ကိုယ်ဝန်ဆောင်နေစဉ် အဖြူဆင်းတယ်ဆိုတာ ?
မမဗိုက်တို့အတွက် မိမိမှာ ရင်သွေးရှိပြီဆိုတာ သိလိုက်ရတဲ့ချိန်ကစ…ကိုယ့်ရဲ့ ကျန်းမာရေးကို သာမန်ထက်ပို ဂရုစိုက်ကြရမှာပါ… ဒီလိုအချိန်မှာ ကိုယ်ဝန်ဆောင်တို့ ဖြစ်လေဖြစ်ထရှိတဲ့ ကျန်းမာရေးပြသနာများထဲမှ ” မိန်းမကိုယ်တွင်းမှ အဖြူဆင်းခြင်း ” အကြောင်း ပြောပြချင်ပါတယ်…
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်စဉ်မှာ… ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်မှာပါ ပြောင်းလဲမှု ဖြစ်စဉ်တွေ အများကြီး ဖြစ်တတ်ပါတယ်…ပြောရမယ်ဆိုရင် ဗိုက်လေး ပိုပိုပူလာတာနဲ့ အမျှ ပြောင်းလဲမှုတွေ ပိုပိုလာတယ်ပေါ့…
သားအိမ်ခေါင်းမှ ထွက်သော အဖြူရောင်အကျိအခွဲျများ
– ကိုယ်ဝန်ဆောင်စဉ်ကာလမှာ … သားအိမ်နဲ့.. သားအိမ်ခေါင်းဆီကို သွေးစီးဆင်းမှုပိုများပါတယ်… ဒီလိုအခါမှာ သားအိမ်ခေါင်းဆီကနေ leukorrhea လို့ခေါ်တဲ့ အရည်အကျိအချွဲတွေ ပိုထုတ်တတ်ပါတယ်.. များသောများဖြင့် ကိုယ်ဝန်စဆောင်ကာစ သုံးလနဲ့.. မွေးဖွားကာနီး သုံးလမှာ ပိုအဖြစ်များပါတယ်… ဒါဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်… နာကျင်မှု မရှိတတ်ပါဘူး… သို့ပေမယ့် တခါတရံ ယားယံခြင်းတွေ ဖြစ်နိုင်ပြီး.. နေထိုင်ရခက်စေနိုင်ပါတယ်…အနံ့အသက်နည်းနည်းရှိပါမယ်… အတွင်းခံကို ပုံမှန် လဲပေးပါ… အနံ့အသက်ပျောက်စေသော ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ…
– သို့သော်… ဒီလို အဖြူအရောင်များ အကျိအခွဲျမဟုတ်ပဲ… အဝါရောင် အစိမ်းရောင်ရှိခြင်း၊ အနံ့အသက် အလွန်ဆိုးခြင်း၊ မိန်းမကိုယ်တဝိုက် ယားယံခြင်း၊ နီမြန်းခြင်းရောင်ခြင်း .. အစရှိတာတွေ ဖြစ်လျှုင် မိန်းမကိုယ်တွင်း ပိုးဝင်တာဖြစ်နေတတ်ပါတယ်… ဒီလို လက္ခဏာများတွေ့ရပါက သက်ဆိုင်ရာ သားဖွားမီးယပ် (သို့) ဆရာဝန်ဆီ သွားပြသင့်ပါတယ်…
ဒါပြင် ကိုယ်ဝန်ဆောင်နေစဉ်မှာ တကိုယ်ရေး ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်..
– tampons မသုံးသင့်ပါ.. မိန်းမကိုယ်ထဲကို ပိုးမွှားများ ပိုဝင်နိုင်ပါတယ်..
– သန့်စင်ဆေးရည် မသုံးသင့်ပါ… မိန်းမကိုယ်ထဲက အန္တရာယ် မဖြစ်စေတဲ့ ပိုးမွှာများပါ သေစေနိုင်ပြီး မီးယပ်ရောဂါ ပိုဖြစ်စေနိုင်ပါတယ်…
– အကယ်၍ မိန်းမကိုယ်တွင် ပိုးဝင်နေသော လက္ခဏာ တွေ့ရသည်ဖြစ်စေ .. စိတ်ထဲ ထင်နေရသည်ဖြစ်စေ.. မိမိဘာသာ ကုသခြင်း မလုပ်ပါနှင့်…
– အမျိုးသမီးသုံးပစ္စည်း(ဂွမ်းထုပ်) ခေါ် panty liner သာ အသုံးပြုပါ..
– မိမိမှာ ကျန်းမာရေးနှင့် ပတ်သတ်၍ တစ်ခုခု ချို့ယွင်းလာခြင်း(သို့) စိတ်ထဲ မရှင်းလင်းပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
– ကိုယ်ဝန်ပုံမှန်ပြပါ.. ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ပါ…
ကျန်းမာပျော်ရွှင်သော ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….
ပိုင်နီမောင်
ကုိယ္ဝန္ေဆာင္ေနစဥ္ အျဖဴဆင္းတယ္ဆိုတာ ?
မမဗိုက္တုိ႔အတြက္ မိမိမွာ ရင္ေသြး႐ွိၿပီဆိုတာ သိလိုက္ရတဲ့ခ်ိန္ကစ…ကိုယ့္ရဲ႕ က်န္းမာေရးကို သာမန္ထက္ပို ဂ႐ုစိုက္ၾကရမွာပါ… ဒီိလိုအခ်ိန္မွာ ကုိယ္ဝန္ေဆာင္တို႔ ျဖစ္ေလျဖစ္ထ႐ွိတဲ့ က်န္းမာေရးျပသနာမ်ားထဲမွ ” မိန္းမကိုယ္တြင္းမွ အျဖဴဆင္းျခင္း ” အေၾကာင္း ေျပာျပခ်င္ပါတယ္…
အမ်ိဳးသမီးတစ္ေယာက္ ကုိယ္ဝန္ေဆာင္စဥ္မွာ… ခႏၶာကုိယ္ရဲ႕ အတြင္းေရာ အျပင္မွာပါ ေျပာင္းလဲမႈ ျဖစ္စဥ္ေတြ အမ်ားႀကီး ျဖစ္တတ္ပါတယ္…ေျပာရမယ္ဆိုရင္ ဗိုက္ေလး ပိုပိုပူလာတာနဲ႔ အမွ် ေျပာင္းလဲမႈေတြ ပိုပိုလာတယ္ေပါ့…
သားအိမ္ေခါင္းမွ ထြက္ေသာ အျဖဴေရာင္အက်ိအခဲြၽမ်ား
– ကုိယ္ဝန္ေဆာင္စဥ္ကာလမွာ … သားအိမ္နဲ႔.. သားအိမ္ေခါင္းဆီကို ေသြးစီးဆင္းမႈပိုမ်ားပါတယ္… ဒီလိုအခါမွာ သားအိမ္ေခါင္းဆီကေန leukorrhea လို႔ေခၚတဲ့ အရည္အက်ိအခြၽဲေတြ ပုိထုတ္တတ္ပါတယ္.. မ်ားေသာမ်ားျဖင့္ ကုိယ္ဝန္စေဆာင္ကာစ သံုးလနဲ႔.. ေမြးဖြားကာနီး သံုးလမွာ ပုိအျဖစ္မ်ားပါတယ္… ဒါဟာ ျဖစ္ေလ့ျဖစ္ထ႐ိွပါတယ္… နာက်င္မႈ မ႐ွိတတ္ပါဘူး… သို ့ေပမယ့္ တခါတရံ ယားယံျခင္းေတြ ျဖစ္ႏိုင္ၿပီး.. ေနထိုင္ရခက္ေစႏိုင္ပါတယ္…အနံ႔အသက္နည္းနည္း႐ွိပါမယ္… အတြင္းခံကို ပံုမွန္ လဲေပးပါ… အနံ႔အသက္ေပ်ာက္ေစေသာ ဆပ္ျပာႏွင့္ စင္ၾကယ္စြာ ေဆးေၾကာပါ…
– သို႔ေသာ္… ဒီလို အျဖဴအေရာင္မ်ား အက်ိအခဲြၽမဟုတ္ပဲ… အဝါေရာင္ အစိမ္းေရာင္႐ွိျခင္း၊ အနံ႔အသက္ အလြန္ဆိုးျခင္း၊ မိန္းမကုိယ္တဝိုက္ ယားယံျခင္း၊ နီျမန္းျခင္းေရာင္ျခင္း .. အစ႐ွိတာေတြ ျဖစ္လွ်ဳင္ မိန္းမကိုယ္တြင္း ပိုးဝင္တာျဖစ္ေနတတ္ပါတယ္… ဒီလို လကၡဏာမ်ားေတြ႕ရပါက သက္ဆိုင္ရာ သားဖြားမီးယပ္ (သို႔) ဆရာဝန္ဆီ သြားျပသင့္ပါတယ္…
ဒါျပင္ ကုိယ္ဝန္ေဆာင္ေနစဥ္မွာ တကုိယ္ေရး က်န္းမာေရးကို ဂ႐ုစိုက္သင့္ပါတယ္..
– tampons မသံုးသင့္ပါ.. မိန္းမကိုယ္ထဲကို ပိုးမႊားမ်ား ပိုဝင္ႏိုင္ပါတယ္..
– သန္႔စင္ေဆးရည္ မသံုးသင့္ပါ… မိန္းမကုိယ္ထဲက အႏၱရာယ္ မျဖစ္ေစတဲ့ ပုိးမႊာမ်ားပါ ေသေစႏိုင္ၿပီး မီးယပ္ေရာဂါ ပိုျဖစ္ေစႏိုင္ပါတယ္…
– အကယ္၍ မိန္းမကိုယ္တြင္ ပိုးဝင္ေနေသာ လကၡဏာ ေတြ႔ရသည္ျဖစ္ေစ .. စိတ္ထဲ ထင္ေနရသည္ျဖစ္ေစ.. မိမိဘာသာ ကုသျခင္း မလုပ္ပါႏွင့္…
– အမ်ိဳးသမီးသံုးပစၥည္း(ဂြမ္းထုပ္) ေခၚ panty liner သာ အသံုးျပဳပါ..
– မိမိမွာ က်န္းမာေရးႏွင့္ ပတ္သတ္၍ တစ္ခုခု ခ်ိဳ႕ယြင္းလာျခင္း(သို႔) စိတ္ထဲ မ႐ွင္းလင္းပါက ဆရာဝန္ႏွင့္ ေဆြးေႏြးတိုင္ပင္ပါ
– ကိုယ္ဝန္ပံုမွန္ျပပါ.. က်န္းမာေရးစစ္ေဆးမႈ ပံုမွန္လုပ္ပါ…
က်န္းမာေပ်ာ္ရႊင္ေသာ ကုိယ္ဝန္ေဆာင္မိခင္မ်ား ျဖစ္ၾကပါေစလို႔ ေတာင္းဆုေမတၱာျပဳလ်က္….
ပုိင္နီေမာင္