မီးဖွားပြီးဘယ်လောက်အကြာမှာ လေ့ကျင့်ခန်းလုပ်ရမလဲ?
မိန်းကလေးတော်တော်များများဟာ လှချင်ကြပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့်ရော ခန္ဓာကိုယ်လိုအပ်ချက်အရရော ပိုစားတဲ့အခါ ကိုယ်ဝန်ဆောင်ပြီးချိန်မှာမလိုအပ်တဲ့ အဆီပိုတွေ စုလာတတ်ပါတယ်။
ဒါ့အပြင် သဘာဝအရ ဝမ်းဗိုက်ကြွက်သားနှစ်ခုဟာ ကိုယ်ဝန်ကြီးထွားလာတဲ့အခါ အလယ်မှာ”ဟ”သွားတတ်ပါတယ်။
မွေးပြီးတဲ့အချိန်မှာ အရင်ကလို ပုံမှန်ပြန်မစေ့ဘဲ ကျန်နေတတ်တာ ကြောင့် ဝမ်းဗိုက်အောက်ပိုင်း ဗိုက်ပူခြင်းမျိုး တွေ့ရတတ်ပါတယ်။
ဒီပြသနာတွေပြေလည်ဖို့ရာ မေမေတို့အဖို့ တကယ့်ကို စိန်ခေါ်မှုကြီးပါ။ အစားလျှော့စားဖို့ဆိုတာလည်း နို့တိုက်မိခင်တွေအတွက် မဖြစ်နိုင်။
လေ့ကျင့်ခန်းကြတော့လည်း ဘယ်အချိန်လုပ်ရမလဲဆိုတာ လူတိုင်းသိချင်ကြပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာဟာ မေမေတို့ ကိုယ်ဝန်ဆောင်စဉ် ဘာလေ့ကျင့်ခန်းတွေလုပ်ဖူးတယ်။ ဘယ်လိုမွေးဖွားတယ်( ရိုးရိုးမွေးခြင်းလား၊ ခွဲမွေးခြင်းလား၊
ညှပ်စွဲရခြင်းလား) ချုပ်ရိုး အနာကျက်မကျက်၊ လုပ်မယ့်လေ့ကျင့်ခန်း စသည့် အချက်တို့အပေါ်မူတည်နေပါတယ်။
မွေးပြီးပြီးခြင်းဆိုရင်တော့ လမ်းလျှောက်ခြင်း ကိုသာ ပြုလုပ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းလုပ်ထားမယ်၊ ရိုးရိုးမွေးထားမယ် ဆိုရင်တော့လေ့ကျင့်ခန်းကို ရက်ပိုင်းအတွင်းပြန်လုပ်နိုင်မှာဖြစ်ပါတယ်။
လိုအပ်ချက်အရ ခွဲမွေးထားရတဲ့ မေမေတို့အနေနဲ့ကတော့ အနာချုပ်ရိုး ကောင်းမကောင်း၊ ဆရာဝန် ဆုံးဖြတ်ချက်အပေါ် အဓိကမူတည်ပါတယ်။ပုံမှန်အားဖြင့်
တော့ ၆ပတ်လောက်အထိ ချုပ်ရိုးအနာကျက်အောင် စောင့်သင့်ပါတယ်။ လေ့ကျင့်ခန်း စလုပ်မယ်ဆိုရင်လည်း ပေါ့ပါးတဲ့ လေ့ကျင့်ခန်းမျိုးသာ ပြုလုပ်သင့်ပါတယ်။
လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကတော့ ပထမဆုံးအနေနဲ့ မွေးလမ်းကြောင်းလေ့ကျင့်ခန်း( Kegels exercisa)ကိုသာ လုပ်သင့်ပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့ ကိုယ်ဝန်ဆောင်စဉ် ပြောင်းလဲထားတဲ့ ဟော်မုန်းတွေ၊ နုနယ်နေတဲ့ကြွက်သားတွေကြောင့် ဆရာဝန် သို့ ကျွမ်းကျင်တဲ့ လေ့ကျင့်ဆရာတွေရဲ့ ခွင့်ပြုချက်ရမှ ဆော့သင့်ပါတယ်။
မလုပ်သင့်တဲ့လေ့ကျင့်ခန်းတွေကတော့ ဝမ်းဗိုက်ကြွက်သားကို ဆွဲဆန့်သလိုဖြစ်စေတဲ့ ထိုင်ထလေ့ကျင့်ခန်းမျိုး၊ ခြေထောက်မြှောက်လေ့ကျင့်ခန်းမျိုး ၊ဖြစ်ပါတယ်။
ပြင်းထန်တဲ့ နှလုံးအသုံးပြုလေ့ကျင့်ခန်းမျိုး( Cardio) ဆိုရင် အဆီမြန်မြန်ကျတာမှန်ပေမယ့် မွေးလမ်းကြောင်းကြွက်သားတွေ၊ အရိုးအဆစ်ကြွက်သားတွေ
လုံးဝ ပုံမှန်အနေအထားရောက်မှ ဆော့သင့်ပါတယ်။ ဒီလိုဖြစ်ဖို့ လနဲ့ချီပြီးကြာတတ်ပါတယ်။
ဒါတွေကြောင့် လေ့ကျင့်ခန်းပြန်လုပ်ဖို့ကို အရမ်းလောမကြီးဖို့ကို သတိပေးချင်ပါတယ်။
မယ်တင်( ဆေး ၁)
မီးဖြားျပီးဘယ္ေလာက္အၾကာမွာ ေလ့က်င့္ခန္းလုပ္ရမလဲ?
မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ လွခ်င္ၾကပါတယ္။
ကိုယ္ဝန္ေဆာင္တဲ့အခါ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ေရာ ခႏၶာကိုယ္လိုအပ္ခ်က္အရေရာ ပိုစားတဲ့အခါ ကိုယ္ဝန္ေဆာင္ၿပီးခ်ိန္မွာမလိုအပ္တဲ့ အဆီပိုေတြ စုလာတတ္ပါတယ္။
ဒါ့အျပင္ သဘာဝအရ ဝမ္းဗိုက္ႂကြက္သားႏွစ္ခုဟာ ကိုယ္ဝန္ႀကီးထြားလာတဲ့အခါ အလယ္မွာ”ဟ”သြားတတ္ပါတယ္။
ေမြးၿပီးတဲ့အခ်ိန္မွာ အရင္ကလို ပံုမွန္ျပန္မေစ့ဘဲ က်န္ေနတတ္တာ ေၾကာင့္ ဝမ္းဗိုက္ေအာက္ပိုင္း ဗိုက္ပူျခင္းမ်ိဳး ေတြ႕ရတတ္ပါတယ္။
ဒီျပသနာေတြေျပလည္ဖို႔ရာ ေမေမတို႔အဖို႔ တကယ့္ကို စိန္ေခၚမႈႀကီးပါ။ အစားေလၽွာ့စားဖို႔ဆိုတာလည္း ႏို႔တိုက္မိခင္ေတြအတြက္ မျဖစ္ႏိုင္။
ေလ့က်င့္ခန္းၾကေတာ့လည္း ဘယ္အခ်ိန္လုပ္ရမလဲဆိုတာ လူတိုင္းသိခ်င္ၾကပါတယ္။
ေလ့က်င့္ခန္းလုပ္ဖို႔ဆိုတာဟာ ေမေမတို႔ ကိုယ္ဝန္ေဆာင္စဥ္ ဘာေလ့က်င့္ခန္းေတြလုပ္ဖူးတယ္။ ဘယ္လိုေမြးဖြားတယ္( ရိုးရိုးေမြးျခင္းလား၊ ခြဲေမြးျခင္းလား၊
ညႇပ္စြဲရျခင္းလား) ခ်ဳပ္ရိုး အနာက်က္မက်က္၊ လုပ္မယ့္ေလ့က်င့္ခန္း စသည့္ အခ်က္တို႔အေပၚမူတည္ေနပါတယ္။
ေမြးၿပီးၿပီးျခင္းဆိုရင္ေတာ့ လမ္းေလၽွာက္ျခင္း ကိုသာ ျပဳလုပ္သင့္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ ေလ့က်င့္ခန္းလုပ္ထားမယ္၊ ရိုးရိုးေမြးထားမယ္ ဆိုရင္ေတာ့ေလ့က်င့္ခန္းကို ရက္ပိုင္းအတြင္းျပန္လုပ္ႏိုင္မွာျဖစ္ပါတယ္။
လိုအပ္ခ်က္အရ ခြဲေမြးထားရတဲ့ ေမေမတို႔အေနနဲ႔ကေတာ့ အနာခ်ဳပ္ရိုး ေကာင္းမေကာင္း၊ ဆရာဝန္ ဆံုးျဖတ္ခ်က္အေပၚ အဓိကမူတည္ပါတယ္။ပံုမွန္အားျဖင့္
ေတာ့ ၆ပတ္ေလာက္အထိ ခ်ဳပ္ရိုးအနာက်က္ေအာင္ ေစာင့္သင့္ပါတယ္။ ေလ့က်င့္ခန္း စလုပ္မယ္ဆိုရင္လည္း ေပါ့ပါးတဲ့ ေလ့က်င့္ခန္းမ်ိဳးသာ ျပဳလုပ္သင့္ပါတယ္။
လုပ္ႏိုင္တဲ့ ေလ့က်င့္ခန္းေတြကေတာ့ ပထမဆံုးအေနနဲ႔ ေမြးလမ္းေၾကာင္းေလ့က်င့္ခန္း( Kegels exercisa)ကိုသာ လုပ္သင့္ပါတယ္။ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကေတာ့ ကုိယ္ဝန္ေဆာင္စဥ္ ေျပာင္းလဲထားတဲ့ ေဟာ္မုန္းေတြ၊ ႏုနယ္ေနတဲ့ႂကြက္သားေတြေၾကာင့္ ဆရာဝန္ သို႔ ကၽြမ္းက်င္တဲ့ ေလ့က်င့္ဆရာေတြရဲ႕ ခြင့္ျပဳခ်က္ရမွ ေဆာ့သင့္ပါတယ္။
မလုပ္သင့္တဲ့ေလ့က်င့္ခန္းေတြကေတာ့ ဝမ္းဗိုက္ႂကြက္သားကို ဆြဲဆန္႔သလိုျဖစ္ေစတဲ့ ထိုင္ထေလ့က်င့္ခန္းမ်ိဳး၊ ေျခေထာက္ေျမႇာက္ေလ့က်င့္ခန္းမ်ိဳး ၊ျဖစ္ပါတယ္။
ျပင္းထန္တဲ့ ႏွလံုးအသံုးျပဳေလ့က်င့္ခန္းမ်ိဳး( Cardio) ဆိုရင္ အဆီျမန္ျမန္က်တာမွန္ေပမယ့္ ေမြးလမ္းေၾကာင္းႂကြက္သားေတြ၊ အရိုးအဆစ္ႂကြက္သားေတြ
လံုးဝ ပံုမွန္အေနအထားေရာက္မွ ေဆာ့သင့္ပါတယ္။ ဒီလိုျဖစ္ဖို႔ လနဲ႔ခ်ီၿပီးၾကာတတ္ပါတယ္။
ဒါေတြေၾကာင့္ ေလ့က်င့္ခန္းျပန္လုပ္ဖို႔ကို အရမ္းေလာမႀကီးဖို႔ကို သတိေပးခ်င္ပါတယ္။
မယ္တင္( ေဆး ၁)