သင် ဘာကြောင့်သံဓါတ်လိုအပ်သလဲ ?

သံဓာတ်အားဆေးကို ပုံမှန်သော်လည်းကောင်း ရံဖန်ရံခါသော်လည်းကောင်း သောက်နေကြသူတွေအများအပြားရှိပါလိမ့်မယ်။ တစ်ချို့ကလည်း တီဗီမှာကြေငြာတာတွေ့လို့ အားဆေးဆိုတာနဲ့ဝယ်သောက်လိုက်တယ်…တစ်ချို့ကျအသိမိတ်ဆွေကညွှန်းလို့သောက်တယ်….တစ်ချို့က ဆရာဝန်က သောက်ခိုင်းတယ်လို့သောက်တယ်။သောက်မယ့်သာသောက်နေတာ….ဒီသံဓာတ်အားဆေးဆိုတာ ဘာအတွက်ကောင်းလဲ …ဘယ်သူတွေသောက်သင့်တယ်…ဘာကြောင့်သောက်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး သေသေချာချာသိသူတော့ ရှားပါတယ်။ဒါကြောင့် သံဓာတ်အကြောင်းလေး အနည်းငယ်ရှင်းပြပေးလိုပါတယ်။

သံဓာတ်ဆိုတာ ယောကျ်ား မိန်းမ မရွေး…လူတိုင်းရဲ့ ကိုယ်ခန္ဓာအတွက်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ဆက်ရှင်းပါမယ်….လူတိုင်းအသက်ရှူနေပါတယ်….သို့သော် အသက်ရှူနေတိုင်း… ခန္ဓာကိုယ်က အောက်စီဂျင်မရပါဘူး။ရှူသွင်းလိုက်တဲ့ လေထဲက အောက်စီဂျင်ဓာတ်ကို လိုအပ်နေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဆီကို ပို့ဆောင်ပေးဖို့ သွေးနီဥနဲ့ သွေးနီဥထဲမှာပါဝင်တဲ့ ဟေမိုဂလိုဘင် လိုအပ်ပါတယ်။အဆိုပါ သွေးနီဥနဲ့ ဟေမိုဂလိုဘင်တို့ကောင်းစွာဖြစ်ပေါ်နိုင်ဖို့ သံဓာတ်က မပါမဖြစ်ပါ။သံဓာတ်ချို့တဲ့သူတွေမှာ အဆိုပါသွေးနီဥတွေ ကောင်းစွာမဖြစ်ပေါ်နိုင်၊အလုပ်ကောင်းစွာမလုပ်နိုင်တဲ့အတွက် အောက်စီဂျင်လုံလောက်စွာမရ၊အကျိုးဆက်အနေနဲ့ မောပန်းလွယ်လာပါလိမ့်မယ်။

သံဓာတ်ရဲ့ နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ခန္ဓာကိုယ်ဆဲလ်များရဲ့ စွမ်းအင်ထုတ်လွှတ်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ခြင်းပါ။သံဓာတ်လုံလောက်စွာမရရှိသူတွေမှာ စွမ်းအင်လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့အတွက် အားအင်ကုန်ခမ်းနုံးချိခြင်းများ ကြုံတွေ့ရလေ့ရှိပါတယ်။

သံဓာတ်ရဲ့နောက်ထပ် အကျိုးုပြုပုံများကတော့ ကိုယ်ခံအားစနစ်ကောင်းစေခြင်း၊မှတ်ဉာဏ်စွမ်းအားမြင့်မားခြင်း၊အာရုံစူးစိုက်နိုင်ခြင်း၊ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေခြင်းများပဲဖြစ်ပါတယ်။

သံဓာတ်ပိုမိုလိုအပ်သူတွေထဲ ကလေးများနဲ့အမျိုးသမီးများအဓိကပါဝင်ပါတယ်။ကလေးများမှာ ဦးနှောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက် သံဓာတ်ပြည့်ဝစွာရရှိရန်လိုပါတယ်။အမျိုးသမီးများအနေနဲ့ လစဉ်ဓမ္မတာရာသီသွေးများနဲ့အတူ ဆုံးရှုံးသွားတဲ့သံဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်ပါတယ်။

ဒီလောက်ဆို သံဓာတ်အားဆေးဘာလို့သောက်တာလဲလို့ တစ်စုံတစ်ယောက်က မေးလာတဲ့အခါ တီဗီမှာကြေငြာလို့ဆိုတာထက် ပိုပြီး ချက်ကျလက်ကျသိလောက် ဖြေနိုင်လောက်ပြီထင်ပါတယ်နော်။

ပိုင်နီမေ (ဆေး ၂)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…