Cracking Sound in Bone

အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ…

ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို အခြေအနေတွေဆို စိုးရိမ်ရလဲ ဆိုတာ လေ့လာကြည့်ရအောင်….

တစ်ခါတစ်လေ မှာ လေ့ကျင့်ခန်း လုပ်နေရင်းပဲဖြစ်ဖြစ် ကိုယ်ခန္ဓာလှုပ်ရှားမှု တစ်ခုကို လုပ်မိတဲ့အခါ အရိုး နှင့် အဆစ်တွေကြားကနေ အသံလေးတွေကြားရတတ်ပါတယ်။ လည်ပင်း၊ ဇတ်ကြော၊ ပခုံး၊ ကြောရိုးနှင့် လက်ဆစ် ခြေဆစ် တံခေါက်ခွက် နှင့် ခြေမျက်စိနားတစ်ဝိုက်မှာ အဓိကအားဖြင့် ကြားရတတ်ပါတယ်။ ထိုသို့ကြားရတဲ့အခါမှာ နာကျင်မှု၊ ယောင်ယမ်းမှုတွေမရှိဘူး ဆိုလျှင်တော့ အဓိကအားဖြင့် စိုးရိမ်စရာမရှိပါဘူး။

ဒီလို အသံတွေ ထွက်ပေါ်လာခြင်းရဲ့ အဓိက အကြောင်းအရာ တွေ အနေနဲ့ကတော့

  • ကြွက်သားအကြော (ကြွက်သားနှင့် အရိုးရဲ့ကြားမှာ ရှိတတ်ပါတယ်။)
  • အရွတ် (အရိုးတစ်ခု နှင့် တစ်ခုကြားထဲမှာ ရှိတတ်ပါတယ်။)
  • အရိုးနု ( အရိုးတစ်ခု ရဲ့ အစွန်းအနားမှာ ရှိတတ်ပါတယ်။)

ပုံမှန်အားဖြင့်တော့ ဒူးခေါင်းနားမှာ အသံတွေပိုထွက်တတ်ပြီး အခြား တင်ပါး၊ ပခုံး၊ လည်ပင်းနှင့် ကြောရိုး တွေမှာလည်း ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး ဖြစ်စေနိုင်တဲ့ အဓိက အချက်တွေ အနေနှင့်ကတော့…

  • ကြွက်သားအကြော နှင့် အရွတ်တွေဟာ တစ်ခုအပေါ် တစ်ခု ထပ်မိသွားခြင်း
  • အရွတ် များတင်းကြပ်လွန်းခြင်း
  • အဆစ် တစ်ခု နှင့် တစ်ခု ကြားထဲတွင် လေခိုခြင်း
  • ကြွက်သားများ အလွန်အမင်း တင်းနေခြင်း (ဇက်ကြောတက်ခြင်း)
  • အရိုးနု တစ်ရှုးများ စုတ်ပဲသွားခြင်း (အဲ့လို အခြေအနေတွေမှာ အရိုး အဆစ်ရောင်ခြင်းဖြစ်ပေါ်ပြီး)

လမ်းလျှောက်တိုင်း နာတာတွေ ၊ လှုပ်ရှားလိုက်တိုင်း နာတာတွေဖြစ်နိုင်ပါတယ်။

လူပေါင်း ၁၀၀ မှာ ၇၅% လောက်ဟာ နေ့စဉ်နှင့် အမျှ အရိုးအဆစ် နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ခံစားနေရတယ်လို့ လေ့လာဆန်းစစ် ချက်များအရသိရပါတယ်။ အဆုံးသတ် အနေဖြင့် အရိုးအဆစ် ရောင်ရမ်းခြင်းဆိုတာ စိတ်ပူနေရသလို အမြဲတမ်းနာကျင် ကိုက်ခဲနေမှာ မဟုတ်ပါဘူး Body Weight ကို ပုံမှန်လေးထိမ်းထားမယ် သင့်တော်တဲ့ လေ့ကျင့်ခန်းတွေလုပ်မယ် အရိုးအဆစ်တွေအတွက် လိုအပ်တဲ့ ဗီတာမင် အဟာရနှင့် အထောက်အကူပြု ဆေးဝါးတွေကို ပုံမှန်လေး စားသောက်မယ်ဆိုရင်တော့ … နာကျင်ကိုက်ခဲခြင်း ဝေဒနာကနေကင်းဝေးပြီး စိတ်သွားတိုင်း ကိုယ်ပါ နိုင်မှာပဲဖြစ်ပါတယ်။

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#အရိုး #အဆစ် #ဒူးနာ #ခါးနာ
#myDoctor #myDrphyo

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…