ဘယ်အချိန်မှာ နို့ဖြတ်သင့်လဲ?
ကလေးအသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းတိုက်သင့်တယ်။အသက် ၆လကျော်ပါက မိခင်နို့နဲ့အတူ အခြားဖြည့်စွက်စာတွေ စကျွေးလို့ရပြီဆိုတာ မေမေတိုင်းသိပြီးသားပါ။သို့ပေမယ့် မေမေတို့ သေချာမသိသေးတာက ကလေးကို ဘယ်ချိန်မှာ နို့ဖြတ်သင့်လဲဆိုတာပါ။
မေမေတို့ မကြာခဏမေးကြပါတယ်။ကလေးတစ်နှစ်ဆို နို့ဖြတ်လို့ရပြီလား? နှစ်နှစ်ဆိုနို့ဖြတ်ရတော့မလား? စသဖြင့်ပေါ့….အဖြေကတော့ မေမေရော သားသားမီးမီးရော အဆင်ပြေတဲ့အချိန်အထိ နို့ဆက်တိုက်လို့ရပါတယ်။
မိခင်နို့တိုက်ခြင်းဖြင့် မိခင်နဲ့ကလေးကြား ချစ်ခင်ရင်းနှီးမှုပိုရစေတယ်။ကလေးရဲ့ အစာအိမ်နဲ့အူရောင်ခြင်းကိုကာကွယ်ပေးတယ်။ကိုယ်ခံအားမြင့်တက်စေပြီး ရောဂါပိုးဝင်ခြင်းများမှ ကာကွယ်ပေးပါတယ်။ဒါကြောင့်မို့ ကလေးအသက်တစ်နှစ် နှစ်နှစ် စသဖြင့် ကလေးလည်း နို့စို့ဖို့လိုလိုလားလားရှိပြီး မေမေ့ဘက်မှလည်း မိခင်နို့ဆက်လိုက်တိုက်ကျွေးဖို့ အခြေအနေပေးခဲ့မယ်ဆိုလျှင် မိခင်နို့တိုက်ကျွေးခြင်းကိုရပ်ပစ်ဖို့ မလိုအပ်ပါဘူး။
သို့သော် အချို့အခြေအနေများမှာ မိခင်ဖြစ်သူရဲ့ အလုပ်ကိစ္စ၊စီးပွားရေး၊လူမှုရေးကိစ္စများကြောင့် နို့တိုက်ဖို့ မအားမလပ်ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊နိစ္စဓဝ အိမ်အလုပ်များကို ကူညီဖေးမပေးမည့် မိသားစုဝင်များမရှိခဲ့လျှင်သော်လည်းကောင်း၊ မိခင်နို့ဆက်လက်တိုက်ကျွေးရန် အခြေအနေမပေးလာခဲ့လျှင် မိခင်နို့တိုက်ကျွေးမှု ရပ်တန့်နိုင်ပါတယ်။
ဒါကြောင့် မိခင်နို့မဖြစ်မနေတိုက်ကျွေးသင့်သည့်ကာလမှာ မွေးစမှ အသက်ခြောက်လအထိဖြစ်ပြီး… နို့ဖြတ်သင့်သည်အရွယ်ဟူ၍ မရှိကြောင်း၊ မိခင်နှင့်ကလေး အဆင်ပြေသည့်ကာလတစ်ခုအထိ မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်ပါကြောင်း…..
မေ (ဆေး ၂)
ဘယ္အခ်ိန္မွာ ႏို႔ျဖတ္သင့္လဲ?
ကေလးအသက္ ၆လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းတိုက္သင့္တယ္။အသက္ ၆လေက်ာ္ပါက မိခင္ႏို႔နဲ႔အတူ အျခားျဖည့္စြက္စာေတြ စေကြၽးလို႔ရၿပီဆိုတာ ေမေမတိုင္းသိၿပီးသားပါ။သို႔ေပမယ့္ ေမေမတို႔ ေသခ်ာမသိေသးတာက ကေလးကို ဘယ္ခ်ိန္မွာ ႏို႔ျဖတ္သင့္လဲဆိုတာပါ။
ေမေမတို႔ မၾကာခဏေမးၾကပါတယ္။ကေလးတစ္ႏွစ္ဆို ႏို႔ျဖတ္လို႔ရၿပီလား? ႏွစ္ႏွစ္ဆိုႏို႔ျဖတ္ရေတာ့မလား? စသျဖင့္ေပါ့….အေျဖကေတာ့ ေမေမေရာ သားသားမီးမီးေရာ အဆင္ေျပတဲ့အခ်ိန္အထိ ႏို႔ဆက္တိုက္လို႔ရပါတယ္။
မိခင္ႏို႔တိုက္ျခင္းျဖင့္ မိခင္နဲ႔ကေလးၾကား ခ်စ္ခင္ရင္းႏွီးမႈပိုရေစတယ္။ကေလးရဲ႕ အစာအိမ္နဲ႔အူေရာင္ျခင္းကိုကာကြယ္ေပးတယ္။ကိုယ္ခံအားျမင့္တက္ေစၿပီး ေရာဂါပိုးဝင္ျခင္းမ်ားမွ ကာကြယ္ေပးပါတယ္။ဒါေၾကာင့္မို႔ ကေလးအသက္တစ္ႏွစ္ ႏွစ္ႏွစ္ စသျဖင့္ ကေလးလည္း ႏို႔စို႔ဖို႔လိုလိုလားလား႐ွိၿပီး ေမေမ့ဘက္မွလည္း မိခင္ႏို႔ဆက္လိုက္တိုက္ေကြၽးဖို႔ အေျခအေနေပးခဲ့မယ္ဆိုလ်ွင္ မိခင္ႏို႔တိုက္ေကြၽးျခင္းကိုရပ္ပစ္ဖို႔ မလိုအပ္ပါဘူး။
သို႔ေသာ္ အခ်ိဳ႕အေျခအေနမ်ားမွာ မိခင္ျဖစ္သူရဲ႕ အလုပ္ကိစၥ၊စီးပြားေရး၊လူမႈေရးကိစၥမ်ားေၾကာင့္ ႏို႔တိုက္ဖို႔ မအားမလပ္ျဖစ္ခဲ့လ်ွင္ေသာ္လည္းေကာင္း၊နိစၥဓဝ အိမ္အလုပ္မ်ားကို ကူညီေဖးမေပးမည့္ မိသားစုဝင္မ်ားမ႐ွိခဲ့လ်ွင္ေသာ္လည္းေကာင္း၊ မိခင္ႏို႔ဆက္လက္တိုက္ေကြၽးရန္ အေျခအေနမေပးလာခဲ့လ်ွင္ မိခင္ႏို႔တိုက္ေကြၽးမႈ ရပ္တန္႔ႏိုင္ပါတယ္။
ဒါေၾကာင့္ မိခင္ႏို႔မျဖစ္မေနတိုက္ေကြၽးသင့္သည့္ကာလမွာ ေမြးစမွ အသက္ေျခာက္လအထိျဖစ္ၿပီး… နို့ျဖတ္သင့္သည္အရြယ္ဟူ၍ မရွိေျကာင္း၊ မိခင္ႏွင့္ကေလး အဆင္ေျပသည့္ကာလတစ္ခုအထိ မိခင္ႏို႔ဆက္လက္တိုက္ေကြၽးႏိုင္ပါေၾကာင္း…..
ေမ (ေဆး ၂)