ကလေးမွေးပြီးဘယ်လောက်အကြာမှာ အမျိုးသားနဲ့အတူပြန်နေလို့ရပြီလဲ

အိမ်ထောက်သည် အမျိုးသမီး တွေနဲ့ သူ့ရဲ့ အိမ်ထောင်ဖက် အမျိုးသားတွေ …. ကလေးမွေးပြီးတဲ့အခါ သိလိုကြတဲ့ မေးခွန်းတွေထဲက တစ်ခုကတော့…. ဘယ်တော့ အတူပြန်နေလို့ ရသလဲ ဆိုတာပါပဲ……

ရိုးရိုး မွေးတာလား…. ခွဲမွေးတာလား
ရိုးရိုး မွေးတဲ့ အမျိုးသမီးတွေကတော့ ယျေဘူယျအားဖြင့် ခွဲမွေးတဲ့ အမျိုးသမီးတွေထက် စောစော အတူနေလို့ရပါတယ်….

မွေးလမ်းကြောင်းကနေ lochia လို့ခေါ်တဲ့ အရည်ဆင်းတာ သေချာပေါက် ရပ်တဲ့အချိန်…. ခန့်မှန်းချေ ကလေးမွေးပြီး လေးပတ်လောက် အကြာမှာ ဆက်ဆံနိုင်တယ် ဆိုပါတယ်…..

ဒီအရည်တွေရှိနေတုန်းမှာ လိင်ဆက်ဆံခဲ့ရင် မွေးလမ်းကြောင်းကနေ ရောဂါပိုးဝင်ဖို့ အခွင့်အလမ်း ပိုများလို့ပါပဲ

ရိုးရိုးမွေးပေမယ့် …. မွေးစဉ်က မွေးလမ်းကြောင်းချဲ့ ထားရတာမျိုး ရှိရင်တော့ ဒီ့ထက်ပို အချိန်ကြာကြာစောင့်ရင် ကောင်းပါတယ်….

မွေးလမ်းကြောင်း ချုပ်ရိုး သေသေချာချာ အနာကျက်ဖို့အတွက်ပါ…

အနာသေချာမကျက်သေးဘဲ လိင်ဆက်ဆံတဲ့အခါ… အနာကနေသွေးထွက်တာ… အနာကွဲတာ… ပိုးဝင်တာ တွေ ဖြစ်နိုင်လို့ပါ

ဒီလို မွေးလမ်းကြောင်း ချဲ့ထားရသူတွေမှာတော့…. အနည်းဆုံး ကလေးမွေးပြီး ခြောက်ပတ်လောက်မှ လိင်ကိစ္စ ကို စဉ်းစားတာကောင်းပါတယ်

ခွဲမွေးထားရင်
ဒီလို အမျိုးသမီးတွေအတွက်တော့…..ဗိုက်အပေါ်ကမြင်ရတဲ့ အပြင်ချုပ်ရိုးသာမက အတွင်းချုပ်ရိုးပါ ကျက်ဖို့… မွေးလမ်းကြောင်း ကနေ ခွဲစိတ်စဉ်က နဲ့ တချို့သော အကြွင်းအကျန်တွေ ဆင်းတာ ကောင်းကောင်းကုန်သွားတဲ့အထိ အနည်းဆုံး ခြောက်ပတ် စောင့်ရပါမယ်

စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ပြီး အဆင်သင့်ဖြစ်နေဖို့လို

ကလေးမွေးပြီး အမျိုးသမီး တွေအနေနဲ့…. လိင်ကိစ္စ ကို ပြန်စမယ်ဆိုရင် ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ရော စိတ်ပိုင်းဆိုင်ရာ ပါ အားအင်ပြည့်ပြီး ဒီကိစ္စကို ဆန္ဓပြန်ရှိပြီး အဆင်သင့်ဖြစ်နေမှ ပြုတာကောင်းပါတယ်

အရေးအကြီးဆုံးတစ်ချက်ကတော့… နောက်နှစ်နှစ်အတွင်း ကလေးမရအောင် ကာကွယ်ထားဖို့ပါပဲ… အရပ်ထဲမှာပြောနေကြတဲ့ နို့သေချာတိုက်ရင်… ရာသီမှန်နေရင် ကလေးမရဘူးဆိုတာ မဟုတ်ပါဘူး….

တားဆေးသာမသုံးထားရင် အချိန်မရွေး ကိုယ်ဝန်ရသွားနိုင်ပါတယ်

ဒါကြောင့် ကလေးမွေးပြီး အမျိုးသမီး တွေအနေနဲ့… ယျေဘူယျအားဖြင့် ခြုံပြောရရင် လေးဆယ့်ငါးရက်မပြည့်မီတစ်ပတ်အလိုမှာ ကလေးမရအောင် နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်ရာ သားဆက်ခြားနည်း ကို သုံးထားပါ….
လေးဆယ့်ငါးရက် ပြည့်ပြီးနောက်ပိုင်းမှ လိင်မှူကိစ္စကို စတင်နိုင်ပါတယ်လို့ ပြောလိုက်ပါရစေ….

မေတ္တာဖြင့်
Dr. စိမ်းမိုးစက်

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *