သွေးထွက်လွန်လူနာတစ်ယောက်နဲ့တွေ့ခဲ့သော်
၂၀၁၈ ခုနှစ်အတွက်ပြန်လည်သုံးသပ်ချက်အရနှစ်စဉ်အမေရိကန်မှာ လူပေါင်း ၆၀,၀၀၀ ခန့်ဟာသွေးလွန်ခြင်းသို့မဟုတ်သွေးဆုံးရှုံးခြင်းကြောင့်သေဆုံးလျက်ရှိကြပါတယ်။ ယာဉ်တိုက်မှုတစ်ခုခုကြုံရတာ မတော်တဆမှုတစ်ခုခုကြုံရတာကြောင့် ထိခိုက်ဒဏ်ရာရခြင်းကနေတဆင့် သွေးထွက်လွန်တတ်ပါတယ်။သွေးဆုံးရှုံးမှုတိုးလာတာနဲ့အမျှအသက်အန္တရာယ်ကိုထိခိုက်စေနိုင်ပါတယ်။
သွေးထွက်လွန်လာတဲ့လက္ခဏာများအနေနဲ့ မူးဝေခြင်း၊ ချွေးထွက်လွန်ခြင်း၊မောပန်းခြင်း၊ ပျို့အံခြင်း၊ခေါင်းကိုက်ခြင်းတွေဖြစ်ပေါ်လာပါတယ်။
ကိုယ့်မျက်စိရှေ့မှာသွေးထွက်လွန်နေသူတယောက်တွေ့တဲ့အခါ ရှေးဦးသူနာပြုစုနည်းနဲ့ ကာကွယ်ပေးလို့ရပါတယ်။နောက်ထပ်သွေးဆုံးရှုံးမှုကိုကာကွယ်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုအပြင်စိတ်ပိုင်းဆိုင်ရာအရ ထိတ်လန့်မှုမဖြစ်စေဖို့ကိုလည်း စောင့်ရှောက်ပေးဖို့လိုပါတယ်။
ပထမ ဦးစွာလူနာတင်ယာဉ်ကိုအမြန်ဆုံးဆက်သွယ်သင့်ပါတယ်။ လူနာအတွက်လုပ်ပေးရမယ့် ကြိုတင်ပြုစုနည်းကတော့ သွေးထွက်တဲ့နေရာကို အမြန်ဆုံးဖိထားပေးဖို့ပဲဖြစ်ပါတယ်။
ရှေးဦးပြုစုပေးသူအနေနဲ့လည်း အနည်းဆုံးတော့ တခါသုံးလက်အိတ် သို့မဟုတ် အကာအကွယ်တစ်ခုခုကိုကိုင်ပြီးမှ သွေးထွက်လွန်နေတဲ့နေရာကိုဖိထားသင့်ပါတယ်။
ဒါမှသင့်ရဲ့အရေပြား(သို့မဟုတ်)ချွဲအမြှေးပါးများကိုကူးစက်နိုင်တဲ့အရည်များနဲ့ထိတွေ့နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေမှာဖြစ်ပါတယ်။ရေခဲရေ သို့မဟုတ် ရေခဲတုံးလိုမျိုးရှိမယ်ဆိုရင်လည်း အနာပေါ်မှာတင်ထားပေးလို့ရပါတယ်။ အနာကိုဖိအားပေးဖို့သန့်ရှင်းတဲ့အဝတ်အထည်၊ တီရှပ် (သို့မဟုတ်) ပတ်တီးအစရှိသည်ဖြင့် သုံးလို့ရပါတယ်။သွေးစီးဆင်းမှုကိုလျှော့ချနိုင်ဖို့အတွက်ဒဏ်ရာရနေတဲ့ခြေလက်တွေကို မြှင့်ပြီးထားပေးရပါမယ်။ရရှိနိုင်သမျှအနာပတ်တီး။ အဝတ်စများကိုဒဏ်ရာအနားပတ်လည်မှာ တင်းတင်းကြပ်ကြပ်မဟုတ်ဘဲ မြဲမြန်စွာချည်နှောင်ထားရပါမယ်။ သွေးဆုံးရှုံးခြင်းက လူနာကိုထိတ်လန့်စေနိုင်ပါတယ်။ လူနာအနေနဲ့ကြောက်ရွံ့ထိတ်လန့်မှုကိုသက်သာသွားစေဖို့ ကြိုးစားပေးရပါမယ်။ မူးဝေခြင်း၊ အသက်ရှူနှုန်းမြန်ဆန်လာခြင်း တွေဖြစ်တတ်ပါတယ်။ လူနာရဲ့ ဦး နှောက်နဲ့နှလုံးဆီကိုသွေးစီးဆင်းစေဖို့အတွက်ခြေထောက်များကိုမြှင့်တင်ထား ပြီးနွေးနွေးထွေးထွေးထား ပေးသင့်ပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)