” မီးဖွားပြီး ဘယ်လောက်အကြာမှာ ဝိတ်ပြန်ချမလဲ?”
အပျိုတုန်းကလို ခန္ဓာကိုယ်လေးပြန်ရဖို့ဆိုရင် ၆လ၊၁နှစ်တော့ အနည်းဆုံး စောင့်ရပါလိမ့်မယ် မေမေတို့ရေ။ဝိတ်ချရာမှာလည်း အစားအသောက်ဆင်ခြင်ခြင်းနဲ့ အားကစားလုပ်ခြင်း….ဒီလိုကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နည်းလမ်းများကိုသာသုံးသင့်ပြီး၊ပိန်ဆေးများသုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်နော်။
ဘယ်အချိန်လောက်ကစပြီး ဝိတ်ချလို့ရပြီလဲဆိုရင် …နို့ဘူးတိုက်တဲ့ မေမေတို့အနေနဲ့ မီးဖွားပြီး ၆ပတ်ပြည့်ပြီးလို့ ဆေးရုံရက်ချိန်းပြန်ပြပြီး မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းတယ်ဆို စလို့ရပါပြီ။
မိခင်နို့တိုက်နေတဲ့ မေမေတို့ကတော့ ကလေး ၂လပြည့်မှ စပါနော်။
စိတ်ရှည်ဖို့တော့ လိုမယ်နော် မေမေတို့ရေ…။အပေါ်မှာပြောထားတဲ့ အချိန်ကာလထက် ရှေ့ပိုစောပြီး ဝိတ်မချဖို့ရယ်၊အစာရေဆာဖြတ်တောက်…လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ပြီး အချိန်တိုအတွင်း ပေါင်ချိန်အများကြီးကျအောင် မကြိုးစားဖို့တော့ သတိပေးလိုက်ပါရစေနော်။
ခုလို သတိပေးရတဲ့ အကြောင်းရင်းကတော့ မီးဖွားပြီးချိန်ဆိုတာမေမေတို့အတွက် နလန်ထစအချိန်ဖြစ်တဲ့အလျောက် ကောင်းစွာအနားယူပြီး အားအင်ပြန်လည် ဖြည့်တင်းဖို့ လိုအပ်တာကြောင့်ပါ။
မဟုတ်ရင် အင်အားပြတ်လပ်ပြီး ကျန်းမာရေးထိခိုက်နိုင်လို့ပါ။နို့တိုက်မိခင်တွေမှာဆို….ကလေးပါ အာဟာရချို့တဲ့သွားနိုင်တယ်လေ။သာမန်လူတွေမှာ တစ်ပတ်ကို ၂ပေါင်ချတာ ပုံမှန်ပေမယ့် မေမေတိူ့ကတော့ တစ်ပတ်ကို အများဆုံး ၁ပေါင်ခွဲသာ လျှော့ချသင့်ပါတယ်။ညနေစာမစားတာမျိုး…တစ်နေ့ နှစ်နပ်လောက်ပဲစားတာမျိုး မလုပ်သင့်ပါဘူးနော်။အစားကို နည်းနည်းစီ ခဏခဏခွဲစားပြီး မနက်စာ နေ့လည်စာ ညစာ သုံးနပ်အပြည့်စားလို့ရပါတယ်။ကြားထဲမှာလည်း အဆီမတက်မယ့် သွားရေစာလေးတွေစားပါ။အကောင်းဆုံးကတော့ ကျွမ်းကျင်ဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တကျ ကိုယ်အလေးချိန်ချဖို့ တိုက်တွန်းပါတယ်နော်။
ကျန်းမာလှပတဲ့ မိခင်ဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ဆေး ၂)
” မီးဖြားၿပီး ဘယ္ေလာက္အျကာမွာ ဝိတ္ျပန္ခ်မလဲ?”
အပ်ိဳတုန္းကလို ခႏၶာကိုယ္ေလးျပန္ရဖို႔ဆိုရင္ ၆လ၊၁ႏွစ္ေတာ့ အနည္းဆံုး ေစာင့္ရပါလိမ့္မယ္ ေမေမတို႔ေရ။ဝိတ္ခ်ရာမွာလည္း အစားအေသာက္ဆင္ျခင္ျခင္းနဲ႔ အားကစားလုပ္ျခင္း….ဒီလိုက်န္းမာေရးနဲ႔ ကိုက္ညီတဲ့ နည္းလမ္းမ်ားကိုသာသံုးသင့္ၿပီး၊ပိန္ေဆးမ်ားသံုးစြဲျခင္းကို လံုးဝေ႐ွာင္ၾကဥ္သင့္ပါတယ္ေနာ္။
ဘယ္အခ်ိန္ေလာက္ကစၿပီး ဝိတ္ခ်လို႔ရၿပီလဲဆိုရင္ …ႏို႔ဘူးတိုက္တဲ့ ေမေမတို႔အေနနဲ႔ မီးဖြားၿပီး ၆ပတ္ျပည့္ၿပီးလို႔ ေဆးရံုရက္ခ်ိန္းျပန္ျပၿပီး မိခင္ေရာ ကေလးပါ က်န္းမာေရးေကာင္းတယ္ဆို စလို႔ရပါၿပီ။
မိခင္ႏို႔တိုက္ေနတဲ့ ေမေမတို႔ကေတာ့ ကေလး ၂လျပည့္မွ စပါေနာ္။
စိတ္႐ွည္ဖို႔ေတာ့ လိုမယ္ေနာ္ ေမေမတို႔ေရ…။အေပၚမွာေျပာထားတဲ့ အခ်ိန္ကာလထက္ ေ႐ွ႕ပိုေစာၿပီး ဝိတ္မခ်ဖို႔ရယ္၊အစာေရဆာျဖတ္ေတာက္…ေလ့က်င့္ခန္းေတြအျပင္းအထန္လုပ္ၿပီး အခ်ိန္တိုအတြင္း ေပါင္ခ်ိန္အမ်ားႀကီးက်ေအာင္ မႀကိဳးစားဖို႔ေတာ့ သတိေပးလိုက္ပါရေစေနာ္။
ခုလို သတိေပးရတဲ့ အေၾကာင္းရင္းကေတာ့ မီးဖြားျပီးခ်ိန္ဆိုတာေမေမတို႔အတြက္ နလန္ထစအခ်ိန္ျဖစ္တဲ့အေလ်ာက္ ေကာင္းစြာအနားယူၿပီး အားအင္ျပန္လည္ ျဖည့္တင္းဖို႔ လိုအပ္တာေၾကာင့္ပါ။
မဟုတ္ရင္ အင္အားျပတ္လပ္ၿပီး က်န္းမာေရးထိခိုက္ႏိုင္လို႔ပါ။ႏို႔တိုက္မိခင္ေတြမွာဆို….ကေလးပါ အာဟာရခ်ိဳ႕တဲ့သြားႏိုင္တယ္ေလ။သာမန္လူေတြမွာ တစ္ပတ္ကို ၂ေပါင္ခ်တာ ပံုမွန္ေပမယ့္ ေမေမတိူ႔ကေတာ့ တစ္ပတ္ကို အမ်ားဆံုး ၁ေပါင္ခြဲသာ ေလ်ွာ့ခ်သင့္ပါတယ္။ညေနစာမစားတာမ်ိဳး…တစ္ေန႔ ႏွစ္နပ္ေလာက္ပဲစားတာမ်ိဳး မလုပ္သင့္ပါဘူးေနာ္။အစားကို နည္းနည္းစီ ခဏခဏခြဲစားၿပီး မနက္စာ ေန႔လည္စာ ညစာ သံုးနပ္အျပည့္စားလို႔ရပါတယ္။ၾကားထဲမွာလည္း အဆီမတက္မယ့္ သြားေရစာေလးေတြစားပါ။အေကာင္းဆံုးကေတာ့ ကြၽမ္းက်င္ဆရာဝန္နဲ႔တိုင္ပင္ၿပီး စနစ္တက် ကိုယ္အေလးခ်ိန္ခ်ဖို႔ တိုက္တြန္းပါတယ္ေနာ္။
က်န္းမာလွပတဲ့ မိခင္ဘဝ ပိုင္ဆိုင္ႏိုင္ၾကပါေစ။
ေမ (ေဆး ၂)