သူဘာလို့ မလာတာလဲ?
ခါတိုင်းပုံမှန်ရာသီလာနေကျ အမျိုးသမီးတစ်ယောက် ရာသီလာရမယ့်အချိန်မှာ မလာဘူးဆိုရင် ပထမဆုံးအနေနဲ့ စဉ်းစားမိကြတာတော့ ကိုယ်ဝန်ပါပဲ။
ဟုတ်ပါတယ်…..ကိုယ်ဝန်ရှိခြင်းဟာ ရာသီမလာရတဲ့အဓိက အကြောင်းရင်းတစ်ခုပြဲဖစ်ပါတယ်။
ဒါပေမယ့်….အခြားဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းလေးတွေလည်း ရှိပါသေးတယ် –
၁။ စိတ်ဖိဆီးမှုများခြင်း
အကြောင်းကြောင်းသော စိတ်ဖိစီးမှုတွေ (စာမေးပွဲ၊အလုပ်ဖိစီးခြင်း၊ မိသားစု၊လူမှုရေး၊ငွေရေးကြေးရေး ပြသနာများ)ရှိလာတဲ့အခါ ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်အောင်လုပ်ပေးနိုင်မယ့် ဟော်မုန်းတွေကို ဦးနှောက်က မထိန်းချုပ်နိုင်တော့ပါဘူး။ ထိုအခါ ဓမ္မတာရာသီလည်း လာသင့်တဲ့အချိန်မှာမလာနိုင်ဘဲ ရပ်သွားတတ်ပါတယ်။
စိတ်မပူပါနဲ့….စိတ်ဖိဆီးမှုတွေ လျော့ကျသွားတဲ့အခါ ရာသီစက်ဝန်းအလိုအလျောက်ပုံမှန်ပြန်လည်ပတ်ပါလိမ့်မယ်။ဒါကြောင့် စိတ်ဖိဆီးမှုလျော့ကျအောင် အနားယူ အပန်းဖြေခြင်း၊တရားထိုင်ခြင်း၊စိတ်ပြေလက်ပျောက်ခရီးသွားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းများ ပြုလုပ်သင့်ပါတယ်။
၂။လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း
ပြင်းထန်တဲ့လေ့ကျင့်ခန်းများ၊ပြင်းထန်တဲ့အားကစားများပြုလုပ်နေတဲ့ အမျိုးသမီးတွေမှာလည်း ဓမ္မတာရာသီရပ်သွားတတ်ပါတယ်။
ထိုအခါမျိုးမှာ အားကစား လေ့ကျင့်ခန်းလုပ်ချိန်နည်းနည်းလောက်ပြန်လျှော့ချတာ (သို့မဟုတ်) သိပ်မပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး ပြောင်းကစားသင့်ပါတယ်။
၃။ဝိတ်အချလွန်သွားပြီလား
မိန်းကလေးတစ်ယောက်ဟာ ပုံမှန်ရှိရမယ့် ကိုယ်အလေးချိန်ထက် ၁၀ ရာခိုင်နှုန်းအောက်လျော့နည်းနေပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းဓာတ်တွေဟာ ပုံမှန်လုပ်ငန်းစဉ်တွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့လို့ သားဥကြွေခြင်း၊ရာသီသွေးဆင်းခြင်းများ ရပ်တန့်သွားတတ်ပါတယ်။
ဝိတ်ချလွန်သွားပြီး အရမ်းပိန်သွားတာမျိုး၊ အစားအသောက်ပုံမမှန်တဲ့ ရောဂါခံစားနေလို့ အစာစားချင်စိတ်မရှိတဲ့ မိန်းကလေးတွေမှာ ခုလို ရာသီလာတာရပ်သွားတဲ့ပြသနာမျိုးတွေ့ရတတ်ပါတယ်။ အစားပုံမှန်ပြန်စားနိုင်တဲ့အခါမှာ ရာသီစက်ဝနိးဟာပုံမှန်ပြန်လည်လည်ပတ်ပါလိမ့်မယ်။
အကယ်၍သင်ရာသီလာနေရာက ရပ်သွားခဲ့မယ်၊လာနေကျရက်မှာ ရာသီမလာတော့ဘူးဆိုရင် အထက်ပါ အကြောင်းအချက်များနဲ့တိုက်ဆိုင်ကြည့်ပါ။ အထက်ပါ အကြောင်းတွေထဲက တစ်ချက်နဲ့မှ မတိုက်ဆိုင်ခဲ့ဘူးဆိုရင် တော့ အခြား သားအိမ်ရောဂါ၊ဟော်မုန်းပုံမမှန်တဲ့ရောဂါအပါအဝင် အခြားဆက်စပ်ရောဂါများဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ပြသတိုင်ပင်ကြည့်နိုင်ပါတယ်။
My Doctor Chat Box မှတစ်ဆင့်လည်း ဆရာဝန်များနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ဒေါက်တာဝင်း(UM 2)
သူဘာလို႔ မလာတာလဲ?
ခါတိုင္းပံုမွန္ရာသီလာေနက် အမ်ိဳးသမီးတစ္ေယာက္ ရာသီလာရမယ့္အခ်ိန္မွာ မလာဘူးဆိုရင္ ပထမဆံုးအေနနဲ႔ စဥ္းစားမိၾကတာေတာ့ ကိုယ္ဝန္ပါပဲ။
ဟုတ္ပါတယ္…..ကိုယ္ဝန္ရွိျခင္းဟာ ရာသီမလာရတဲ့အဓိက အေၾကာင္းရင္းတစ္ခုပျဲဖစ္ပါတယ္။
ဒါေပမယ့္….အျခားျဖစ္ႏိုင္ေခ်႐ွိတဲ့ အေၾကာင္းရင္းေလးေတြလည္း ႐ွိပါေသးတယ္ –
၁။ စိတ္ဖိဆီးမႈမ်ားျခင္း
အေၾကာင္းေျကာင္းေသာ စိတ္ဖိစီးမႈေတြ (စာေမးပြဲ၊အလုပ္ဖိစီးျခင္း၊ မိသားစု၊လူမႈေရး၊ေငြေရးေၾကးေရး ျပသနာမ်ား)႐ွိလာတဲ့အခါ ရာသီစက္ဝန္းကို ပံုမွန္လည္ပတ္ေအာင္လုပ္ေပးႏိုင္မယ့္ ေဟာ္မုန္းေတြကို ဦးေႏွာက္က မထိန္းခ်ဳပ္ႏိုင္ေတာ့ပါဘူး။ ထိုအခါ ဓမၼတာရာသီလည္း လာသင့္တဲ့အခ်ိန္မွာမလာႏိုင္ဘဲ ရပ္သြားတတ္ပါတယ္။
စိတ္မပူပါနဲ႔….စိတ္ဖိဆီးမႈေတြ ေလ်ာ့က်သြားတဲ့အခါ ရာသီစက္ဝန္းအလိုအေလ်ာက္ပံုမွန္ျပန္လည္ပတ္ပါလိမ့္မယ္။ဒါေၾကာင့္ စိတ္ဖိဆီးမႈေလ်ာ့က်ေအာင္ အနားယူ အပန္းေျဖျခင္း၊တရားထိုင္ျခင္း၊စိတ္ေျပလက္ေပ်ာက္ခရီးသြားျခင္း၊ အိပ္ေရးဝဝအိပ္ျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။
၂။ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္လုပ္ျခင္း
ျပင္းထန္တဲ့ေလ့က်င့္ခန္းမ်ား၊ျပငး္ထန္တဲ့အားကစားမ်ားျပဳလုပ္ေနတဲ့ အမ်ိဳးသမီးေတြမွာလည္း ဓမၼတာရာသီရပ္သြားတတ္ပါတယ္။
ထိုအခါမ်ိဳးမွာ အားကစား ေလ့က်င့္ခန္းလုပ္ခ်ိန္နည္းနည္းေလာက္ျပန္ေလ်ွာ့ခ်တာ (သို႔မဟုတ္) သိပ္မျပင္းထန္တဲ့ေလ့က်င့္ခန္းမ်ိဳး ေျပာင္းကစားသင့္ပါတယ္။
၃။ဝိတ္အခ်လြန္သြားၿပီလား
မိန္းကေလးတစ္ေယာက္ဟာ ပံုမွန္႐ွိရမယ့္ ကိုယ္အေလးခ်ိန္ထက္ ၁၀ ရာခိုင္ႏႈန္းေအာက္ေလ်ာ့နည္းေနၿပီဆိုရင္ ခႏၶာကိုယ္ရဲ႕ ေဟာ္မုန္းဓာတ္ေတြဟာ ပံုမွန္လုပ္ငန္းစဥ္ေတြကို ပံုမွန္မလုပ္ေဆာင္ႏိုင္ေတာ့လို႔ သားဥေႂကြျခင္း၊ရာသီေသြးဆင္းျခင္းမ်ား ရပ္တန္႔သြားတတ္ပါတယ္။
ဝိတ္ခ်လြန္သြားၿပီး အရမ္းပိန္သြားတာမ်ိဳး၊ အစားအေသာက္ပံုမမွန္တဲ့ ေရာဂါခံစားေနလို႔ အစာစားခ်င္စိတ္မ႐ွိတဲ့ မိန္းကေလးေတြမွာ ခုလို ရာသီလာတာရပ္သြားတဲ့ျပသနာမ်ိဳးေတြ႔ရတတ္ပါတယ္။ အစားပံုမွန္ျပန္စားႏိုင္တဲ့အခါမွာ ရာသီစက္ဝနိးဟာပံုမွန္ျပန္လည္လည္ပတ္ပါလိမ့္မယ္။
အကယ္၍သင္ရာသီလာေနရာက ရပ္သြားခဲ့မယ္၊လာေနက်ရက္မွာ ရာသီမလာေတာ့ဘူးဆိုရင္ အထက္ပါ အေၾကာင္းအခ်က္မ်ားနဲ႔တိုက္ဆိုင္ၾကည့္ပါ။ အထက္ပါ အေၾကာင္းေတြထဲက တစ္ခ်က္နဲ႔မွ မတိုက္ဆိုင္ခဲ့ဘူးဆိုရင္ ေတာ့ အျခား သားအိမ္ေရာဂါ၊ေဟာ္မုန္းပံုမမွန္တဲ့ေရာဂါအပါအဝင္ အျခားဆက္စပ္ေရာဂါမ်ားျဖစ္ေနႏိုင္တာမို႔ ဆရာဝန္နဲ႔ျပသတိုင္ပင္ၾကည့္ႏိုင္ပါတယ္။
My Doctor Chat Box မွတစ္ဆင့္လည္း ဆရာဝန္မ်ားနဲ႔ အခမဲ့ တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။
ေဒါက္တာဝင္း(UM 2)