Glutathione or အသားဖြူဆေး

အသားဖြူဆေးအကြောင်းသိချင်လို့ လာလာမေးတဲ့ friends တွေအတွက် သိသလောက် ပြန်ရှင်းပြပေးထားတာပါ

ဒီဆေးလေးကတော့ ဒီဘက်ခေတ်လူငယ်တွေစိတ်ဝင်စားတဲ့ဆေးထဲမှာပါတယ်ပေါ့နော်

ပထမဆုံးအနေနဲ့glutathioneမှာပါဝင်တဲ့ဓာတ်လေးတွေကတော့ L cysteine, L glutamic acid နဲ့ glycine (amino acids တွေပေါ့နော်) လွယ်လွယ်ပြောရရင် antioxidants (ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်တွေပြေစေတယ်), ဆဲလ်အသစ်တွေဖွဲ့စည်းပေးတယ်, ရှိပြီးသား ဆဲလ်အလွှာတွေမပျက်ဆီးအောင်ကာကွယ်ပေးတယ်။

တစ်ကယ်တော့ Glutathione က လူ့အသည်းကနေထုပ်နိုင်ပါတယ်။ အဲ့ဒါကြောင့် essentital ထဲမှာတော့မပါပါဘူး
လှချင်တော့လဲသောက်ကြတာပေါ့နော်

သူ့ကို ရှာတွေ့ခဲ့သူက J. de Rey Pailhade ပါ 1888 မှာ ရှာတွေ့ခဲ့တာပါ။

အသည်း, အာရုံကြောနဲ့ ကင်ဆာရောဂါတွေအတွက်သုံးဖို့ပါ

Gluta ရဲ့ကောင်းကျိုးတွေကတော့

အားအင်အသစ်တွေဖြစ်စေတယ်, ကိုယ်ခံအားတက်စေတယ်, မျိုးရိုးဗီဇဆဲလ်တွေပျက်ဆီးတာကိုကာကွယ်ပေးတယ်, အရေးအကြောင်း, အမဲစက်နဲ့ အမာရွတ်တွေပျောက်စေတယ်

တစ်ကယ်တမ်း အသားဖြူစေတယ်ဆိုတာကတော့ side effect ပါ

အဲ့ဒီ side effect ကိုပဲ ခုံမင်ပြီးသောက်နေကြတာပေါ့နော်

သူက melanin ဆိုတဲ့ အသားမဲစေတဲ့ ဓာတ်ကိုလျှော့ချပေးတာပါ

melanin မှာ နှစ်မျိုးရှိပါတယ်

phaeomelanin (ပန်းနုရောင်ဖျော့ဖျော့လေးဖြစ်စေတဲ့ဓာတ်) နဲ့ eumelanin လို့ခေါ်တဲ့ (အသားညိုစေတဲ့ဓာတ်) တွေပါပါတယ်။

Gluta သောက်တော့ Eumelanin တွေလျှော့ချပြီး phaeomelanin တွေ များစေပါတယ်

အသားဖြူပြီးပန်းနုရောင်သန်းလာစေပါ တယ်

သုံးစွဲနည်း

gluta ရဲ့ဖွဲ့စည်းပုံကိုက size ကြီးတဲ့အတွက် အူကနေအများကြီးမစုပ်နိုင်ပါဘူး (အဲ့ဒါကြောင့်အကြောကနေသွင်းကြတာပါ)

ပုံမှန် လိုင်စင်ရဆေးကုမ္ပဏီတွေကတော့ 250-500 mg ထုတ်ကြပါတယ်

တစ်နေ့ကို နှစ်ကြိမ်လောက်သောက်ရင် သုံးလလောက်နေရင်သိသာပါတယ်

Gluta ကို vitamin C နဲ့ တွဲသောက်ရင် အာနိသင်ပိုကောင်းပါတယ်နော်

သောက်ဆေးက ဘေးထွက်ဆိုးကျိုးမရှိပါဘူး (တစ်ခါသောက် ၅-၁၀လုံးလောက်တော့ မသောက်နဲ့နော် အစာအိမ် ထိတတ်တယ်)

အကြောဆေးကတော့ အလျင်လိုသူတွေအတွက်ပါ

တစ်ပတ်ကို နှစ်ကြိမ် 10mg/kg ပေးရင် တစ်လဆို သိသာလာပါပြီ

ပိုပြီးအာနိသင်ကောင်းအောင် vitamin C ပါ တွဲထိုးပါတယ်

နောက်ပိုင်းlotion အနေနဲ့လဲ gluta ကို ထုတ်လာကြပါတယ်

အရေပြားအောက်အလွှာကနေမှ အပေါ်အလွှာကိုပို့ပေးရတာဖြစ်လို့ သိသာဖို့အတွက်ကြာပါတယ်;-)

၄လလောက်လိမ်းမှ သိသာမှာပါ

* ကိုယ်ဝန်သည်, နို့တိုက်မိခင်, ရင်ကြတ်ရောဂါရှိသူတွေ အတွက်မသင့်တော်ပါဘူး

ဆေးမထိုးခင် ဆေးစမ်းဖို့လိုအပ်ပါတယ်

ဆိုးကျိုးတွေကတော့

အသားဖြူစေတယ်

ပျို့ချင် အန်ချင်, ဆံပင်ဖြူ ဆံပင်ကျွတ်, ရင်တုန်, ကိုယ်အလေးချိန်တက်စေပါတယ်

ဆေးမသောက်ချင်ဘူးဆိုရင်တော့ sulphur ပါတဲ့အစားအစာတွေစားလို့ရပါတယ်

ပန်းဂေါ်ဖီ ,ဂေါ်ဖီထုပ်, ကြက်သွန်ဖြူ ,ကြက်သွန်နီ, ခရမ်းချဉ်သီ,ထောပတ်သီး,အခွံမာသီးတွေ စားလို့ရပါတယ်နော်

tips*** acetamenophan overdose ဖြစ်ရင် glutathione က antidote ပါနော်

Gluta သုံးနေတဲ့အတောအတွင်း နေကာဖို့တော့ မမေ့နဲ့နော်(sunblock လေးတွေသုံးပေးသင့်ပါတယ်)

ဘယ်အရာမဆိုတန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဆေးမလွန်စေဖို့တော့ လိုပါတယ်နော်

melanin ဆိုတာက သဘာဝ တရားကြီးက ပေးတဲ့ အရေပြားကင်ဆာကို ကာကွယ်ပေးတဲ့ ဓာတ်တစ်မျိုးပါ

melanin တွေ အရမ်းနဲသွားရင် အရေပြားကင်ဆာဖြစ်စေတာ ကိုတော့ သတိထားစေချင်ပါတယ်

အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး လှပတဲ့အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ

ရွှန်းလဲ့ (ဆေး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…

Leave a Reply

Your email address will not be published. Required fields are marked *