရှိသည်​တို့ဖြင့်​ အုပ်​ပြီး ဆိုးသင့်​ပါတယ်​…

  • မိမိလက်​ဖြင့်​သာ အုပ်​ပြီး ဆိုးတဲ့အခါမျိုးမှာ မိမိလက်​မှာ မသန့့်​စင်​​နေခြင်း (သို့) 








ပိုင်​နီ​မောင်

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *