ကလေးပျက်ကျပြီးနောက် ဘယ်လောက်အကြာမှာ gym ပြန်ဆော့လို့ရပြီလဲ
ကလေးပျက်ကျခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သက်ရောက်မှုများစွာရှိပါတယ်။ကလေးမပျက်ကျမီ ကိုယ်ဝန်ဆောင်ကာလကြာမြင့်ချိန်အတိုအရှည်ဟာ နာလန်ပြန်ထူဖို့အချိန်အပေါ်သက်ရောက်မှုရှိပါတယ်။ကိုယ်ဝန်နုစဉ်မှာ ပျက်ကျတာဟာ ကိုယ်ဝန်လရင့်စဉ်မှာပျက်ကျတာထက် ပုံမှန်ခန္ဓာကိုယ်အတိုင်းပြန်ဖြစ်ဖို့ မြန်ဆန်ပါတယ်။
ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် တစ်ပတ် သို့မဟုတ် ဆယ်ရက်အတွင်း လေ့ကျင့်ခန်းမလုပ်ဘဲအနားယူသင့်ပါတယ်။အဲ့ဒီအချိန်အတောအတွင်းမှာတော့ အသက်ရှူ လေ့ကျင့်ခန်းလုပ်တာ တရားထိုင်တာမျိုးတွေနဲ့ ကိုယ်ဝန်ပျက်ကျခြင်းကြောင့်ဖြစ်တဲ့ စိတ်ပူပန်ခြင်း စိတ်ကျခြင်းဝေဒနာတွေကို ကုစားနိုင်ပါတယ်။
လေ့ကျင့်ခန်းစလုပ်ချိန်မှာလည်း ပေါပါးတဲ့လေ့ကျင့်ခန်းတွေကနေ စတင်ရပါမယ်။လမ်းလျှောက်ခြင်း ယောဂကျင့်ခြင်းနဲ့ Water aerobics လို့ခေါ်တဲ့ ရေထဲမှာ အေရိုးဗစ်လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို ဝန်မပိစေတဲ့ လေ့ကျင့်ခန်းများနဲ့စတင်ရပါမယ်။
အရမ်းလေးတဲ့ ဝိတ်တုံးများကို မ မသင့်ပါဘူး။ခပ်ပေါ့ပေါ့ အလေးများနဲ့ စတင်ရပါမယ်။
လေ့ကျင့်ခန်းပြန်စတဲ့အချိန်မှာ ကိုယ့်ခန္ဓာကိုယ်ရဲ့အသံကိုအမြဲနားစွင့်ပါ။လေ့ကျင့်နေရင်း အရမ်းမောလာတာ သွေးဆင်းလာတာ ဗိုက်အောင့်လာတာမျိုးဖြစ်ရင် ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ပြန်လည်ပြသရမှာဖြစ်ပါတယ်။
Dr.Pwint Phyo Kyaw
Dr.Pwint Phyo Kyaw
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ
1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Why do doctors ask for an ultrasound during pregnancy?
1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
Leave a Reply
Your email address will not be published. Required fields are marked *