All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

“ဘယ်လိုလူတွေမှာ နေ့စဉ်သောက်ဆေး မသုံးသင့်ဘူးလဲ”

1 Mins read

“ဘယ်လိုလူတွေမှာ နေ့စဉ်သောက်ဆေး မသုံးသင့်ဘူးလဲ”

ဆောင်းလေအေးအေးတိုက်တဲ့ ဒီလိုချိန် ရာသီဥတုမျိုး…

လမ်းမပေါ်မှာ ကထိန်လှည့်သီချင်းသံတွေနဲ့အတူ…
မြို့ထဲကhotelတွေ ခန်းမတွေမှာလဲ မင်္ဂလာဆောင်က သီချင်းသံတွေ ပျံ့လွှင့်နေပေါ့..
ဝါတွင်းကာလ လွှတ်ခဲ့ဲပြီမို့… သီတင်းကျွတ် တန်ဆောင်မုန်း ကာလတွေမှာ… ကြင်သူနှစ်ဦး ဘဝခရီးကို တူတူလျှောက်လှမ်းဖို့ ထိမ်းမြားမင်္ဂလာ ပြုလုပ်ပြီးနောက်ပိုင်း.. ပိုတိုးလို့လာတဲ့ စီးပွားရေး၊ လူမှုရေး နဲ့ အိမ်ထောင်ရေးတွေအတွက် တာဝန်ပိုလာသလို.. သူများတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ကြိုးစားကြရပြန်ပေါ့…

ဒီလိုအခါမှာ… စဉ်းစားဖို့အတွက် ကျန်နေသေးတာကတော့.. “အိမ်ထောင်ပြုပြီး ရင်သွေး တန်းယူမှာလား(သို့) အခြေအနေတစ်ခုခိုင်မာမှ ရင်သွေးယူမှာလား”ဆိုတဲ့ အချက်လေးပါ… ကလေးမယူချင်သေးသူတွေအဖို့ရာ သန္ဓေတားဖို့ နည်းလမ်းတွေ များစွာရှိပါတယ်… သု့ိသော် အမျိုးသမီးအများစုအနေနဲ့ လွယ်လွယ်ကူကူနဲ့ နေရာတိုင်းမှာ ရတဲ့ ” နေ့စဉ်သန္ဓေတား သောက်ဆေး(oral contraceptive pills)” တွေကိုသာ အသုံးပြုကြလေ့ရှိပါတယ်…

သို့သော် အမျိုးသမီးတိုင်းနဲ့ ” နေ့စဉ်သန္ဓေတားသောက်ဆေး”ဟာ အသုံးဝင်ပါ့မလား… ဘေးထွက်ဆိုးကျိုး ရှိမလား… အသက်အန္တရာယ်ရှိမလားဆိုတာကို သိထားသင့်ကြတာမို့..

နေ့စဉ် သောက်ဆေး မသုံးသင့်တဲ့ အမျိုးသမီးများအကြောင်းပြောပြချင်ပါတယ်…

– သတိမေ့တတ်လွန်းတဲ့ သူများ(ပုံမှန်နေ့စဉ် သောက်ရတာမို့. ရက်ပျက်တဲ့အခါ အကျိုးအာနိသင်မရှိပါ)

– ရာသီသွေးဆင်းတာ ပုံမှန် မဟုတ်သူများ

– ကလေးမွေးပြီး တစ်လ မပြည့်သေးသူများ၊ ကိုယ်ဝန်ပျက်ကျထားပြီး တစ်လမပြည့်သေးသူများ

– လောလောဆယ် ကလေးနို့တိုက်မိခင်များ

– မိမိမှာ ကိုယ်ဝန်ရှိနေသည်ဟု သံသယ ရှိသူများ( သေချာအောင် စစ်ပြီးမှ သောက်သုံးသင့်ပါတယ်၊ သို့မဟုတ်ပါက လွယ်ထားသော ကလေးကိုပါ ထိခိုက်ပျက်စီးနေနိုင်ပါတယ်)

– သွေးတိုး ဆီးချိုရှိသူများ

– သွေးနဲ့ဆိုင်သောရောဂါ ပြသနာ ရှိသူများ

– ကျောက်ကပ်အားမကောင်းသူ၊ အသည်းအားနည်းသူများ

– အမြင်အာရုံနဲ့ ဆိုင်သော ပြသနာရှိသူများ

– လေဖြန်းထားသူ၊အာရုံကြောအားနည်းသူများ တွေဟာ မသောက်သုံးသင့်ပါဘူး..

ဒါပြင် မိမိဟာ ဆေးလိပ်သောက်တတ်သူ ဖြစ်ပါက သန္ဓေတားဆေးမသောက်သင့်ပါ.. သို့မဟုတ်ပါက နှလုံးရောဂါနှင့် လေဖြတ်ဖို့ရာ အခွင့်အလမ်း ပိုများနိုင်ပါတယ်..

ဒီလိုဆို ဘာတွေနဲ့ သန္ဓေတားကြမှာလဲ..

– သန္ဓေတား သုံးလခံထိုးဆေးများ

– လက်မောင်းတွင်း(သို့ ) သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်းများ

– အမျိုးသား အမျိုးသမီးသုံး အကာအကွယ်ပစ္စည်းများ (condoms)

– diaphragm ခေါ် အမျိုးသမီးသုံး သန္ဓေတား ပစ္စည်း

– အရေးပေါ်သန္ဓေတားဆေး(အမြဲ အသုံးပြုပါက အမျိုးသမီး ကျန်းမားရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်)

– natural family planning ခေါ် အမျိုးသမီးရာသီနှင့် ချိန်ကိုက်ကာ အတူနေခြင်း(ရာသီသွေး မမှန်သော အမျိုးသမီးမှာ ရင်သွေးရဖို့ ရာခိုင်နှုန်းများနိုင်ပါသည်)

– sterilization ခေါ် သားကြောဖြတ်ခြင်း(ကျန်းမာရေးဌာနများမှ ခွင့်ပြုချက်ရမှာသာ ပြုလုပ်နိုင်ပါသည်) အစရှိတာတွေကို အသုံးပြုနိုင်ပါတယ်…

သို့သော် မိမိနဲ့ ကိုက်ညီမှုရှိသော သန္ဓေတားမှု ပုံစံကို ဆရာဝန် ၊ သားဖွားမီးယပ် အထူးကု တို့နှင့် သေချာစွာ ပြသ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်.. ဒါမှသာ မဖြစ်သင့်သော ဆိုးကျိုးများကို ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်လို့ သတိချပ်နိုင်ရန် အသိပေး ရေးသားလိုက်ရပါတယ်…

သာယာ လှပသော အိမ်ထောင်မှု ဘဝကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆု မေတ္တာပြုလျက်….

ပိုင်နီမောင်

“ဘယ္လိုလူေတြမွာ ေန႔စဥ္ေသာက္ေဆး မသံုးသင့္ဘူးလဲ”

​ေဆာင္​း​ေလ​ေအး​ေအးတိုက္​တဲ့ ဒီလိုခ်ိန္​ ရာသီဥတုမ်ိဳး…

လမ္​းမ​ေပၚမွာ ကထိန္​လွည္​့သီခ်င္​းသံ​ေတြနဲ႔အတူ…
ျမိဳ႕ထဲကhotel​ေတြ ခန္​းမ​ေတြမွာလဲ မဂၤလာ​ေဆာင္​က သီခ်င္​းသံ​ေတြ ပ်ံ့လႊင္​့​ေန​ေပါ့..
ဝါတြင္​းကာလ လႊတ္​ခဲ့ဲၿပီမို႔… သီတင္​းကြၽတ္​ တန္​​ေဆာင္​မုန္​း ကာလ​ေတြမွာ… ၾကင္​သူႏွစ္​ဦး ဘဝခရီးကို တူတူ​ေလွ်ာက္​လွမ္​းဖို႔ ​ထိမ္​းျမားမဂၤလာ ျပဳလုပ္​ၿပီး​ေနာက္​ပိုင္​း.. ပုိတိုးလို႔လာတဲ့ စီးပြား​ေရး၊ လူမႈ​ေရး​ နဲ႔ အိမ္​​ေထာင္​​ေရး​ေတြအတြက္​ တာဝန္​ပိုလာသလို.. သူမ်ားတကာနဲ႔ ရင္​​ေပါင္​တန္​းႏိုင္​​ေအာင္​ ႀကိဳးစားၾကရျပန္​​ေပါ့…

ဒီလိုအခါမ​ွာ… စဥ္​းစားဖို႔အတြက္​ က်န္​​ေန​ေသးတာက​ေတာ့.. “အိမ္​​ေထာင္​ျပဳၿပီး ရင္​​ေသြး တန္​းယူမွာလား(သို႔) အ​ေျခအ​ေနတစ္​ခုခိုင္​မာမွ ရင္​​ေသြးယူမွာလား”ဆိုတဲ့ အခ်က္​​ေလးပါ… က​ေလးမယူခ်င္​​ေသးသူ​ေတြအဖို႔ရာ သ​ေႏၶတားဖို႔ နည္​းလမ္​း​ေတြ မ်ားစြာ႐ွိပါတယ္​… သု႔ိ​ေသာ္​ အမ်ိဳးသမီးအမ်ားစုအ​ေနနဲ႔ လြယ္​လြယ္​ကူကူနဲ႔ ​ေနရာတိုင္​းမွာ ရတဲ့ ” ​ေန႔စဥ္​သ​ေႏၶတား ​ေသာက္​​ေဆး(oral contraceptive pills)” ​ေတြကိုသာ အသံုးျပဳၾက​ေလ့႐ွိပါတယ္​…

​သို႔​ေသာ္​ အမ်ိဳးသမီးတိုင္​းနဲ႔ ” ​ေန႔စဥ္​သ​ေႏၶတား​ေသာက္​​ေဆး”ဟာ အသံုးဝင္​ပါ့မလား… ​ေဘးထြက္​ဆိုးက်ိဳး ႐ွိမလား… အသက္​အႏၱရာယ္​႐ွိမလားဆိုတာကို သိထားသင္​့ၾကတာမို႔..

​ေန႔စဥ္​ ​ေသာက္​​ေဆး မ​သံုးသင္​့တဲ့ အမ်ိဳးသမီးမ်ားအ​ေၾကာင္​း​ေျပာျပခ်င္​ပါတယ္​…

– သတိ​ေမ့တတ္​လြန္​းတဲ့ သူမ်ား(​ပံုမွန္​​ေန႔စဥ္​ ​ေသာက္​ရတာမို႔. ရက္​ပ်က္​တဲ့အခါ အက​်ိဳးအာနိသင္​မ႐ွိပါ)

– ရာသီ​ေသြးဆင္​းတာ ပံုမွန္​ မဟုတ္​သူမ​်ား

– က​ေလး​ေမြးၿပီး တစ္​လ မျပည္​့​ေသးသူမ်ား၊ ကုိယ္​ဝန္​ပ်က္​က်ထားၿပီး တစ္​လမျပည္​့​ေသးသူမ​်ား

– ​ေလာ​ေလာဆယ္​ က​ေလးႏို႔တိုက္​မိခင္​မ်ား

– မိမိမွာ ကုိယ္​ဝန္​႐ွိ​ေနသည္​ဟု သံသယ ႐ွိသူမ်ား( ​ေသခ်ာ​ေအာင္​ စစ္​ၿပီးမွ ​ေသာက္​သံုးသင္​့ပါတယ္​၊ သို႔မဟုတ္​ပါက လြယ္​ထား​ေသာ က​ေလးကုိပါ ထိခိုက္​ပ်က္​စီး​ေနႏိုင္​ပါတယ္​)

– ​ေသြးတိုး ဆီးခ်ိဳ႐ွိသူ​မ်ား

– ​ေသြးနဲ႔ဆိုင္​​ေသာ​ေရာဂါ ျပသနာ ႐ွိသူ​မ်ား

– ​ေက်ာက္​ကပ္​အားမ​ေကာင္​းသူ၊ အသည္​းအားနည္​းသူမ်ား

– အျမင္​အာရံုနဲ႔ ဆိုင္​​ေသာ ျပသနာ႐ွိသူမ်ား

– ​ေလျဖန္​းထားသူ၊အာရံု​ေၾကာအားနည္​းသူမ်ား ​ေတြဟာ မ​ေသာက္သံုးသင္​့ပါဘူး..

ဒါျပင္​ မိမိဟာ ​ေဆးလိပ္​​ေသာက္​တတ္​သူ ျဖစ္​ပါက ​သ​ေႏၶတား​ေဆး​မ​ေသာက္​သင္​့ပါ.. သို႔မဟုတ္​ပါက ႏွလံုး​ေရာဂါႏွင္​့ ​ေလျဖတ္​ဖို႔ရာ အခြင္​့အလမ္​း ပိုမ်ားႏိုင္​ပါတယ္​..

ဒီလိုဆို ဘာ​ေတြနဲ႔ သ​ေႏၶတားၾကမွာလဲ..

– သ​ေႏၶတား သံုးလခံထိုး​ေဆးမ်ား

– လက္​​ေမာင္​းတြင္​း(သို႔ ) သားအိမ္​တြင္​းထည္​့ သ​ေႏၶတား ပစၥည္​းမ်ား

– ​အမ်ဳိးသား အမ်ိဳးသမီးသံုး အကာအကြယ္​ပစၥည္​းမ်ား (condoms)

– diaphragm ​​ေခၚ အမ်ိဳးသမီးသံုး သ​ေႏၶတား ပစၥည္​း

– အ​ေရး​ေပၚသ​ေႏၶတား​ေဆး(အျမဲ အသံုးျပဳပါက အမ်ိဳးသမီး က်န္​းမား​ေရးကို ဆိုးဝါးစြာ ထိခိုက္​​ေစႏိုင္​ပါသည္​)

– natural family planning ​ေခၚ အမ်ိဳးသမီးရာသီႏွင္​့ ခ်ိန္​ကိုက္​ကာ အတူ​ေနျခင္​း(​ရာသီ​ေသြး မမွန္​​ေသာ အမ်ိဳးသမီးမွာ ရင္​​ေသြးရဖို႔ ရာခိုင္​ႏႈန္​းမ်ားႏိုင္​ပါသည္​)

– sterilization ​ေခၚ သား​ေၾကာျဖတ္​ျခင္​း(က်န္​းမာ​ေရးဌာနမ်ားမွ ခြင္​့ျပဳခ်က္​ရမွာသာ ျပဳလုပ္​ႏိုင္​ပါသည္​) အစ႐ွိတာ​ေတြကို အသံုးျပဳႏိုင္​ပါတယ္​…

သို႔​ေသာ္​ မိမိနဲ႔ ကိုက္​ညီမႈ႐ွိ​ေသာ သ​ေႏၶတားမႈ ပံုစံကို ဆရာဝန္​ ၊ သားဖြားမီးယပ္​ အထူးကု တို႔ႏွင္​့ ​ေသခ်ာစြာ ျပသ တိုင္​ပင္​ၿပီးမွသာ အသံုးျပဳသင္​့ပါတယ္​.. ဒါမွသာ မျဖစ္​သင္​့​ေသာ ဆိုးက်ိဳးမ်ားကို ကာကြယ္​တားဆီးႏိုင္​မွာ ျဖစ္​ပါတယ္​လို႔ သတိခ်ပ္​ႏိုင္​ရန္​ အသိ​ေပး ​ေရးသားလိုက္​ရပါတယ္​…

သာယာ လွပ​ေသာ အိမ္​​ေထာင္​မႈ ဘဝကို ပိုင္​ဆိုင္​ၾကပါ​ေစလို႔ ​ေတာင္​းဆု ​ေမတၱာျပဳလ်က္​….

ပိုင္​နီ​ေမာင္​

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *