“သင်ဖျားနေချိန် ဘာကြောင့် အိမ်မှာ နားနေသင့်တာလဲ”
ခုလို မိုးရာသီချိန်မျိုးမှာ ရာသီတုပ်ကွေး၊ အအေးမိဖျားခြင်း၊နှာစေးခြင်း စတာတွေ ဖြစ်ကြပါတယ်.. ဆေးခန်းသွားပြပြီးတဲ့အခါမှာလည်း သင့်ကို အိမ်မှာ နားနေသင့်ကြောင်း ၊ အလုပ်အကိုင်တွေကို ဖြစ်နိုင်ပါက ခေတ္တရပ်နားသင့်ကြောင်း မှာပါလိမ့်မယ်… ဘာကြောင့်လဲ ?
“လုပ်ငန်းခွင်မနှောင့်နှေးစေရန်”
သင်တကယ်ဖျားနေချိန်မှာ အလုပ် / ရုံးသို့ မသွားသင့်ပါဘူး.. အလုပ်ကြောင့် စိတ်ဖိဆီးမှုတွေများတဲ့အခါမှာ ပျောက်ကင်းရန် ခက်ခဲသလို.. အလုပ်ခွင်မှာလဲ စိတ်အာရုံသေချာမစိုက်နိုင်တာမို့ ပိုနှောင့်နှေးစေပါတယ်.. ဒါပြင် လူကြားသူကြားထဲ အလုပ်လုပ်နေရတဲ့သူတွေအဖို့ မိမိဟာနေမကောင်းဖြစ်နေချိန် ၊ကိုယ်ခံအားကျဆင်းနေချိန်ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ တခြားသောရောဂါပိုးများ ကူးစက်နိုင်တာမို့ … “တစ်ပူပေါ် တစ်ပူဆင့်” ဖြစ်တတ်ပါတယ်..ဒါကြောင့် ခွင့်(leave) ယူသင့်ပါက ယူပါ..
” ကိုယ့်ဆီမှာရှိနေတဲ့ အဖျားတွေကို တခြားသူတွေကို မကူးစေရန်”
ကျောင်းသွားနေရသူ ၊ရုံးသွားနေရသူ ဖြစ်ဖြစ်… မိမိပတ်ဝန်းကျင်က သူတွေကို အဖျားမကူးစက်မှာစိုးလို့ အနားယူတတ်ကြပါတယ်..
“လုံလောက်တဲ့ အိပ်စက်မှု ”
– အိပ်စက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်က အသုံးချရတဲ့ အားအင်(energy)ဟာ တစ်ဝက်လောက် လျော့ကျသွားတာမို့ ..ဖျားနာချိန်မှာ သေချာအိပ်စက်အနားယူသင့်ပါတယ်…
“ပြင်းထန်သော လှုပ်ရှားမှုများ မပြုလုပ်သင့်”
– ဖျားနေချိန်မှာ အတော်တန်လှုပ်ရှားသွားလာခြင်း မပြုလုပ်သင့်ပါဘူး..ဒီလို မလှုပ်ရှားခြင်းဖြင့် သင့်ခန္ဓာကိုယ်ဟာ ဖျားနာခြင်းကိုပြန်လည်တိုက်ဖို့ အားပိုရပါတယ်…သို့မဟုတ်ပဲ လှုပ်ရှားတဲ့အခါမှာ သင့်ခန္ဓာကိုယ်အပူချိန် ပိုမြင့်တက်လာပါမယ်.. ဒီအချိန်မှာ ခန္ဓာကိုယ်တွင်း အဖျားပိုးတွေဟာ ပိုမိုပွားလာနိုင်ပါတယ်..
– ဖြစ်နိုင်ပါက.. ကုတင်ပေါ်နားနားနေနေ လှဲလျောင်းပါ.. ဒီအခါမှာ သင့်ခန္ဓာကိုယ်သွေးလည်ပတ်မှု အားကောင်းစေပါတယ်…
ဒါကြောင့် သင် မကျန်းမာနေတဲ့အခါမျိုးမှာ သေချာအနားယူသင့်ပါတယ်…နွေးနွေးထွေးထွေးနေပါ…ဆေးကို ပုံမှန်သောက်ပါ… ယခုခေတ်မှာ facebook ၊instagram၊ whatsapp စသည့် social media တွေကို အရမ်းသုံးလာတာမို့ .. ဖျားနာနေတဲ့ အချိန်မှာ ဖြစ်နိုင်ပါက ဖုန်းကို ပိတ်ထားပါ… စိတ်ရောကိုယ်ပါ အနားပေးပါ…ဒီလိုပြုလုပ်ခြင်းအားဖြင့် မိမိအတွက် လိုအပ်သော အားအင်များ ပြန်လည်ဖြည့်တင်းနိုင်တဲ့အပြင် ဖျားနာခြင်းအမြန်ပျောက်ကင်းနိုင်ပါတယ်…
“ဖျားနာခြင်းကင်းဝေးပြီး ကျန်းမာသန်စွမ်းဖို့ရာ … လုံလောက်စွာအနားယူပါ”
ပိုင်နီမောင်