All Articlesအခြားရောဂါများအထွေထွေရောဂါများ

နို့တိုက်မေမေတို့ဖျားတဲ့အခါ

1 Mins read

နို့တိုက်မေမေတို့ဖျားတဲ့အခါ???

ရင်သွေးငယ်ကလေးများကို နေ့စဉ်မပြတ်စောင့်ရှောက်နေရသောနို့တိုက်မိခင်တို့ဖျားနာတဲ့အခါမှာ ကလေးကိုကူးမှာစသဖြင့် အစိုးရိမ်လွန်ကဲကာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ဒါကြောင့်နို့တိုက်မိခင်တို့ ပူပန်မလွန်ရအောင် မေမေတို့ဖျားနာတဲ့အခါဘာတွေဆောင်ရ၊ရှောင်ရမလဲဆိုတာလေးတွေကိုပြောပြပေးချင်ပါတယ်။

နို့တိုက်မေမေတို့ဖျားတဲ့အခါ ဘာတွေလုပ်ကြမလဲ???

၁။မိခင်နို့ကိုဆက်တိုက်ပါ။ မိခင်ဖျားနာနေသော်လည်း မိခင်နို့မှာပါတဲ့အာဟာရနဲ့ ပဋိပစ္စည်းတွေဟာ ကလေးငယ်တွေရဲ့ ကိုယ်ခံစွမ်းအားကိုမြင့်တက်စေပါတယ်။ ဒါကြောင့် မေမေတို့ဖျားနေသော်လည်း နို့ချိုကိုဆက်လက်တိုက်ကျွေးပေးပါ။ အကယ်၍မိမိမှာနို့မတိုက်နိုင်အောင်ဖျားနာနေပါက နို့ကိုနို့ဘူးထဲသို့ညှစ်၍တိုက်ပေးနိုင်ပါတယ်။

၂။မေမေတို့နှာချေ ချောင်းဆိုးလျှင်လက်ကိုင်ပဝါသုံးပါ၊လက်ကိုမကြာခနဆေးပေးပါ။ ကလေးအသုံးအဆောင်ပစ္စည်းများ(နို့ဘူး၊ရေခွက် စသည်)တို့ကို နေ့စဉ်ဆေးကြောပါ။ မိခင်တို့အသုံးပြုသောလက်ကိုင်ပဝါ၊အဝတ်အစားများကို သေချာစွာလျှော်ဖွတ်ပါ။

၃။အိမ်မှာရှိသောစားပွဲ၊ကုလားထိုင်၊ပန်းကန်ခွက်ယောက်များတွင် မိမိနှာချေ၊ချောင်းဆိုးတဲ့အခါ ရောဂါပိုးမွှားများကပ်တင်နေနိုင်သောကြောင့် နေ့စဉ်ဆေးကြောသန့်စင်ပေးဖို့လိုပါတယ်။

၄။အဖျားကျဆေး၊ပိုးသတ်ဆေးအချို့ဟာ ကလေးငယ်အတွက်ရော၊နို့တိုက်မိခင်အတွက်ပါ အဆင်မပြေတာ၊မသင့်တော်တာတွေရှိတာကြောင့် ဆရာဝန်နှင့်ပြသပြီးမှသောက်သင့်ပါတယ်။

၅။ကိုက်ခဲဖျားနာဆေးများအနေနဲ့ Biogesic လို ပါရာစီတမောဟာတော့ ကိုယ်ဝန်ဆောင်ချိန်မှာရော၊နို့တိုက်ချိန်မှာပါ အလုံခြုံစိတ်အချရဆုံးဖြစ်ပါတယ်။ ညွှန်ကြားချက်အတိုင်း သောက်သုံးပေးနိုင်ပါတယ်။ ထိုမှမသက်သာပါက နီးစပ်ရာဆရာဝန်နှင့်ပြသပြီးကုသမှုခံယူသင့်ပါတယ်။

၆။ရေများများသောက်ပါ။ ရေများများသောက်ခြင်းဟာ ဖျားနာခြင်းကြောင့်ဆုံးရှုံးသွားတဲ့အရည်ဓါတ်ကိုပြန်လည်ဖြည့်တင်းပေးပြီး လူကိုအမြန်ပြန်လည်ကျန်းမာစေပါတယ်။

၇။အစားအစာကိုဝင်အောင်စားပေးပါ။ အာဟာရပြည့်ဝသောအစားအစာများကို ဖျားနာနေချိန်မှာဝင်အောင်စားပေးသင့်ပါတယ်။ အစားအသစာများကို ပူပူနွေးနွေး၊အစာကြေလွယ်အောင်စီမံချက်ပြုတ်စားသောက်ပေးပါ။

၈။အိပ်ရေးဝဝအိပ်ပေးပါ။ အိပ်ရေးဝဝအိပ်ခြင်းက လူကိုလန်းဆန်းအားပြည့်စေပြီး အဖျားကြာရှည်ခြင်းကိုလျော့နည်းစေနိုင်ပါတယ်။ဒီလောက်ဆို နို့တိုက်မေမေတို့ ဖျားနာတဲ့အခါဘာတွေဆောင်ရ၊ရှောင်ရမလဲဆိုတာ မိခင်တို့သိရှိကြပြီထင်ပါတယ်။

မေမေရော ကလေးတို့ပါ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

dr.ye’lwin mm

ႏို႔တိုက္ေမေမတို႔ဖ်ားတဲ့အခါ???

ရင္ေသြးငယ္ကေလးမ်ားကို ေန႔စဥ္မျပတ္ေစာင့္ေရွာက္ေနရေသာႏို႔တိုက္မိခင္တို႔ဖ်ားနာတဲ့အခါမွာ ကေလးကိုကူးမွာစသျဖင့္ အစိုးရိမ္လြန္ကဲကာ ေျခမကိုင္မိ လက္မကိုင္မိျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ႏို႔တိုက္မိခင္တို႔ ပူပန္မလြန္ရေအာင္ ေမေမတို႔ဖ်ားနာတဲ့အခါဘာေတြေဆာင္ရ၊ေရွာင္ရမလဲဆိုတာေလးေတြကိုေျပာျပေပးခ်င္ပါတယ္။

ႏို႔တိုက္ေမေမတို႔ဖ်ားတဲ့အခါ ဘာေတြလုပ္ၾကမလဲ???

၁။မိခင္ႏို႔ကိုဆက္တိုက္ပါ။ မိခင္ဖ်ားနာေနေသာ္လည္း မိခင္ႏို႔မွာပါတဲ့အာဟာရနဲ႔ ပဋိပစၥည္းေတြဟာ ကေလးငယ္ေတြရဲ႕ ကိုယ္ခံစြမ္းအားကိုျမင့္တက္ေစပါတယ္။ ဒါေၾကာင့္ ေမေမတို႔ဖ်ားေနေသာ္လည္း ႏို႔ခ်ိဳကိုဆက္လက္တိုက္ေကြၽးေပးပါ။ အကယ္၍မိမိမွာႏို႔မတိုက္ႏိုင္ေအာင္ဖ်ားနာေနပါက ႏို႔ကိုႏို႔ဘူးထဲသို႔ညႇစ္၍တိုက္ေပးႏိုင္ပါတယ္။

၂။ေမေမတို႔ႏွာေခ် ေခ်ာင္းဆိုးလွ်င္လက္ကိုင္ပဝါသုံးပါ၊လက္ကိုမၾကာခနေဆးေပးပါ။ ကေလးအသုံးအေဆာင္ပစၥည္းမ်ား(ႏို႔ဘူး၊ေရခြက္ စသည္)တို႔ကို ေန႔စဥ္ေဆးေၾကာပါ။ မိခင္တို႔အသုံးျပဳေသာလက္ကိုင္ပဝါ၊အဝတ္အစားမ်ားကို ေသခ်ာစြာေလွ်ာ္ဖြတ္ပါ။

၃။အိမ္မွာရွိေသာစားပြဲ၊ကုလားထိုင္၊ပန္းကန္ခြက္ေယာက္မ်ားတြင္ မိမိႏွာေခ်၊ေခ်ာင္းဆိုးတဲ့အခါ ေရာဂါပိုးမႊားမ်ားကပ္တင္ေနႏိုင္ေသာေၾကာင့္ ေန႔စဥ္ေဆးေၾကာသန႔္စင္ေပးဖို႔လိုပါတယ္။

၄။အဖ်ားက်ေဆး၊ပိုးသတ္ေဆးအခ်ိဳ႕ဟာ ကေလးငယ္အတြက္ေရာ၊ႏို႔တိုက္မိခင္အတြက္ပါ အဆင္မေျပတာ၊မသင့္ေတာ္တာေတြရွိတာေၾကာင့္ ဆရာဝန္ႏွင့္ျပသၿပီးမွေသာက္သင့္ပါတယ္။

၅။ကိုက္ခဲဖ်ားနာေဆးမ်ားအေနနဲ႔ Biogesic လို ပါရာစီတေမာဟာေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာေရာ၊ႏို႔တိုက္ခ်ိန္မွာပါ အလုံၿခဳံစိတ္အခ်ရဆုံးျဖစ္ပါတယ္။ ၫႊန္ၾကားခ်က္အတိုင္း ေသာက္သုံးေပးႏိုင္ပါတယ္။ ထိုမွမသက္သာပါက နီးစပ္ရာဆရာဝန္ႏွင့္ျပသၿပီးကုသမႈခံယူသင့္ပါတယ္။

၆။ေရမ်ားမ်ားေသာက္ပါ။ ေရမ်ားမ်ားေသာက္ျခင္းဟာ ဖ်ားနာျခင္းေၾကာင့္ဆုံးရႈံးသြားတဲ့အရည္ဓါတ္ကိုျပန္လည္ျဖည့္တင္းေပးၿပီး လူကိုအျမန္ျပန္လည္က်န္းမာေစပါတယ္။

၇။အစားအစာကိုဝင္ေအာင္စားေပးပါ။ အာဟာရျပည့္ဝေသာအစားအစာမ်ားကို ဖ်ားနာေနခ်ိန္မွာဝင္ေအာင္စားေပးသင့္ပါတယ္။ အစားအသစာမ်ားကို ပူပူေႏြးေႏြး၊အစာေၾကလြယ္ေအာင္စီမံခ်က္ျပဳတ္စားေသာက္ေပးပါ။

၈။အိပ္ေရးဝဝအိပ္ေပးပါ။ အိပ္ေရးဝဝအိပ္ျခင္းက လူကိုလန္းဆန္းအားျပည့္ေစၿပီး အဖ်ားၾကာရွည္ျခင္းကိုေလ်ာ့နည္းေစႏိုင္ပါတယ္။ဒီေလာက္ဆို ႏို႔တိုက္ေမေမတို႔ ဖ်ားနာတဲ့အခါဘာေတြေဆာင္ရ၊ေရွာင္ရမလဲဆိုတာ မိခင္တို႔သိရွိၾကၿပီထင္ပါတယ္။

ေမေမေရာ ကေလးတို႔ပါ က်န္းမာေပ်ာ္႐ႊင္ႏိုင္ၾကပါေစ။

dr.ye’lwin mm

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…