Waist circumference ဘာလို့ အရေးကြီးလဲ?

Waist circumference ကို မြန်မာလို တိုက်ရိုက်ဘာသာပြန်ရရင်တော့ ခါးရဲ့ လုံးပတ်အဝန်းပေါ့။ အပ်ချုပ်ပညာလိုဆိုရင်တော့ ခါးအကျယ်လို့ ခေါ်နိုင်မယ်ထင်ပါတယ်။

“Waist circumference ဘာကြောင့် အရေးကြီးသလဲ”

Waist circumference က ကိုယ်တွင်းကလီစာတွေမှာ ဖုံးနေတဲ့ အဆီတွေကို သွယ်ဝိုက်သောနည်းနဲ့ ဖော်ပြပါတယ်။

ကျွန်မတို့ ခန္ဓာကိုယ်မှာ အဆီပိုတွေဟာ ဝမ်းဗိုက်၊ တင်ပါးနဲ့ ပေါင်တွေမှာ များသောအားဖြင့် စုလေ့ရှိပါတယ်။ ဆေးပညာကတော့ အဆီဘယ်လောက်ရှိတယ်ဆိုတာထက် ဘယ်နေရာမှာ ရှိတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်မှာ အဆီစုတဲ့ နေရာတွေကို upper body/android/male type နဲ့ lower body/gynoid/female type ဆိုပြီး အမျိုးအစား (2) မျိုး ခွဲခြားထားပါတယ်။

ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်း အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီစုဝေးတာကို android type လို့ခေါ်ပြီး အဝလွန်တဲ့ အမျိုးသားတွေမှာ တွေ့ရများပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းတွေဖြစ်တဲ့ တင်ပါးနဲ့ ပေါင်တွေမှာ အဆီစုဝေးတာကိုတော့ gynoid type လို့ခေါ်ပြီး အဝလွန်တဲ့ အမျိုးသမီးတွေမှာ တွေ့ရပါတယ်။ ပညာရပ်ဆိုင်ရာ လေ့လာမှုတွေအရ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓါတ်များတာနဲ့ လေဖြတ်တာတွေဟာ ပထမအမျိုးအစားဖြစ်တဲ့ android obesity နဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။

မိမိရဲ့ BMI ဟာ ပုံမှန်ဖြစ်နေရင်တောင်မှ ဝမ်းဗိုက်မှာ (တစ်နည်းအားဖြင့် ကိုယ်တွင်းကလီစာတွေမှာ) အဆီတွေများနေရင် ဒါဟာ အန္တရာယ်ရှိတဲ့ လက္ခဏာတစ်ခုပါ။ ဒါကြောင့် ကျွန်မတို့ဟာ ဝမ်းဗိုက်မှာ အဆီစုဝေးမှု အခြေအနေကို သိဖို့ လိုအပ်ပါတယ်။ ဒါကို waist circumference ကနေတစ်ဆင့် သိနိုင်ပါတယ်။

“Waist circumference ဘယ်လိုတိုင်းမလဲ”

ချက်ရဲ့အထက် 4 cm (စင်တီမီတာ) နေရာကနေ ပေကြိုးနဲ့ တိုင်းတာက အလွယ်ဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။ သတိထားရမှာက တိုင်းတဲ့အခါ ပေကြိုးကို မလျော့မတင်း ရေပြင်ညီအတိုင်းထားပြီး တိုင်းပေးဖို့ လိုအပ်ပါတယ်။

အမျိုးသားတွေက waist circumference လက်မ 40 အောက်ရှိသင့်ပြီး အမျိုးသမီးတွေကတော့ 35 လက်မအောက် ရှိသင့်ပါတယ်။

အပေါ်မှာပြောခဲ့သလိုပဲ waist circumference ဟာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓါတ်များတာ၊ လေဖြတ်တာတွေနဲ့ ဆက်စပ်နေတာကြောင့် waist circumference လက်မ 40 အထက် အမျိုးသားတွေနဲ့ 35 လက်မအထက် အမျိုးသမီးတွေကို တတ်ကျွမ်းတဲ့ ဆရာဝန်/ပညာရှင်တွေနဲ့ တိုင်ပင်ကြဖို့ အကြံပေးလိုပါတယ်။

(မှတ်ချက်။ ။ အထက်ပါ ဖော်ပြချက်သည် အရပ် 5 ပေ အောက် ရှိသူများအတွက် အကျုံးမဝင်ပါ။)

“Waist circumference ၏ အားသာချက်နှင့် အားနည်းချက်များ”

တိုင်းတာရ လွယ်ကူရိုးရှင်းတာကတော့ သူ့ရဲ့ အားသာချက်ဖြစ်ပါတယ်။
ဒါပေမယ့် BMI 35 kg/m2 နဲ့ အထက် ရှိတဲ့သူတွေမှာတော့ တိကျတဲ့အဖြေ သိပ်မပေးနိုင်တဲ့အတွက် အဲ့လိုလူတွေမှာတော့ waist circumference ကို တိုင်းတာတာဟာ အကျိုးမရှိနိုင်ပါဘူး။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetics (UK)

Waist circumference ဘာလို႔ အေရးႀကီးလဲ?

Waist circumference ကို ျမန္မာလို တိုက္ရိုက္ဘာသာျပန္ရရင္ေတာ့ ခါးရဲ႕ လံုးပတ္အ၀န္းေပါ့။ အပ္ခ်ဳပ္ပညာလိုဆိုရင္ေတာ့ ခါးအက်ယ္လို႔ ေခၚႏိုင္မယ္ထင္ပါတယ္။

“Waist circumference ဘာေၾကာင့္ အေရးၾကီးသလဲ”

Waist circumference က ကိုယ္တြင္းကလီစာေတြမွာ ဖံုးေနတဲ့ အဆီေတြကို သြယ္၀ိုက္ေသာနည္းနဲ႔ ေဖာ္ျပပါတယ္။

ကြ်န္မတို႔ ခႏၶာကိုယ္မွာ အဆီပိုေတြဟာ ၀မ္းဗိုက္၊ တင္ပါးနဲ႔ ေပါင္ေတြမွာ မ်ားေသာအားျဖင့္ စုေလ့ရွိပါတယ္။ ေဆးပညာကေတာ့ အဆီဘယ္ေလာက္ရွိတယ္ဆိုတာထက္ ဘယ္ေနရာမွာ ရွိတယ္ဆိုတာက ပိုအေရးၾကီးတယ္လို႔ ဆိုပါတယ္။ ခႏၶာကိုယ္မွာ အဆီစုတဲ့ ေနရာေတြကို upper body/android/male type နဲ႔ lower body/gynoid/female type ဆိုျပီး အမ်ိဳးအစား (2) မ်ိဳး ခြဲျခားထားပါတယ္။

ခႏၶာကိုယ္ရဲ႕ အေပၚပိုင္း အထူးသျဖင့္ ၀မ္းဗိုက္မွာ အဆီစုေ၀းတာကို android type လို႔ေခၚျပီး အ၀လြန္တဲ့ အမ်ိဳးသားေတြမွာ ေတြ႔ရမ်ားပါတယ္။ ခႏၶာကိုယ္ေအာက္ပိုင္းေတြျဖစ္တဲ့ တင္ပါးနဲ႔ ေပါင္ေတြမွာ အဆီစုေ၀းတာကိုေတာ့ gynoid type လို႔ေခၚျပီး အ၀လြန္တဲ့ အမ်ိဳးသမီးေတြမွာ ေတြ႔ရပါတယ္။ ပညာရပ္ဆိုင္ရာ ေလ့လာမႈေတြအရ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ၊ ေသြးတြင္းအဆီဓါတ္မ်ားတာနဲ႔ ေလျဖတ္တာေတြဟာ ပထမအမ်ိဳးအစားျဖစ္တဲ့ android obesity နဲ႔ ဆက္စပ္ေနတာ ေတြ႔ရပါတယ္။

မိမိရဲ႕ BMI ဟာ ပံုမွန္ျဖစ္ေနရင္ေတာင္မွ ၀မ္းဗိုက္မွာ (တစ္နည္းအားျဖင့္ ကိုယ္တြင္းကလီစာေတြမွာ) အဆီေတြမ်ားေနရင္ ဒါဟာ အႏၲရာယ္ရွိတဲ့ လကၡဏာတစ္ခုပါ။ ဒါေၾကာင့္ ကြ်န္မတို႔ဟာ ၀မ္းဗိုက္မွာ အဆီစုေ၀းမႈ အေျခအေနကို သိဖို႔ လိုအပ္ပါတယ္။ ဒါကို waist circumference ကေနတစ္ဆင့္ သိႏုိင္ပါတယ္။

“Waist circumference ဘယ္လိုတိုင္းမလဲ”

ခ်က္ရဲ႕အထက္ 4 cm (စင္တီမီတာ) ေနရာကေန ေပၾကိဳးနဲ႔ တုိင္းတာက အလြယ္ဆံုးနည္းလမ္း ျဖစ္ပါလိမ့္မယ္။ သတိထားရမွာက တိုင္းတဲ့အခါ ေပၾကိဳးကို မေလ်ာ့မတင္း ေရျပင္ညီအတိုင္းထားျပီး တိုင္းေပးဖို႔ လုိအပ္ပါတယ္။

အမ်ိဳးသားေတြက waist circumference လက္မ 40 ေအာက္ရွိသင့္ျပီး အမ်ိဳးသမီးေတြကေတာ့ 35 လက္မေအာက္ ရွိသင့္ပါတယ္။

အေပၚမွာေျပာခဲ့သလိုပဲ waist circumference ဟာ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ၊ ေသြးတြင္းအဆီဓါတ္မ်ားတာ၊ ေလျဖတ္တာေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ waist circumference လက္မ 40 အထက္ အမ်ိဳးသားေတြနဲ႔ 35 လက္မအထက္ အမ်ိဳးသမီးေတြကို တတ္ကြ်မ္းတဲ့ ဆရာဝန္/ပညာရွင္ေတြန႔ဲ တိုင္ပင္ၾကဖို႔ အၾကံေပးလိုပါတယ္။

(မွတ္ခ်က္။ ။ အထက္ပါ ေဖာ္ျပခ်က္သည္ အရပ္ 5 ေပ ေအာက္ ရွိသူမ်ားအတြက္ အက်ံဳးမ၀င္ပါ။)

“Waist circumference ၏ အားသာခ်က္ႏွင့္ အားနည္းခ်က္မ်ား”

တိုင္းတာရ လြယ္ကူရိုးရွင္းတာကေတာ့ သူ႔ရဲ႕ အားသာခ်က္ျဖစ္ပါတယ္။
ဒါေပမယ့္ BMI 35 kg/m2 နဲ႔ အထက္ ရွိတဲ့သူေတြမွာေတာ့ တိက်တဲ့အေျဖ သိပ္မေပးနိုင္တဲ့အတြက္ အဲ့လိုလူေတြမွာေတာ့ waist circumference ကို တိုင္းတာတာဟာ အက်ိဳးမရွိနိုင္ပါဘူး။

Dr Honey Su Naing

M.B.,B.S (Mandalay)

M.Sc Nutrition & Dietetics (UK)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *