ဂူထဲကိုသွားပြီးလေ့လာရေးဆင်းမယ်ဆိုရင် ဘယ်သူတွေက ပိုစွမ်းဆောင်ရည်ရှိမလဲ
မြန်မာနိုင်ငံမှာ အလွန်လှပပြီး စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝလှိုင်ဂူတွေအများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တို့အထွဋ်အမြတ်ထားရာ စေတီပုထိုးများတည်ထားပြီး ပွဲတော်ရာသီချိန်ဆိုရင် ကြိတ်ကြိတ်တိုးစည်ကားတတ်တဲ့ဂူတွေရှိသလို အဆုံးထိဘယ်သူမှမသွားဖူးသေးဘဲ အဆင်းအတက် ဝင်ရန်ခက်ခဲတဲ့ လှိုင်ဂူတွေကိုမှ ဝင်ကြည့်ချင်တဲ့ စွန့်စားသူတို့အကြိုက် သဘာဝလှိုင်ဂူတွေလည်းအများကြီးပါပဲ။ ခက်ခဲကြမ်းတမ်းတဲ့ဂူခရီးကိုမှ စိတ်ဝင်တစားသွားချင်တယ်ဆိုသူတွေအတွက် ဘယ်သူတွေက ဂူကြမ်းခရီးမှာ ပိုသန်မာပြီး ဘယ်လိုရောဂါရှိသူတွေကမသင့်တော်ဘူးလဲဆိုတာ တင်ပြလိုက်ပါတယ်။
အဆုတ်ရောဂါရှင်များ
တီဘီ၊ အဆုတ်ရောင် အစရှိတဲ့ရောဂါရှင်များ၊ ပန်းနာရင်ကြပ်ရှိသူများအနေနဲ့ ဂူနက်နက်ထဲဝင်မယ်ဆိုရင် အင်မတန်သတိထားရမှာပဲဖြစ်ပါတယ်။ အချို့ဂူတွေဟာ အတွင်းပိုင်းမှာအောက်စီဂျင်ပါဝင်မှုပမာဏ နည်းပါးတဲ့အတွက် အဆုတ်မကောင်းသူတွေအတွက် အခက်အခဲရှိနိုင်ပါတယ်။
သွေးပေါင်ကျတတ်သူတွေ
ရေဓာတ်ခန်းခြောက်ခြင်းဟာ ဂူကြမ်းခရီးသွားမယ့်သူတွေအတွက် အလွန်ဂရုစိုက်ရမယ့်အချက်ပါပဲ။ ခရီးကြမ်းကြောင့်ချွေးထွက်ရတဲ့အပြင် ဂူထဲမှာလေမတိုက်တဲ့အတွက် ရေဓာတ်မြန်မြန်ခန်းခြောက်နိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ ရေဓာတ်ခန်းခြောက်ပြီး မူးမေ့လဲကျတာမျိုးဖြစ်သွားနိုင်ပါတယ်။
ဒူး၊ ခြေထောက် ဒဏ်ရှိသူ၊ အဝလွန်သူတွေ
ဂူကြမ်းခရီးဟာ ပြေပြစ်ချောမွေ့မှုနည်းပါတယ်။ အချို့နေရာတွေမှာဆိုရင် ကျောက်သားတွေကို ကုပ်ကပ်ပြီး ခြေကန်အားယူ တက်ရဆင်းရတဲ့အတွက် ဒူးနာ၊ခြေနာနေသူတွေအတွက် ခြေချော်ကာထိခိုက်ဒဏ်ရာရနိုင်ခြေများပါတယ်။ အဝလွန်သူတွေအနေနဲ့လည်း ခန္ဓာကိုယ်ဟန်ချက်ကိုထိန်းရခက်ခဲတယမို့ ထိခိုက်နိုင်ချေများပါတယ်။
ကိုယ်ခံအားနည်းသူ၊ နာလန်ထစအချိန်
လင်းနို့တွေခိုအောင်းတတ်တဲ့ဂူတွေမှာ လင်းနို့ချေးမှာပါဝင်တဲ့ပိုးတစ်မျိုးဟာ သာမန်ကျန်းမာသူတွေကို ဒုက္ခမပေးနိုင်ပေမယ့် ကိုယ်ခံအားနည်းနေသူတွေ၊ ခုခံအားကျဆင်းမှုရောဂါရှင်တွေကို အသက်အန္တရာယ်ရှိနိုင်တဲ့အထိဆိုးရွားစေတဲ့ Histioplasmosisလို့ခေါ်တဲ့ ရောဂါတစ်မျိုးကိုဖြစ်ပွားနိုင်စေပါတယ်။ ဒါ့ကြောင့် နေကောင်းကာစအချိန်မှာ ဂူကြမ်းခရီးသွားခြင်းကိုရှောင်သင့်ပါတယ်။
ကျန်းမာသောလူငယ်များရဲ့ စွန့်စားခရီး
Survival of Fittestဆိုတဲ့စကားအတိုင်း ကျန်းမာသန်စွမ်းတဲ့လူငယ်များ၊ အားကစားလိုက်စားသူများ၊ အအိပ်အစားမှန်မှန်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုဂရုစိုက်သူတွေကတော့ ဂူကြမ်းခရီးဟာ ပျော်စရာအလွန်ကောင်းတဲ့ ခရီးတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်မှာစွန့်စားမှုပြုချင်သူတွေအတွက်ကတော့ ဓာတ်မီး၊ ရေဘူး၊ ဦးထုပ်အမာ၊ ဘွတ်ဖိနပ်စတဲ့ အကာအကွယ်များအသုံးပြုကာ သွားနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ဂူထဲကိုသြားၿပီးေလ့လာေရးဆင္းမယ္ဆုိရင္ ဘယ္သူေတြက ပိုစြမ္းေဆာင္ရည္႐ွိမလဲ
ျမန္မာႏိုင္ငံမွာ အလြန္လွပၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ သဘာဝလိႈင္ဂူေတြအမ်ားႀကီး႐ွိပါတယ္။ ဗုဒၶဘာသာဝင္တို႔အထြဋ္အျမတ္ထားရာ ေစတီပုထိုးမ်ားတည္ထားၿပီး ပြဲေတာ္ရာသီခ်ိန္ဆိုရင္ ႀကိတ္ႀကိတ္တိုးစည္ကားတတ္တဲ့ဂူေတြ႐ွိသလို အဆံုးထိဘယ္သူမွမသြားဖူးေသးဘဲ အဆင္းအတက္ ဝင္ရန္ခက္ခဲတဲ့ လိႈင္ဂူေတြကိုမွ ဝင္ၾကည့္ခ်င္တဲ့ စြန္႔စားသူတို႔အႀကိဳက္ သဘာဝလိႈင္ဂူေတြလည္းအမ်ားႀကီးပါပဲ။ ခက္ခဲၾကမ္းတမ္းတဲ့ဂူခရီးကိုမွ စိတ္ဝင္တစားသြားခ်င္တယ္ဆိုသူေတြအတြက္ ဘယ္သူေတြက ဂူၾကမ္းခရီးမွာ ပိုသန္မာၿပီး ဘယ္လိုေရာဂါ႐ွိသူေတြကမသင့္ေတာ္ဘူးလဲဆိုတာ တင္ျပလိုက္ပါတယ္။
အဆုတ္ေရာဂါ႐ွင္မ်ား
တီဘီ၊ အဆုတ္ေရာင္ အစ႐ွိတဲ့ေရာဂါ႐ွင္မ်ား၊ ပန္းနာရင္ၾကပ္႐ွိသူမ်ားအေနနဲ႔ ဂူနက္နက္ထဲဝင္မယ္ဆိုရင္ အင္မတန္သတိထားရမွာပဲျဖစ္ပါတယ္။ အခ်ိဳ႕ဂူေတြဟာ အတြင္းပိုင္းမွာေအာက္စီဂ်င္ပါဝင္မႈပမာဏ နည္းပါးတဲ့အတြက္ အဆုတ္မေကာင္းသူေတြအတြက္ အခက္အခဲ႐ွိႏိုင္ပါတယ္။
ေသြးေပါင္က်တတ္သူေတြ
ေရဓာတ္ခန္းေျခာက္ျခင္းဟာ ဂူၾကမ္းခရီးသြားမယ့္သူေတြအတြက္ အလြန္ဂ႐ုစိုက္ရမယ့္အခ်က္ပါပဲ။ ခရီးၾကမ္းေၾကာင့္ေခြၽးထြက္ရတဲ့အျပင္ ဂူထဲမွာေလမတိုက္တဲ့အတြက္ ေရဓာတ္ျမန္ျမန္ခန္းေျခာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေသြးေပါင္က်တတ္သူေတြအေနနဲ႔ ေရဓာတ္ခန္းေျခာက္ၿပီး မူးေမ့လဲက်တာမ်ိဳးျဖစ္သြားႏိုင္ပါတယ္။
ဒူး၊ ေျခေထာက္ ဒဏ္႐ွိသူ၊ အဝလြန္သူေတြ
ဂူၾကမ္းခရီးဟာ ေျပျပစ္ေခ်ာေမြ႔မႈနည္းပါတယ္။ အခ်ိဳ႕ေနရာေတြမွာဆိုရင္ ေက်ာက္သားေတြကို ကုပ္ကပ္ၿပီး ေျခကန္အားယူ တက္ရဆင္းရတဲ့အတြက္ ဒူးနာ၊ေျခနာေနသူေတြအတြက္ ေျခေခ်ာ္ကာထိခိုက္ဒဏ္ရာရႏိုင္ေျခမ်ားပါတယ္။ အဝလြန္သူေတြအေနနဲ႔လည္း ခႏၶာကိုယ္ဟန္ခ်က္ကိုထိန္းရခက္ခဲတယမို႔ ထိခိုက္ႏိုင္ေခ်မ်ားပါတယ္။
ကိုယ္ခံအားနည္းသူ၊ နာလန္ထစအခ်ိန္
လင္းႏို႔ေတြခိုေအာင္းတတ္တဲ့ဂူေတြမွာ လင္းႏို႔ေခ်းမွာပါဝင္တဲ့ပိုးတစ္မ်ိဳးဟာ သာမန္က်န္းမာသူေတြကို ဒုကၡမေပးႏိုင္ေပမယ့္ ကိုယ္ခံအားနည္းေနသူေတြ၊ ခုခံအားက်ဆင္းမႈေရာဂါ႐ွင္ေတြကို အသက္အႏၲရာယ္႐ွိႏိုင္တဲ့အထိဆိုးရြားေစတဲ့ Histioplasmosisလို႔ေခၚတဲ့ ေရာဂါတစ္မ်ိဳးကိုျဖစ္ပြားႏိုင္ေစပါတယ္။ ဒါ့ေၾကာင့္ ေနေကာင္းကာစအခ်ိန္မွာ ဂူၾကမ္းခရီးသြားျခင္းကိုေ႐ွာင္သင့္ပါတယ္။
က်န္းမာေသာလူငယ္မ်ားရဲ႕ စြန္႔စားခရီး
Survival of Fittestဆိုတဲ့စကားအတိုင္း က်န္းမာသန္စြမ္းတဲ့လူငယ္မ်ား၊ အားကစားလိုက္စားသူမ်ား၊ အအိပ္အစားမွန္မွန္နဲ႔ ခႏၶာကိုယ္က်န္းမာေရးကုိဂ႐ုစိုက္သူေတြကေတာ့ ဂူၾကမ္းခရီးဟာ ေပ်ာ္စရာအလြန္ေကာင္းတဲ့ ခရီးတစ္ခုျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ငယ္ရြယ္စဥ္မွာစြန္႔စားမႈျပဳခ်င္သူေတြအတြက္ကေတာ့ ဓာတ္မီး၊ ေရဘူး၊ ဦးထုပ္အမာ၊ ဘြတ္ဖိနပ္စတဲ့ အကာအကြယ္မ်ားအသံုးျပဳကာ သြားႏိုင္ပါေၾကာင္း တင္ျပလိုက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ