ကလေးတွေကို ဘယ်အရွယ်မှာ အားဆေးတိုက်လို့ရပြီလဲ (သို့) ကလးတွေကို အားဆေးမဖြစ်မနေတိုက်ဖို့လိုအပ်လား

ဒီတစ်ခါတော့ ကလေးငယ်တွေကို အားဆေးတိုက်ကျွေးရန်လိုမလိုနဲ့ ဘယ်လို Vitamin supplement အားဆေးလေးတွေ တိုက်ကျွေးသင့်လဲဆိုတာ ပြောပြချင်ပါတယ်။

ကျန်းမာပြီး ပေါင်ပြည့်လစေ့မွေးတဲ့ ကလေးငယ်တွေအတွက် ကျန်းမာတဲ့ မိခင်နို့တစ်မျိုးတည်းမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် အားဆေးထပ်မံတိုက်ကျွေးဖို့ မလိုပါဘူး။ အသက်၆လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနိုင်ပါတယ်။ သို့သော် နေရောင်ခြည်နဲ့ ထိတွေ့မှုအားနည်းတဲ့ ကလေးငယ်တွေမှာ Vitamin D ထုတ်လုပ်မှုမလုံလောက်တဲ့အတွက် Vitamin D အားဆေး တိုက်ကျွေးသင့်ပါတယ်။ ဒီနေရာမှာ မိခင်နို့တိုက်ကျွေးတဲ့ ကလေးတွေမှာသာ Vitamin D အားဆေးဖြည့်စွက်ဖို့ လိုအပ်ပါတယ်။ နို့မှုန့် formula တိုက်ကျွေးတဲ့ ကလေးငယ်တွေမှာတော့နို့မှုန့် formula မှာ လိုအပ်တဲ့ Vitamin D ဓာတ် ပါဝင်ပါက တိုက်ကျွေးရန်မလိုအပ်ပါ။

အသက်၆လအရွယ်ကျော် ဖြည့်စွက်စာကျွေးတဲ့ ကလေးတွေကိုလည်း တစ်နေ့တာ အစားအစာတွေမှာ လိုအပ်တဲ့ အာဟာရဓာတ်များ စနစ်တကျ ကျွေးမွေးနိုင်လျှင် အားဆေးတိုက်ဖို့မလိုပါဘူး။ လိုအပ်နဲ့ Vitamin နဲ့ အာဟာရဓာတ်တွေကို အစားအစာကရရှိနေမှာပါ။

ဒါပေမဲ့ အောက်ပါအခြေအနေနဲ့ ကလေးတွေကိုတော့ Vitamin supplement အားဆေးများ တိုက်ကျွေးသင့်ပါတယ်။

-သွေးအားနည်းသော ကလေးများ (anemic child)

-အစားအလွန်ချေးများသောကလေးမျာ

-သတ်သတ်လွတ်သာစားသော ကလေးများ

-အာဟာရချို့တဲ့သော ဝေဒနာ ခံစားနေရသော ကလေးများ

-နာတာရှည်ရောဂါသည် ကလေးများ

ကိုယ်ခံအားကောင်းစေရန်၊ လိုအပ်သော vitamin ဓာတ်များ မပူမပင်ပြည့်ဝစေရန်လည်း အားဆေးများတိုက်ကျွေးနိုင်ပါတယ်။

မည်သည့်အရွယ်ကလေးများမဆို အားဆေးများတိုက်ကျွေးမည်ဆိုလျှင် အရေးကြီးတဲ့ အချက်ကတော့ အသက်အရွယ်အပိုင်းအခြားအလိုက် ထုတ်လုပ်ထားသော ကလေးအားဆေးများ ဖြစ်သင့်ပါတယ်။ လူကြီးအားဆေးများတိုက်ခြင်း၊ အသက်အရွယ်နှင့် မလျှော်ညီသောအားဆေးများတိုက်ခြင်း၊ ရက်လွန်ဆေးများ တိုက်ကျွေးခြင်း၊ ဆေးညွှန်းကို မလိုက်နာခြင်းတွေ ရှောင်ကြဉ်သင့်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
က​ေလး​ေတြကို ဘယ္​အရြယ္​မွာ အား​ေဆးတိုက္​လို႔ရၿပီလဲ (သို႔) က​လး​​ေတြကို အား​ေဆးမျဖစ္​​မ​ေနတိုက္​ဖို႔လိုအပ္​လား

ဒီတစ္​ခါ​ေတာ့ က​ေလးငယ္​​ေတြကို အား​ေဆးတိုက္​​ေကြၽးရန္​လိုမလိုနဲ႔ ဘယ္​လို Vitamin supplement အား​ေဆး​ေလး​ေတြ တိုက္​​ေကြၽးသင္​့လဲဆိုတာ ​ေျပာျပခ်င္​ပါတယ္​။

က်န္​းမာၿပီး ​ေပါင္​ျပည္​့လ​ေစ့​ေမြးတဲ့ က​ေလးငယ္​​ေတြအတြက္​ က်န္​းမာတဲ့ မိခင္​ႏို႔တစ္​မ်ိဳးတည္​းမွာ လိုအပ္​တဲ့ အာဟာရဓာတ္​​ေတြ ပါဝင္​တဲ့အတြက္​ အာ​း​ေဆးထပ္​မံတိုက္​​ေကြၽးဖို႔ မလိုပါဘူး။ အသက္​၆လအရြယ္​အထိ မိခင္​ႏို႔တစ္​မ်ိဳးတည္​းသာ တိုက္​​ေကြၽးႏိုင္​ပါတယ္​။ သို႔​ေသာ္​ ​ေန​ေရာင္​ျခည္​နဲ႔ ထိ​ေတြ႔မႈအားနည္​းတဲ့ က​ေလးငယ္​​ေတြမွာ Vitamin D ထုတ္​လုပ္​မႈမလံု​ေလာက္​တဲ့အတြက္​ Vitamin D အား​ေဆး တိုက္​​ေကြၽးသင္​့ပါတယ္​။ ဒီ​ေနရာမွာ မိခင္​ႏို႔တိုက္​​ေကြၽးတဲ့ က​ေလး​ေတြမွာသာ Vitamin D အား​ေဆးျဖည္​့စြက္​ဖို႔ လိုအပ္​ပါတယ္​။ ႏို႔မႈန္​႔ formula တိုက္​​ေကြၽးတဲ့ က​ေလးငယ္​​ေတြမွာ​ေတာ့ႏို႔မႈန္​႔ formula မွာ လိုအပ္​တဲ့ Vitamin D ဓာတ္​ ပါဝင္​ပါက တိုက္​​ေကြၽးရန္​မလိုအပ္​ပါ။

အသက္​၆လ​အရြယ္​​ေက်ာ္​ ျဖည့္စြက္စာ​​ေကြၽးတဲ့ က​ေလး​ေတြကိုလည္​း တစ္​​ေန႔တာ အစားအစာ​ေတြမွာ လိုအပ္​တဲ့ အာဟာရဓာတ္​မ်ား စနစ္​တက် ​ေကြၽး​ေမြးႏိုင္​လ်ွင္​ အား​ေဆးတိုက္​ဖို႔မလိုပါဘူး။ လိုအပ္​နဲ႔ Vitamin နဲ႔ အာဟာရဓာတ္​​ေတြကို အစားအစာကရရိွ​ေနမွာပါ။

ဒါ​ေပမဲ့ ​ေအာက္​ပါအ​ေျခအ​ေနနဲ႔ က​ေလး​ေတြကို​ေတာ့ Vitamin supplement အား​ေဆးမ်ား တိုက္​​ေကြၽးသင္​့ပါတယ္​။

-​ေသြးအားနည္​း​ေသာ က​ေလးမ်ား (anemic child)

-အစားအလြန္​​ေခ်းမ်ား​ေသာက​ေလးမ်ာ

-သတ္​သတ္​လြတ္​သာ​စား​ေသာ က​ေလးမ်ား

-အာဟာရခ်ိဳ႕တဲ့​ေသာ ​ေဝဒနာ ခံစား​ေနရ​ေသာ က​ေလးမ်ား

-နာတာ႐ွည္​​ေရာဂါသည္​ က​ေလးမ်ား

ကိုယ္​ခံအား​ေကာင္​း​ေစရန္​၊ လိုအပ္​​ေသာ vitamin ဓာတ္​မ်ား မပူမပင္​​ျပည္​့ဝ​ေစရန္​လည္​း အား​ေဆးမ်ားတိုက္​​ေကြၽးႏိုင္​ပါတယ္​။

မည္​သည္​့အရြယ္​က​ေလးမ်ားမဆို အား​ေဆးမ်ားတိုက္​​ေကြၽးမည္​ဆိုလ်ွင္​ အ​ေရးႀကီးတဲ့ အခ်က္​က​ေတာ့ အသက္​အရြယ္​အပိုင္​းအျခားအလိုက္​ ထုတ္​လုပ္​ထား​ေသာ က​ေလးအား​ေဆးမ်ား ျဖစ္​သင္​့ပါ​တယ္​။ လူႀကီးအာ​း​ေဆးမ်ားတိုက္​ျခင္​း​၊ အသက္​အရြယ္​ႏွင္​့ မ​ေလ်ွာ္​ညီ​ေသာအား​ေဆးမ်ားတိုက္​ျခင္​း၊ ရက္​လြန္​​ေဆးမ်ား တ္ိုက္​​ေကြၽးျခင္​း၊ ​ေဆးၫႊန္​းကို မလိုက္​နာ​ျခင္​း​ေတြ ​ေ႐ွာင္​ၾကဥ္​သင္​့ပါတယ္​။

က်န္​းမာလွပ​ေသာ ​ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​
ပြင္​့ရည္​(​ေဆး၂)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

2 Comments

Leave a Reply

Your email address will not be published. Required fields are marked *