All Articlesအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သွေးလှူပြီးနောက် ဘယ်လိုအားဆေးမျိုးသောက်သုံးမလဲ?

1 Mins read

သွေးလှူပြီးနောက် ဘယ်လိုအားဆေးမျိုးသောက်သုံးမလဲ?

အလှူအတန်းထဲမှာ ဇီဝိတဒါနအလှူဟာအမွန်မြတ်ဆုံးပါ။မိမိရဲ့သွေးနဲ့သူတစ်ပါးအသက်ကိုကယ်တင်ခြင်းဟာ တကယ့်ကိုကုသိုလ်တရားကြီးမားတဲ့အလှူဒါနဖြစ်ပါတယ်။သွေးကိုလှူဒါန်းပြီးတဲ့နောက်မှာတော့ ပြန်လည်အားအင်ဖြည့်အနားယူဖို့က အရေးကြီးပါတယ်။ဒါကြောင့် မွန်မြတ်သောအလှူကိုပြုပြီးတဲ့နောက်မှာ မိမိကိုယ်ကိုအမြန်ဆုံးပြန်လည်အင်အားပြည့်ဝလာအောင် ဘယ်လိုဆေးဝါး၊အစားအစာတွေကိုမှီဝဲသင့်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

သွေးလှူပြီးနောက် ဘယ်လိုအစားအစာ၊အားဆေးမျိုး သောက်သုံးမလဲ???

၁။ရေ/အရည်များများသောက်သုံးပေးပါ။သွေးလှူဒါန်းပြီးတဲ့အခါမှာ သွေးပေါင်ကျသွားလေ့ရှိပါတယ်။ဒီအခါမှာ ရေ၊ဖျော်ရည်၊ဓါတ်ဆားရည် စတဲ့အရည်အမျိုးမျိုးကို များများသောက်သုံးပေးသင့်ပါတယ်။ဒါမှ ရေဓါတ်ပြည့်ဝနေပြီး သွေးပေါင်လဲပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်။

၂။သံဓါတ်ပြည့်ဝသော အစားအစာများစားသုံးပေးပါ။သံဓါတ်ဟာ သွေးနီဥထုတ်ရာမှာမရှိမဖြစ်လိုအပ်သော ကုန်ကြမ်းဖြစ်ပါတယ်။ဒါကြောင့် သံဓါတ်ပေါကြွယ်ဝသော အသား၊ငါး၊ပဲအမျိုးမျိုးနှင့်အစိမ်းရင့်ရောင်အသီးအရွက်များကိုမှီဝဲသင့်ပါတယ်။

၃။Folic acid(or)vitamin B9။၎င်းကို ခန္ဓာကိုယ်မှသွေးနီဥများထုတ်လုပ်တဲ့နေရာမှာ လိုအပ်ပါတယ်။ဒါကြောင့် folic acid ပေါများကြွယ်ဝစွာပါဝင်တဲ့ အသည်း၊အစိမ်းရောင်ရှိသောအရွက်များနဲ့ ကညွတ် စတာတွေကိုစားသုံးပေးသင့်ပါတယ်။

၄။ဗီတာမင် ဘီ(၂)၊ဘီ(၆)နဲ့ဘီ(၁၂)ပြည့်ဝသော အစားအစာများကိုစားသုံးပေးပါ။အဆိုပါဗီတာမင်များဟာလဲ သွေးနီဥထုတ်လုပ်တဲ့ဖြစ်စဉ်မှာပါဝင်တာကြောင့် ၎င်းတို့ပေါကြွယ်ဝစွာပါဝင်သော အသားနှင့်နို့ထွက်ပစ္စည်းများ၊ပဲပိစပ်၊အာလူး၊ငှက်ပျောသီး စသည်တို့ကိုစားသုံးပေးသင့်ပါတယ်။

၅။သံဓါတ်ဖြည့်အားဆေးများသောက်သုံးပေးနိုင်ပါတယ်။သံဓါတ်နှင့်အထက်ပါဗီတာမင်အုပ်စုများအား စနစ်တကျတွက်ချက်၍ခန္ဓာကိုယ်၏လိုအပ်ချက်အတိုင်းပြည့်ဝစွာပါဝင်စေရန်ဖော်စပ်ထုတ်လုပ်ထားသော အားဆေးများကိုလဲသောက်သုံးပေးနိုင်ပါတယ်။

၆။သံဓါတ်ဖြည့်အားဆေးများနှင့်သံဓါတ်ပေါကြွယ်ဝသောအစားအစာများကို ဗီတာမင်စီနှင့်တွဲဖက်စားသုံးပေးပါ။ဗီတာမင်စီဟာ အစာအိမ်အူလမ်းကြောင်းမှသံဓါတ်စုပ်ယူမှုကိုအားပေးပါတယ်။ဒါကြောင့် ဗီတာမင်စီပေါများစွာပါဝင်သော ရှောက်သီး၊လိမ္မော်သီး၊စပျစ်သီး၊သဘောၤသီး၊ဟင်းနုနွယ်နဲ့ အစိမ်းရောင်ရှိသောအသီးအရွက်တွေကို သံဓါတ်အားဆေး၊အစားအစာများနှင့်တွဲဖက်စားသုံးပေးသင့်ပါတယ်။

ဖော်ပြပါအချက်တွေကိုလုပ်ဆောင်ပြီး နောက်တစ်ကြိမ်အလှူထပ်ပြုလုပ်နိုင်ရန်၊ခွန်အားအမြန်ပြန်လည်ပြည့်ဝစေရန်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပါတယ်။

Related posts
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ

အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?

1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…