Ultrasound and pregnancy

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓

~~~~~~~~~

သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်…

ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင်

👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ ရှင်သန်နိုင်တဲ့ကိုယ်ဝန်လား… အသက်ရှင်သန်ဖို့ အခွင့်အလမ်းနည်းတဲ့ကိုယ်ဝန်လားဆိုတာ သိနိုင်ပါတယ် ကလေးက အမွှာလား… တစ်ယောက်တည်းလား ဆိုတာအပြင် ကိုယ်ဝန်ဟာ နေရာအနေအထားမှန်ရဲ့လား…ကလေးရဲ့နှလုံး ပုံသဏ္ဌန်မှန်ရဲ့လားဆိုတာကို အာလ်ထရာဆောင်းက ပြောပြနိုင်ပါလိမ့်မယ်…

👉(2) ကလေးမွေးနိုင်ချေရှိတဲ့ရက်ကို ခန့်မှန်းနိုင်တယ် အမျိုးသမီးတိုင်းဟာ သူတို့ရဲ့ ရာသီနောက်ဆုံးဘယ်တုန်းက ပေါ်သွားသလဲဆိုတာ မသိကြပါဘူး…. ဒီလို ရာသီစက်ဝန်းကိုကြည့်ပြီး မွေးရက်ခန့်မှန်းဖို့သိပ်မဖြစ်နိုင်တဲ့အခြေအနေမျိုးဆိုရင် အာလ်ထရာဆောင်းက အကူအညီအများကြီး ပေးပါလိမ့်မယ်…

👉(3) ဒေါင်းဆင်ဒရုန်းမ်လို့ခေါ်တဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ရောဂါ ကလေးမှာပါမပါသိနိုင်မယ် ဒေါင်းဆင်ဒရုန်းမ်ဟာ…. ခရိုမိုဇုမ်းမူမမှန်မှူကြောင့်ဖြစ်တဲ့ရောဂါစုပါ…. ဒီရောဂါရှိမရှိဖြစ်နိုင်ချေကို အာလ်ထရာဆောင်းက… ကလေးရဲ လည်ပင်းအလျားကိုတိုင်းပြီး ခန့်မှန်းနိုင်ပါတယ်

👉(4) ကိုယ်လက်အဂါ်အစုံပါမပါ/ မူမမှန်တာ ရှိမရှိ ပြောနိုင်တယ် ဥပမာ ကျောရိုးအာရုံကြောမ၊ ဦးနှောက်၊ မျက်နှာ ၊ နှလုံး၊ အစာအိမ်၊ ကျောက်ကပ်နဲ့ ခြေလက်တွေ အစုံအလင်ရှိမရှိ… မူမမှန်တာ ရှိမရှိ ပြောနိုင်ပါတယ်

👉(5) ကလေးဖွံ့ဖြိုးကြီးထွားလာမှူနှူန်းကို သိနိုင်တယ် သင့်ဗိုက်ထဲက ကလေးရဲ့ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ပေါင်အရိုးတွေကို တွက်ချက်တိုင်းတာပြီး…. ကြီးထွားနှူန်းကို သိနိုင်သလို…ကလေးရဲ့ လှူပ်ရှားမှူနဲ့ ရေမွှာရည်အနည်းအများကိုလဲ သိနိုင်မှာပါ

👉(6) ကျားလား မလား သိနိုင်မယ် ဖေဖေမေမေတို့ အသိချင်ဆုံး မေးခွန်းတွေထဲက တစ်ခုပါပဲ…. ဒီမေးခွန်းကိုလဲ အာလ်ထရာဆောင်းက ကောင်းကောင်း ကူညီနိုင်မှာပါ။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor

#Dr_စိမ်းမိုးစက်

MyDoctor Telemedicine Application
Related posts
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးသွားကျန်းမာရေး

👶 ကလေးလေးတွေရဲ့ "သွား" ကျန်းမာရေး 🦷

1 Mins read
ကလေး လေးတွေဟာ မိခင် ဝမ်းဗိုက်ထဲမှာ ရှိစဉ် ကာလထဲက သွားလေးတွေ ဖွံဖြိုးနေပါတယ်။ မွေးကာစ ကလေးတွေရဲ့ သွားဖုံးအောက်မှာ ငယ်သွား အချောင်း (၂၀-လုံး) မြှုပ်ပြီး ပါလာပါတယ်။ ဒီသွားလေးတွေဟာ သွားဖုံးကို တိုးရင်း တိုးရင်းနဲ့ အသက် (၃-လ)…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…

Leave a Reply

Your email address will not be published. Required fields are marked *