မွေးဖွားပြီးနောက် လေးဆယ့်ငါးရက်တာ လိင်မှုကိစ္စ ရှောင်ရှားစရာ
ဒီခေတ်အခါမှာ အမျိုးသမီးတွေ အတွက် ကလေးတစ်ယောက် မွေးဖွားရတာဟာ မလွယ်ကူလှပါဘူး… မွေးဖွားပြီးနောက်ပိုင်းမှာလည်း အိမ်မှု ကိစ္စ၊ ကလေးကိစ္စ စသည်ဖြင့် ဗျာများရပြန်ပါတယ်… ဒါတွေအပြင် အိမ်ထောင်မှုတစ်ခုမှာ လင်နှင့်မယား သာယာမှုကိုလည်း ထည့်တွက်ရပြန်ပါတယ်… ဒီလိုအကြောင်းတွေကြားမှာ မီးဖွားပြီးနောက်ပိုင်း လိင်ကိစ္စကို တစ်လခွဲ (ခြောက်ပတ်) မျှ ရှောင်သင့်တယ်ဆိုတဲ့ အချက်ကြောင့် မိမိတို့စိတ်ထဲမှာ… လင်ယောကျာ်း အချစ်ပေါ့သွားမှာ (သို့) နောက်ကွယ်မှာ ခြေရှု့ပ်မှာတို့ကို စိုးရိမ်တတ်ကြပါတယ်… ဒါကြောင့် သားသားမီးမီတို့ရဲ့ ဖေဖေမေမေတို့အတွက် မီးဖွားပြီးနောက် လိင်ကိစ္စကို အဘယ်ကြောင့် ရှောင့်ရှားသင့်တယ်ဆိုတာကို ပြောပြချင်ပါတယ်…
မီးဖွား ပြီးနောက်ပိုင်းမှာ လိင်ကိစ္စပြုဖို့ရာ ဘယ်ရွေ့ဘယ်မျှ စောင့်ရမယ်လို့ သတ်မှတ်ထားတာ မရှိပေမယ့်… မွေးဖွားပြီးနောက် တစ်ပတ် နှစ်ပတ်အတွင်းဟာ မီးဖွားမှုနောက်ဆက်တွဲ ပြသနာတွေ ကြုံတွေ့ရတတ်သေးတာမို့ သေချာပေါက် ရှောင်ကြဉ်သင့်ပါတယ်.. ဒါပြင် ကုန်းခမ်းသွားတဲ့ အားအင်တွေ ပြန်လည် ဖြည့်တင်းဖို့လိုပါတယ်..
မိမိဟာ သာမန်မွေးလမ်းကြောင်းမှ မွေးလျှင် မွေးလမ်းကြောင်းခဲျ့ထားခြင်း၊ ဗိုက်ခွဲမွေးထားလျှင် ချုပ်ရိုး အနာကျက်အောင် စောင့်ရခြင်းတို့အပြင် မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ မိန်းမကိုယ်မှ အရည်ဆင်းနေသေးခြင်း၊ နာကျင်ခြင်းတွေ ကြုံရနိုင်သေးသလို မွေးဖွားပြီးနောက်ပိုင်းမှာလဲ ဟော်မုန်းအပြောင်းအလဲ ဖြစ်နေချိန် အထူးသဖြင့် ကလေးနို့ချိုတိုက်ကျွေးနေချိန်မှာ မိန်းမကိုယ်ဟာ ခြောက်သွေ့တာ နာကျင်တာ ပိုဖြစ်တတ်တာမို့ လိင်ကိစ္စအပေါ် စိတ်နည်းပါးနိုင်ပါတယ်…
အနာကျက်ဖို့ စောင့်ဆိုင်းနေချိန်မှာ အနာကို ပြင်ပ ရောဂါပိုးတွေ မဝင်ဖို့ ဂရုစိုက်ရပါတယ်… tampon အသုံးပြုခြင်း၊ တခြားသော အရာပစ္စည်းများ မိန်းမကိုယ်ထဲ ထိုးသွင်းခြင်း၊ လိင်ကိစ္စ ပြုခြင်းတွေ မပြုလုပ်သင့်ပါဘူး.. သို့မဟုတ်ပါက ရောဂါပိုးများ ဝင်နိုင်ပါတယ်..
ချုပ်ရိုးအနာကျက်ဖို့ရာ အနည်းဆုံး သုံးလေးပတ်မှ အနာချုပ်ရိုးပေါ်လိုက်ပြီး ကြာနိုင်ပါတယ်.. ဒီအတောတွင်းမှာ သင်ဟာ အမူမဲ့ လိင်ကိစ္စပြုမိပါက မိမိကိုယ်ကို နာကျင်စေရုံသာမက ချုပ်ရိုးပြေခြင်း၊ ထပ်မံ ဆုတ်ပြဲ ဒဏ်ရာ ရခြင်းကြောင့် နောက်ထပ်ခွဲခန်းတွင် ချုပ်ရခြင်း၊ ခွဲစိတ်ရခြင်းတွေ ပြုလုပ်ရနိုင်ပါတယ်..
ဒါကြောင့် ဒီလိုစောင့်ဆိုင်းနေချိန်မှ.. မိမိအား မှာထားသော ဆေးဝါးများ ၊ အစားအသောက်များ၊ နေထိုင်မှု ပုံစံနှင့် လေ့ကျင့်ခန်းများကို ဂရုတစိုက်ပြုလုပ်သင့်ပါတယ်…
အကယ်၍ သင်ဟာ မွေးပြီးနောက် ခြောက်ပတ်အကြာမှ လိင်ဆက်ဆံသော်ငြား နာကျင်မှု ဖြစ်မှာ စိုးရိမ်ပါက …
- အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်း၊ ဆီးအိမ်မတင်းအောင် ဆီးသွားထားခြင်း၊ ဆက်ဆံပြီးနောက် နာကျင်ပါက မိန်းမကိုယ်တဝိုက် ရေခဲအုပ်ခြင်း
- မိန်းမကိုယ် ခြောက်သွေ့နေပါက lubricants သုံးခြင်း
- မိန်းမကိုယ်ဖြင့် ဆက်ဆံခြင်းမဟုတ်ပဲ တခြားသော နည်းလမ်းများ နှစ်ဦးအတူ အာသာဖြေခြင်းမျာ နှိပ်နယ်ပေးခြင်း စသည့်နည်းများဖြင့် ကျေနပ်မှု ရယူခြင်း
- မိမိ မပင်ပန်းချိန် မျိုး စိတ်ကြည်သာနေချိန်မျိုးတွင် ဆက်ဆံခြင်းများ ပြုလုပ်နိုင်ပါတယ်…
မွေးဖွားပြီး ခြောက်ပတ်နှောင်းပိုင်း လိင်ဆက်ဆံတဲ့အခါမှာ နာကျင်ခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ ပြသနာများ ကြုံတွေ့နေရသေးပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကာ ကုသသင့်ပါတယ်..
ဒါကြောင့် အမျိုးသမီးများသာမက မိမိ၏ ခင်ပွန်းကိုပါ အဘယ်ကြောင့် မီးဖွားပြီးနောက် လေးဆယ့်ငါးရက်ကြာ လိင်ကိစ္စ ရှောင်သင့်သလဲ သိရှိထားပါက လင်နှင့်မယား ကြား နားလည်မှုတိုးကာ အိမ်ထောင်ရေး သာယာမှု ပိုရနိုင်မှာ ဖြစ်ပါတယ်…
သာယာလှပသော အိမ်ထောင်မှုဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက် ….
ပိုင်နီမောင်
ေမြးဖြားၿပီးေနာက္ ေလးဆယ့္ငါးရက္တာ လိင္မႈကိစၥ ေ႐ွာင္႐ွားစရာ
ဒီေခတ္အခါမွာ အမ်ိဳးသမီးေတြ အတြက္ ကေလးတစ္ေယာက္ ေမြးဖြားရတာဟာ မလြယ္ကူလွပါဘူး… ေမြးဖြားၿပီးေနာက္ပိုင္းမွာလည္း အိမ္မႈ ကိစၥ၊ ကေလးကိစၥ စသည္ျဖင့္ ဗ်ာမ်ားရျပန္ပါတယ္… ဒါေတြအျပင္ အိမ္ေထာင္မႈတစ္ခုမွာ လင္ႏွင့္မယား သာယာမႈကိုလည္း ထည့္တြက္ရျပန္ပါတယ္… ဒီလိုအေၾကာင္းေတြၾကားမွာ မီးဖြားၿပီးေနာက္ပိုင္း လိင္ကိစၥကို တစ္လခဲြ (ေျခာက္ပတ္) မွ် ေ႐ွာင္သင့္တယ္ဆိုတဲ့ အခ်က္ေၾကာင့္ မိမိတို႔စိတ္ထဲမွာ… လင္ေယာက်ာ္း အခ်စ္ေပါ့သြားမွာ (သို႔) ေနာက္ကြယ္မွာ ေျခ႐ႈ့ပ္မွာတို႔ကို စိုးရိမ္တတ္ၾကပါတယ္… ဒါေၾကာင့္ သားသားမီးမီတို႔႐ဲ႕ ေဖေဖေမေမတို႔အတြက္ မီးဖြားၿပီးေနာက္ လိင္ကိစၥကို အဘယ္ေၾကာင့္ ေ႐ွာင့္႐ွားသင့္တယ္ဆိုတာကို ေျပာျပခ်င္ပါတယ္…
မီးဖြား ၿပီးေနာက္ပိုင္းမွာ လိင္ကိစၥျပဳဖို႔ရာ ဘယ္ေရြ႔ဘယ္မွ် ေစာင့္ရမယ္လို႔ သတ္မွတ္ထားတာ မ႐ွိေပမယ့္… ေမြးဖြားၿပီးေနာက္ တစ္ပတ္ ႏွစ္ပတ္အတြင္းဟာ မီးဖြားမႈေနာက္ဆက္တဲြ ျပသနာေတြ ၾကံဳေတြ႔ရတတ္ေသးတာမို႔ ေသခ်ာေပါက္ ေ႐ွာင္ၾကဥ္သင့္ပါတယ္.. ဒါျပင္ ကုန္းခမ္းသြားတဲ့ အားအင္ေတြ ျပန္လည္ ျဖည့္တင္းဖို႔လိုပါတယ္..
မိမိဟာ သာမန္ေမြးလမ္းေၾကာင္းမွ ေမြးလွ်င္ ေမြးလမ္းေၾကာင္းခဲ့်ထားျခင္း၊ ဗိုက္ခဲြေမြးထားလွ်င္ ခ်ဳပ္႐ိုး အနာက်က္ေအာင္ ေစာင့္ရျခင္းတို႔အျပင္ မိန္းမကုိယ္ေျခာက္ေသြ႔ျခင္း၊ မိန္းမကုိယ္မွ အရည္ဆင္းေနေသးျခင္း၊ နာက်င္ျခင္းေတြ ၾကံဳရႏိုင္ေသးသလို ေမြးဖြားၿပီးေနာက္ပိုင္းမွာလဲ ေဟာ္မုန္းအေျပာင္းအလဲ ျဖစ္ေနခ်ိန္ အထူးသျဖင့္ ကေလးႏို႔ခ်ိဳတိုက္ေကြၽးေနခ်ိန္မွာ မိန္းမကုိယ္ဟာ ေျခာက္ေသြ႔တာ နာက်င္တာ ပိုျဖစ္တတ္တာမို႔ လိင္ကိစၥအေပၚ စိတ္နည္းပါးႏိုင္ပါတယ္…
အနာက်က္ဖို႔ ေစာင့္ဆိုင္းေနခ်ိန္မွာ အနာကို ျပင္ပ ေရာဂါပိုးေတြ မဝင္ဖို႔ ဂ႐ုစိုက္ရပါတယ္… tampon အသံုးျပဳျခင္း၊ တျခားေသာ အရာပစၥည္းမ်ား မိန္းမကုိယ္ထဲ ထိုးသြင္းျခင္း၊ လိင္ကိစၥ ျပဳျခင္းေတြ မျပဳလုပ္သင့္ပါဘူး.. သို႔မဟုတ္ပါက ေရာဂါပိုးမ်ား ဝင္ႏိုင္ပါတယ္..
ခ်ဳပ္႐ိုးအနာက်က္ဖို႔ရာ အနည္းဆံုး သံုးေလးပတ္မွ အနာခ်ဳပ္႐ိုးေပၚလိုက္ၿပီး ၾကာႏိုင္ပါတယ္.. ဒီအေတာတြင္းမွာ သင္ဟာ အမူမဲ့ လိင္ကိစၥျပဳမိပါက မိမိကုိယ္ကို နာက်င္ေစရံုသာမက ခ်ဳပ္႐ိုးေျပျခင္း၊ ထပ္မံ ဆုတ္ျပဲ ဒဏ္ရာ ရျခင္းေၾကာင့္ ေနာက္ထပ္ခဲြခန္းတြင္ ခ်ဳပ္ရျခင္း၊ ခဲြစိတ္ရျခင္းေတြ ျပဳလုပ္ရႏိုင္ပါတယ္..
ဒါေၾကာင့္ ဒီလိုေစာင့္ဆိုင္းေနခ်ိန္မွ.. မိမိအား မွာထားေသာ ေဆးဝါးမ်ား ၊ အစားအေသာက္မ်ား၊ ေနထိုင္မႈ ပံုစံႏွင့္ ေလ့က်င့္ခန္းမ်ားကို ဂ႐ုတစိုက္ျပဳလုပ္သင့္ပါတယ္…
အကယ္၍ သင္ဟာ ေမြးၿပီးေနာက္ ေျခာက္ပတ္အၾကာမွ လိင္ဆက္ဆံေသာ္ျငား နာက်င္မႈ ျဖစ္မွာ စိုးရိမ္ပါက …
- အကုိက္အခဲေပ်ာက္ေဆးေသာက္ျခင္း၊ ေရေႏြးျဖင့္ ေရခ်ိဳးျခင္း၊ ဆီးအိမ္မတင္းေအာင္ ဆီးသြားထားျခင္း၊ ဆက္ဆံၿပီးေနာက္ နာက်င္ပါက မိန္းမကုိယ္တဝိုက္ ေရခဲအုပ္ျခင္း
- မိန္းမကုိယ္ ေျခာက္ေသြ႕ေနပါက lubricants သံုးျခင္း
- မိန္းမကိုယ္ျဖင့္ ဆက္ဆံျခင္းမဟုတ္ပဲ တျခားေသာ နည္းလမ္းမ်ား ႏွစ္ဦးအတူ အာသာေျဖျခင္းမ်ာ ႏွိပ္နယ္ေပးျခင္း စသည့္နည္းမ်ားျဖင့္ ေက်နပ္မႈ ရယူျခင္း
- မိမိ မပင္ပန္းခ်ိန္ မ်ိဳး စိတ္ၾကည္သာေနခ်ိန္မ်ိဳးတြင္ ဆက္ဆံျခင္းမ်ား ျပဳလုပ္ႏုိင္ပါတယ္…
ေမြးဖြားၿပီး ေျခာက္ပတ္ေႏွာင္းပိုင္း လိင္ဆက္ဆံတဲ့အခါမွာ နာက်င္ျခင္းမ်ား၊ စိတ္ပိုင္းဆိုင္ရာ ျပသနာမ်ား ၾကံဳေတြ႔ေနရေသးပါက ဆရာဝန္ႏွင့္ ေဆြးေႏြးတိုင္ပင္ကာ ကုသသင့္ပါတယ္..
ဒါေၾကာင့္ အမ်ိဳးသမီးမ်ားသာမက မိမိ၏ ခင္ပြန္းကိုပါ အဘယ္ေၾကာင့္ မီးဖြားၿပီးေနာက္ ေလးဆယ့္ငါးရက္ၾကာ လိင္ကိစၥ ေ႐ွာင္သင့္သလဲ သိ႐ွိထားပါက လင္ႏွင့္မယား ၾကား နားလည္မႈတိုးကာ အိမ္ေထာင္ေရး သာယာမႈ ပိုရႏိုင္မွာ ျဖစ္ပါတယ္…
သာယာလွပေသာ အိမ္ေထာင္မႈဘဝကို ပိုင္ဆိုင္ၾကပါေစလို႔ ေတာင္းဆု ေမတၱာျပဳလ်က္ ….
ပိုင္နီေမာင္