Hand Sanitizer
Uncategorized

When You Always Use Hand Sanitizer

1 Mins read

ရေမလို လက်သန့်ဆေးတွေရည်တွေ အမြဲတမ်းသုံးတဲ့အခါ

🔰 ပထမဆုံးအနေနဲ့ မှာချင်တာက လက်ဆိုတာ အရာဝတ္ထုတိုင်းနဲ့ထိတွေ့နေရတဲ့အရာမို့ ကိုဗစ်ရောဂါနဲ့ တခြားရောဂါပိုးတွေ အများကြီးကပ်ပါနေနိုင်ပါတယ်။

🔰 ဒါကြောင့် လက်ကို ရေနှင့် ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ ခန့် စနစ်တကျဆေးပေးဖို့လိုပါတယ်။ “ကဲ လိုက်ဆိုမယ်”

👏”ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ၊

ကုတ်၍ ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။” 👏

🔰 အနီးနားမှာ ရေနဲ့ ဆပ်ပြာမလွယ်ဘူးဆိုရင် Hand sanitizer ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးပေးပါ။

🔰 ကိုဗစ် Wave တွေတုန်းကဆို Hand sanitizer တွေ ရောင်းမလောက်လို့ အိမ်မှာ ကိုယ့်ဟာကို လက်သန့်ဆေးရည် ဖော်စပ်နည်း ဖော်မြူလာတွေပါချပေးပြီး Home made hand sanitizer တွေအသုံးပြုခိုင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ခုတော့လည်း သူမဟုတ်သလိုပဲ။

🔰 Hand sanitizer နဲ့ဆေးတာက ဟုတ်ပါပြီ။ သူပြောသလို့ ၉၉.၉၉% ပိုးသတ်ဖို့က အသုံးပြုတဲ့ လက်ဆေးရည်ထဲမှာ ဘာတွေပါရမလဲဆိုတဲ့ WHO ကချမှတ်ပေးထားတဲ့ ဖော်မြူလာဟာဆိုရင်ဖြင့် –

♦️အနည်းဆုံး 60-70% ethyl alcohol or isopropyl alcohol ပါဝင်ရပါမယ်။ (Ethanol ပေမယ့် သောက်လို့မရပါ)

♦️Hydrogen peroxide

♦️Glycerol

♦️Sterile distilled or boiled cold water

🙅 အရေးကြီးတာက Important ပါ။ “Methanol” သုံးလို့မရပါဘူး။ Methanol က အရေပြားလောင်စေတဲ့အပြင် အရေပြားကစုပ်ယူပြီး ခေါင်းမူး၊ခေါင်းကိုက်၊ အန်တာတွေ ဖြစ်နိုင်တဲ့အပြင် ပါးစပ်ထဲဝင်သွားရင် သေနိုင်ပါတယ်။

🙅 လက်သန့်ဆေးရည်က မွှေးမွှေးလေးနဲ့ စားချင်စရာ အနံ့ထွက်နေလို့လည်း မရပါဘူး။

ကလေးတွေက မသိပဲ မျိုချလိုက်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။

🔰 ဒါကြောင့်လည်း တချို့ လက်ဆေးရည်တွေကို FDA က ဈေးကွက်ထဲကပြန်လည်ရုတ်သိမ်းခိုင်းခဲ့ပါသေးတယ်။ (ဟုတ်ပါတယ်၊ ဒီမှာမဟုတ်ပါဘူး US FDA ကပါ)

🔰 ထားပါတော့။ လက်သန့်ဆေးတွေ ခဏခဏ သုံးတဲ့အခါ (ဉပမာ – ကျန်းမာရေးဝန်ထမ်းတွေလိုမျိုး လူနာနဲ့ထိတွေ့နေရတဲ့အခါ မသုံးမဖြစ်သုံးရတယ်လေ) ဘာဆိုးကျိုးတွေရှိလဲ။

♦️အဓိက ကတော့ အသားခြောက်တယ်လို့ ဆိုပါတယ်။ Hand Moisturizer လေးသုံးသုံးပေးပါ။

♦️အသားခြောက်လာပြီး ထိရင်နာတာတို့၊ အရေပြားလေးတွေ အက်ကွဲပြီး အဲ့အနာလေးတွေကနေတဆင့် ပိုးထပ်ဝင်တာတို့ ဖြစ်နိုင်ပါတယ်။

♦️အရေပြားပြဿနာရှိတဲ့လူတွေ (အရေပြားပါးတဲ့လူတွေ၊ Hypersensitive skin) တခုခုဆို Allergy ဖြစ်တတ်တဲ့လူတွေမှာဆိုရင်တော့ အရေပြားရောင်ယမ်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။

♦️နောက်ပြီးတော့ တချို့လက်သန့်ဆေးရည်တွေထဲမှာ Alcohol percent နည်းလိုက်ပြီး ပိုးသတ်ဆေးတမျိုးဖြစ်တဲ့ Triclosan ကိုထည့်သုံးတတ်ကျတယ်။

အဲ့ကောင်ကြောင့် ဟော်မုန်းအပြောင်းအလဲ အနည်းငယ်ဖြစ်နိုင်ပြီးတော့၊ ပိုးသတ်ဆေးယဉ်ပါးတဲ့ ပြဿနာ (Anti-microbial resistance AMR) ပါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သုတေသနတွေကတော့ သက်သေပြဖို့ကြိုးစားဆဲပါ။

♦️Hand sanitizer တွေကို ရုံးတွေ၊ ရှော့ပင်းစင်တာတွေမှာ အလွယ်တကူလက်လှမ်းမှီသုံးနိုင်အောင် Dispenser နဲ့ထားတတ်ကျတယ်။

သူ့အမြင့်က လူကြီးအတွက် လက်လှမ်းမှီတဲ့နေရာဆိုပေမယ့် ကလေးတွေအတွက်ကျတော့ သူ့မျက်နှာနားလောက်ဖြစ်နေတတ်တော့ ပြဿနာက ညှစ်လိုက်ရင် မျက်လုံးထဲ တန်းဝင်သွားနိုင်တာပဲ။

♦️အရည်ကျဲတဲ့ လက်ဆေးရည်တွေကို အဖုံးမကောင်းတာနဲ့ထည့်ထားရင် လူကြီးထဲ မျက်လုံးထဲ ပန်းပြီး ဝင်သွားနိုင်သေးတာပဲ။ အဲ့လို မဟုတ်လဲ ခုပဲ Hand sanitizer သုံးပြီး မျက်လုံးပွတ်မိတာမျိုးလည်း ရှိနိုင်တယ်။

♦️သတိထားပါ။ မျက်စိထဲဝင်ရင် ပမာဏများရင်တော့ ကန်းနိုင်ပေမယ့် အနည်းကျဉ်းလောက်ဆိုရင် မျက်စိကို ရေအေးအေးနဲ့ ဆေးပေးပါ။

မျက်စိစပ်တာ၊ နီတာ၊ ကြည့်ရတာဝါးတာမျိုးရှိနိုင်ပါတယ်။ သက်သာသွားပါလိမ့်မယ်။

♦️အဲ့ထက်ဆိုးလို့ မျက်ကြည်လွှာ လောင်သွားတဲ့အခါမျိုးဆိုရင်တော့ ကန်းနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြရမှာပါ။

♦️Hand sanitizer ကိုမျိုချလိုက်မိရင်လည်း Alcohol poisoning လိုမျိုးလက္ခဏာတွေခံစားလာရနိုင်ပါတယ်။

📌 နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ –

လုံးဝ ဉဿုံကြီး Safe မဖြစ်ဘူးဆိုပေမယ့် Hand sanitizer က ရောဂါပိုးအတော်များများကိုကာကွယ်ဖို့ အသုံးအဝင်ဆုံးဖြစ်နေဆဲပါပဲ။

ကိုဗစ် တစ်ဆယ့်ကိုးမှ မဟုတ်ပါဘူး။ တုပ်ကွေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ တခြားလူကိုဒုက္ခပေးတဲ့ ရောဂါပိုးတွေဟာ လက်လှမ်းမှီသလောက်မှာ အများကြီးရှိနေပါတယ်။

📌 “ဒါကြောင့် ကိုဗစ်နဲ့ အလေ့ကျင့်ရခဲ့တဲ့ လက်ဆေးခြင်းအလေ့အထ နဲ့ Mask တပ်ခြင်းအလေ့အကျင့်တို့ကို မဖျောက်လိုက်ပါနဲ့လို့။”

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

Related posts
Uncategorized

သွားဖုံးရောင် ခြင်းကြောင့်စိတ်အနှောက်အယှက်ဖြစ်နေလား

1 Mins read
သွားဖုံးရောင်ဖူးကြလား? သွားဖုံးရောင် နေတဲ့အခါ အစားအသောက်စားသောက်တဲ့အခါမှာပါ တော်တော်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါဆိုရင် သွားဖုံးရောင်ခြင်း ကဘာကြောင့်ဖြစ်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ သွားဖုံးရောင်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်းများကတော့ – – ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းကြောင့် – ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းကြောင့် – ဆီးချို၊သွေးချိုရောဂါရှိနေခြင်းကြောင့် – အချို့ဆေးဝါးများစွဲသောက်ရခြင်းကြောင့် –…
Uncategorized

သရက်သီး မှည့်နှင့်ကျန်းမားရေးအကျိုးသက်ရောက်မှု

1 Mins read
သရက်သီး မှည့်ကြိုက်ကြလား? သရက်သီးဟာ အရသာရှိသလို ခန္ဓာကိုယ်အတွက်အကျိုးရှိစေတဲ့အာဟာရဓာတ် မြောက်များစွာပါဝင်ပါတယ်။ ဒါကြောင့်သရက်သီးကိုစားပေးခြင်းအားဖြင့်အောက်ပါအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ၁။ ပါဝင်သောအာဟာရဓာတ်များ ဗီတာမင် အေ၊ စီ၊ အီး သာမက ပိုတက်ဆီယမ်‌ နှင့်ဖောလစ်အက်ဆစ်တို့ပါပါဝင်ပါတယ်။ ဒါ့အပြင် အစာခြေရာမှာအထောက်ကူပြုပေးတဲ့ အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ၂။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ သရက်သီးမှာ…
Uncategorized

ဆီးချိုသွေးချိုထိုးတက်လာရင်ဘယ်လိုဖြေရှင်းမလဲ? (How to solve too high sugar level , diabetes)

1 Mins read
(Diabetes) ဆီးချိုရောဂါကို ကုသခြင်းရဲ့ ရည်ရွယ်ချက်မှာ သွေးတွင်းသကြားဓာတ်ပမာဏကို တတ်နိုင်သမျှ ပုံမှန်နီးပါး ဖြစ်အောင် ထိန်းသိမ်းရန်ပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိနေပါက ဘယ်လောက်ပဲ သတိထားနေပါစေ၊ တစ်ချိန်ချိန် မှာ သွေးတွင်းသကြားဓာတ်ပမာဏများခြင်းကို ခံစားရနိုင်ခြေ ရှိပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏများခြင်း (hyperglycemia) (တစ်နည်းအားဖြင့် ဆီးချိုတက်ခြင်း)…