Rest a brain

🧠 ကျွန်တော်တို့ ခန္တာကိုယ်မှာ တရစပ် မရပ်မနား သေတဲ့အထိ အလုပ်လုပ်ရတဲ့ အကောင်က နှလုံးနဲ့ ဉီးနှောက်ပါပဲ။

လူသေသွားရင် နှလုံးကရပ်သွားပေမယ့် ဉီးနှောက်ကဆက်လုပ်နေရတုန်းပဲ အဲ့တာကြောင့်သေသွားပေမယ့် Brain Wave တွေကျန်နေသေးတယ်ဆိုတာကြားဖူးမှာပါ။

စိတ်ရှုပ်စရာတွေ စိတ်မချမ်းမြေ့စရာသတင်းတွေချည်းပဲ ဆက်တိုက်ကြားလာရတဲ့အခါ လူက လောင်မြိုက်လာတတ်ပါတယ်။ အလုပ်တွေချည်းနင်းကန် လုပ်လိုက်မယ်ဟေ့ဆိုပြီး အာရုံပြောင်းဖို့ ကြိုးစားပြန်တော့လည်း အာရုံစူးစိုက်တာများတဲ့အခါ ဉီးနှောက်က အရင်လောက်မထွက်တော့ဘူး။

🧠🧊Brain freeze ဖြစ်သွားတတ်တယ်။ ဉပမာ – ကိုယ်နေ့တိုင်းနားထောင်နေတဲ့ သီချင်းခေါင်းစဉ်က လျာဖျားလေးတင် ဒါပေမယ့် ထွက်မလာဘူး စဉ်းစားလေ စဉ်းစာမရလေ။

နောက်ပြီး ဂိမ်းတခုဆော့နေတယ်ဆိုပါစို့ ဒီတခန်းကလုံးဝမနိုင်ဘူး ခဏ ချထားပြီး ပြီးမှ ပြန်ဆော့ရင် လွယ်လွယ်လေးနဲ့ နိုင်သွားတာမျိုးဖြစ်ဖူးကျတယ်မလား။

🧠 အဲ့လိုပဲ။ ကျွန်တော်တို့ ဉီးနှောက်က Sponge 🧽 လိုပဲ။

ရေစုပ်သလို New information အသစ်ကို အတိုင်းအတာတခုထိပဲ စုပ်ယူနိုင်တယ်။ ရေဝလို့ ပြည့်သွားရင် ထပ်ထည့်သမျှ မဝင်တော့ဘူး။ အုန်းသွားတယ်ပေါ့။ အဲ့တော့ နည်းနည်းလေးတော့ ပြန်ညှစ်ထုတ်ပေးရတယ်။

🧠 အဲ့တာကြောင့် ဉီးနှောက်ကို အနားပေးရတယ်။ အဲ့တော့မှသာ ကိုယ့်ရဲ့ Performance တွေ ပြန်တက်လာမယ်၊ အာရုံပိုပြီးစူးစိုက်နိုင်လာမယ်။

“Downtime” ကအရေးကြီးတယ်။ ဉီးနှောက်ကို အနားပေးလိုက်တာလို့ခေါ်တယ်။

လုံးဝ အနားပေးလိုက်တာလို့ပြောတာတော့မဟုတ်ဘူးပေါ့။ ဉီးနှောက်ဆိုတာလည်းလုံးဝ အလုပ်မလုပ်ပဲရပ်နေမယ့်ကောင်မဟုတ်ဘူးလေ။

🧠 တကယ်က အာရုံစူးစိုက်တဲ့ အလုပ်ကိုမလုပ်တော့ရင် ဉီးနှောက်က တခြားအပိုင်းတွေက ပိုအလုပ်လုပ်နိုင်လာတယ်။ ပြောရရင် Brain ကို Default setting နဲ့ Default mode ချလိုက်တဲ့သဘောပေါ့။

ပြီးတော့မှ Beast mode on ပြီး လုပ်စရာရှိတာကို ဆက်ကြုံးတော့။ အံမယ်။

📌 Downtime ဆိုတာဘာလဲ။

Downtime ဆိုတာ ဘော်ဒါတွေနဲ့ Hangout လုပ်တာ စာအုပ်ဖတ်တာတို့၊ Social media သုံးလိုက်တာတို့ကို ဆိုလိုတာမဟုတ်ဘူး။

အဲ့ဒါတွေ အကုန်လုံးမှာ ဉီးနှောက်က Information အသစ်အတွက် Process လုပ်နေရသေးတယ်။

တကယ် Downtime ဆိုတာက စိတ်ကို လွင့်ချင်တဲ့နေရာလွင့်လို့ရအောင် ဉီးနှောက်လုံးဝမသုံးရတဲ့အလုပ်ကို လုပ်ခိုင်းတာ (ဉပမာ- တံမျက်စည်းလှည်းတာမျိုး၊ သစ်ပင်ရေလောင်းတာတို့၊ ထိုင်ပြီး တနေရာရာကို ငေးကြည့်နေတာမျိုး၊ အမျိုးသားတွေကတော့ ပိုလုပ်တတ်တယ်၊ Tap into nothing box ပေါ့)

Sit and mindless stare လို မျိုးဉီးနှောက်ထဲမှာ ဗလာပဲ ဘာမှမရှိဘူး။ အဲ့လိုမျိုး ကိုမှ Downtime လို့ခေါ်ပြီး Brain Default Mode ကို ရောက်မှာ။

📌 Meditation တရားထိုင်ပြီး စိတ်ကို ရှင်းလင်းခိုင်းတယ်ဆိုတာက တကယ်တော့ Brain downtime ပေးတာမျိုးပါပဲ။ ဗုဒ္ဓကျင့်စဉ်တွေက သိပ္ပံနည်းကျ လေ့လာမယ်ဆိုရင် မတရားအကျိုးရှိတယ်။ ထားပါ။

📌 အဲ့တော့ ဉီးနှောက်ကို အနားပေးဖို့ ဘယ်လိုပလန်ဆွဲကျမလဲ။

(၁) Downtime မှာ ဘာလုပ်မလဲ စီစဉ်ထားပါ။ (တရားထိုင်မလား၊ ဉီးနှောက်မသုံးရတဲ့ အလုပ်တခုခုဘာလုပ်မလဲ စဉ်းစားပြီးချရေးထားပါ)

(၂) နေ့စဉ် ဘာလုပ်မယ်ဆိုတဲ့ Schedule ထဲမှာ Downtime အတွက် ၁၅ မိနစ်ခန့် အချိန်ထည့်ဆွဲပါ။ Schedule your downtime.

(၃) စိတ်ကို လွှတ်ထားတဲ့အခါ နောင်ရေးတွေ တွေးပူရမယ့်ကိစ္စတွေပေါ်လာတတ်စမြဲဆိုတော့ တွေးပူဖို့အတွက်အချိန်ကို သပ်သပ်ဆွဲပါ။ Downtime ကို အနှောင့်အယှက်မဖြစ်ပါစေနဲ့။ Schedule your worry time.

(၄) ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်အောင် ပြင်ဆင်ထားပါ။ နားဝင်ချိုတဲ့ သံစဉ်လေးတွေဖွင့်ထားထားမျိုးပေါ့။ (Mindfulness ဆိုတဲ့ Application လေးကောင်းတယ်။ ပလန်ဆွဲလို့ရတယ်။ Reminder ပါတယ်။ တီးလုံးလေးတွေလဲပါတယ်။ Activity လဲထည့်ပေးထားတယ်)

(၅) လေ့ကျင့်ပါ။ အစပိုင်းမှာတော့ လမ်းတွေပျောက်ပြီး လုပ်ချင်တာလုပ်မိနေမှာဖြစ်ပေမယ့် နောက်ပိုင်းမှာ ကိုယ့်အတွက်ဘယ်လောက်ကောင်းလဲဆိုတာသိလာမှာပါ။

📌 အခုပဲ စကြည့်ပါ။ “Your brain will thank you later when its done wandering”

“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”

#myDoctor #Dr_KyawYe_ဆေး(၁)

MyDoctor Telemedicine Application
Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မျက်နှာအဆီပြန်ခြင်း ကိုလျှော့ချဖို့ ဘာတွေလုပ်ရမလဲ

1 Mins read
👍 Do’s 💫 မျက်နှာပုံမှန်သစ်ပါ၊ မနက်တစ်ခါ၊ ညနေတစ်ခါ၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါတိုင်း မျက်နှာသစ်ပါ။ (အရမ်းမပွတ်ပါနဲ့။ Scrub နေ့တိုင်းမလုပ်ပါနဲ့) 💫 မျက်နှာသစ်ဆေးနဲ့ Skin care, makeup တွေကို “oil free” and “noncomedogenic…

Leave a Reply

Your email address will not be published. Required fields are marked *