အဖြူဆင်းခြင်း

အဖြူဆင်းတယ်ဆိုတာကို အမျိုးသမီးအများစုအနေနဲ့တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြုံဖူးနိုင်ပါတယ်။ အချိူ့တွေကတော့ တစ်ခါတစ်လေမှဆင်းတတ်ပြီး အချို့ကတော့မကြာခဏဆင်းတတ်ပါတယ်။ တစ်ခါတစ်လေပဲဖြစ်ဖြစ် ခဏခဏပဲဖြစ်ဖြစ် ကြုံတွေ့နေကြမဟုတ်လို့ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ထို့အတူ ပုံမှန်ဖြစ်တာလား ရောဂါကြောင့်ဖြစ်တာလားဆိုတာလည်း စဉ်းစားစရာဖြသ်လာပါတယ်။ အဖြူဆင်းတယ်ဆိုပေမယ့် အရောင်ကအဖြူဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ အစိမ်းရောင်၊ အဝါရောင်တွေဆင်းနိုင်သလို တစ်ခါတစ်လေတော့လည်း အဖြူလိုလို၊ အဝါလိုလိုဆင်းတတ်ပါတယ်။ ဆင်းတဲ့အခါလည်း ပျစ်နေတာရှိသလို ကျဲကျဲတွေလည်းဆင်းနိုင်ပါတယ်။ အဆိုပါအဖြူဆင်းတာတွေဟာ ဘာအနံ့မှမရှိသလို တစ်ခါတစ်လေ အနံ့ဆိုးဆိုးတွေလည်းဖြစ်နေနိုင်ပါတယ်။

အဖြူဆင်းတယ်ဆိုတာ ပုံမှန်အားဖြင့်လည်းဆင်းလေ့ရှိပါတယ်။ ရာသီလာခါနီးရင်၊ စိတ်ဖိစီးမှုများရင်၊ oestrogen ပမာဏအနည်းအများ စတာတွေကြောင့်ဆင်းနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်းဆင်းနိုင်ပြီး လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုရှိရင်လည်းဆင်းနိုင်ပါတယ်။ တစ်ခါတစ်လေကျရင်တော့ မိန်းမကိုယ်၊သားအိမ်ခေါင်းစတာတွေမှာ မကောင်းတဲ့အညစ်အကြေး၊ ပိုးမွှားစတာတွေရှိနေရင်လည်း ဖယ်ထုတ်တဲပုံစံနဲ့လည်း ဆင်းတတ်ပါတယ်။ တစ်ခါတစ်ရံကျရင်တော့ အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုခုမှာ ရောဂါဝင်တာတွေဖြစ်ရင်လည်းဆင်းနိုင်ပါတယ်။ ပုံမှန်အဖြူဆင်းတယ်ဆိုတာက ပမာဏနည်းနည်းဆင်းပြီး အရည်ကလည်းအရမ်းမပျစ်ပဲ ခပ်ကျဲကျဲဆင်းနိုင်ပါတယ်။ အနံ့ဆိုးဆိုးဝါးဝါးရှိမနေသင့်ပဲ အခြားရောဂါလက္ခဏာတွေနဲ့တွဲပီးမတွေ့ရတတ်ပါဘူး။ အဲဒီလိုမဟုတ်ပဲ ပျစ်ပျစ်ချွဲချွဲတွေအများကြီးဆင်းတာ၊ အနံ့ဆိုးဆိုးဝါးဝါးတွေနံတာ၊ အဝါရင့်ရင့်၊ အစိမ်းပုပ်ပုပ်စတာတွေရှိလာရင်တော့ ရောဂါရှိနေတာလို့ အကြမ်းဖျင်းသတ်မှတ်နိုငပါတယ်။

အဲဒီလိုဆင်းလာရင်းနဲ့ အခြားလက္ခဏာတွေပါယှဉ်တွဲပြီးရှိနေနိုင်ပါတယ်။ ဗိုက်ကအရမ်းနာတာ၊ နေရတာနုံးချိပြီးအားမရှိသလိုဖြစ်တာ၊ကျောအောင့်တာ၊ ဆီးပူဆီးကျဉ်တာ၊ အတူနေစဉ်အလွန်အမင်းနာတာ၊ မိန်းမကိုယ်ကယားယံတာစတာတွေနဲ့လည်း ယှဉ်တွဲပြီးဖြစ်နေရင်တော့ ပိုပြီးဂရုတစိုက်ကုသသင့်ပါတယ်။ တစ်ခါတစ်လေကျရင်တော့လည်း ဘာရောဂါမှမရှိပါပဲနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းရင်လည်း ဖြစ်တတ်ပါသေးတယ်။အရင်ဆုံးလုပ်ရမှာကတော့ အရမ်းမစိုးရိမ်ဖို့ဖြစ်ပါတယ်။ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတာကိုသိထားရမှာဖြစ်ပြီး ဆင်းတဲ့ပမာဏ၊ အရောင်၊ အနံ့စတာတွေကို ဂရုစိုက်ပြီးကြည့်ထားသင့်ပါတယ်။ ဒါ့အပြင်အပေါ်မှာပြောခဲ့တဲ့ဝေဒနာတွေရှိနေသလား၊ တခြားဝေဒနာတွေပါနေလားဆိုတာသတိထားရပါမယ်။ တစ်ချိန်တည်းမှာပဲ စိတ်ဖိစီးမှုနည်းနည်းနေတာ၊ အာဟာရပြည့်ဝတဲ့အစာတွေစားတာ၊ သန့်သန့်ရှင်းရှင်း။ နေတာတွေပြုလုပ်နေသင့်ပါတယ်။

အဖြူဆင်းတာတွေရပ်သွားရင်ကိစ္စမရှိပေမယ့် ကြာရှည်စွာဆင်းနေရင်၊ ရောဂါတစ်ခုခုရှိနေတယ်လို့ သံသယဝင်လာရင်တော့ မိမိဘာသာကြိတ်ကုတာမျိုးမလုပ်ပဲ နားလည်တတ်ကျွမ်းသူနဲ့ပြသပြီး ပျောက်ကင်းအောင်ကုသသင့်ပါတယ်။ အဖြူဆင်းတာကို ကြုံတွေနေကျဆိုပြီးပေါ့ဆမနေသင့်ပါဘူး။ ပုံမှန်ဆင်းတာဖြစ်နေနိုင်သလို ရောဂါအခံတစ်ခုရဲ့ ရှေ့ပြေးလက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အရမ်းစိုးရိမ်တာမျိုး၊ အရမ်းပေါ့ဆတာမျိုးမရှိပဲ သတိထားစောင့်ကြည့်ပြီးမူမမှန်တဲ့ လက္ခဏာတွေ ရှိရင်ပျောက်ကင်းသည်အထိ ကြပ်ကြပ်မတ်မတ်ကုသပြီး ရောဂါကြီးကြီးမားမားဖြစ်ခြင်းကို ရှောင်လွှဲနိုင်ပါတယ်။

Dr. ZZ

အျဖဴဆင္းျခင္း

အျဖဴဆင္းတယ္ဆိုတာကို အမ်ဳိးသမီးအမ်ားစုအေနနဲ႔တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ေတာ့ ႀကံဳဖူးႏိုင္ပါတယ္။ အခ်ဴိ႕ေတြကေတာ့ တစ္ခါတစ္ေလမွဆင္းတတ္ၿပီး အခ်ဳိ႕ကေတာ့မၾကာခဏဆင္းတတ္ပါတယ္။ တစ္ခါတစ္ေလပဲျဖစ္ျဖစ္ ခဏခဏပဲျဖစ္ျဖစ္ ႀကံဳေတြ႕ေနၾကမဟုတ္လို႔ စိတ္အေႏွာင့္အယွက္ျဖစ္ႏိုင္ပါတယ္။ ထို႔အတူ ပံုမွန္ျဖစ္တာလား ေရာဂါေၾကာင့္ျဖစ္တာလားဆိုတာလည္း စဥ္းစားစရာျဖသ္လာပါတယ္။ အျဖဴဆင္းတယ္ဆိုေပမယ့္ အေရာင္ကအျဖဴျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ အစိမ္းေရာင္၊ အဝါေရာင္ေတြဆင္းႏိုင္သလို တစ္ခါတစ္ေလေတာ့လည္း အျဖဴလိုလို၊ အဝါလိုလိုဆင္းတတ္ပါတယ္။ ဆင္းတဲ့အခါလည္း ပ်စ္ေနတာရိွသလို က်ဲက်ဲေတြလည္းဆင္းႏိုင္ပါတယ္။ အဆိုပါအျဖဴဆင္းတာေတြဟာ ဘာအနံ႔မွမရိွသလို တစ္ခါတစ္ေလ အနံ႔ဆိုးဆိုးေတြလည္းျဖစ္ေနႏိုင္ပါတယ္။

အျဖဴဆင္းတယ္ဆိုတာ ပံုမွန္အားျဖင့္လည္းဆင္းေလ့ရိွပါတယ္။ ရာသီလာခါနီးရင္၊ စိတ္ဖိစီးမႈမ်ားရင္၊ oestrogen ပမာဏအနည္းအမ်ား စတာေတြေၾကာင့္ဆင္းႏိုင္သလို ကိုယ္ဝန္ေဆာင္ခ်ိန္မွာလည္းဆင္းႏိုင္ၿပီး လိင္ပိုင္းဆိုင္ရာစိတ္လႈပ္ရွားမႈရိွရင္လည္းဆင္းႏိုင္ပါတယ္။ တစ္ခါတစ္ေလက်ရင္ေတာ့ မိန္းမကိုယ္၊သားအိမ္ေခါင္းစတာေတြမွာ မေကာင္းတဲ့အညစ္အေၾကး၊ ပိုးမႊားစတာေတြရိွေနရင္လည္း ဖယ္ထုတ္တဲပံုစံနဲ႔လည္း ဆင္းတတ္ပါတယ္။ တစ္ခါတစ္ရံက်ရင္ေတာ့ အမ်ဳိးသမီးမ်ဳိးပြားအဂၤါအစိတ္အပိုင္းတစ္ခုခုမွာ ေရာဂါဝင္တာေတြျဖစ္ရင္လည္းဆင္းႏိုင္ပါတယ္။ ပံုမွန္အျဖဴဆင္းတယ္ဆိုတာက ပမာဏနည္းနည္းဆင္းၿပီး အရည္ကလည္းအရမ္းမပ်စ္ပဲ ခပ္က်ဲက်ဲဆင္းႏိုင္ပါတယ္။ အနံ့ဆိုးဆိုးဝါးဝါးရိွမေနသင့္ပဲ အျခားေရာဂါလကၡဏာေတြနဲ႔တြဲပီးမေတြ႕ရတတ္ပါဘူး။ အဲဒီလိုမဟုတ္ပဲ ပ်စ္ပ်စ္ခြၽဲခြၽဲေတြအမ်ားႀကီးဆင္းတာ၊ အနံ႔ဆိုးဆိုးဝါးဝါးေတြနံတာ၊ အဝါရင့္ရင့္၊ အစိမ္းပုပ္ပုပ္စတာေတြရိွလာရင္ေတာ့ ေရာဂါရိွေနတာလို့ အၾကမ္းဖ်င္းသတ္မွတ္ႏိုငပါတယ္။

အဲဒီလိုဆင္းလာရင္းနဲ႔ အျခားလကၡဏာေတြပါယွဥ္တြဲၿပီးရိွေနႏိုင္ပါတယ္။ ဗိုက္ကအရမ္းနာတာ၊ ေနရတာႏံုးခ်ိၿပီးအားမရိွသလိုျဖစ္တာ၊ေက်ာေအာင့္တာ၊ ဆီးပူဆီးက်ဥ္တာ၊ အတူေနစဥ္အလြန္အမင္းနာတာ၊ မိန္းမကိုယ္ကယားယံတာစတာေတြနဲ႔လည္း ယွဥ္တြဲၿပီးျဖစ္ေနရင္ေတာ့ ပိုၿပီးဂ႐ုတစိုက္ကုသသင့္ပါတယ္။ တစ္ခါတစ္ေလက်ရင္ေတာ့လည္း ဘာေရာဂါမွမရိွပါပဲနဲ႔ တစ္ကိုယ္ေရသန္႔ရွင္းမႈအားနည္းရင္လည္း ျဖစ္တတ္ပါေသးတယ္။အရင္ဆံုးလုပ္ရမွာကေတာ့ အရမ္းမစိုးရိမ္ဖို႔ျဖစ္ပါတယ္။ ပံုမွန္ျဖစ္ေလ့ျဖစ္ထရိွတာကိုသိထားရမွာျဖစ္ၿပီး ဆင္းတဲ့ပမာဏ၊ အေရာင္၊ အနံ႔စတာေတြကို ဂ႐ုစိုက္ၿပီးၾကည့္ထားသင့္ပါတယ္။ ဒါ့အျပင္အေပၚမွာေျပာခဲ့တဲ့ေဝဒနာေတြရိွေနသလား၊ တျခားေဝဒနာေတြပါေနလားဆိုတာသတိထားရပါမယ္။ တစ္ခ်ိန္တည္းမွာပဲ စိတ္ဖိစီးမႈနည္းနည္းေနတာ၊ အာဟာရျပည့္ဝတဲ့အစာေတြစားတာ၊ သန္႔သန္႔ရွင္းရွင္း။ ေနတာေတြျပဳလုပ္ေနသင့္ပါတယ္။

အျဖဴဆင္းတာေတြရပ္သြားရင္ကိစၥမရိွေပမယ့္ ၾကာရွည္စြာဆင္းေနရင္၊ ေရာဂါတစ္ခုခုရိွေနတယ္လို႔ သံသယဝင္လာရင္ေတာ့ မိမိဘာသာႀကိတ္ကုတာမ်ဳိးမလုပ္ပဲ နားလည္တတ္ကြၽမ္းသူနဲ႔ျပသၿပီး ေပ်ာက္ကင္းေအာင္ကုသသင့္ပါတယ္။ အျဖဴဆင္းတာကို ႀကံဳေတြေနက်ဆိုၿပီးေပါ့ဆမေနသင့္ပါဘူး။ ပံုမွန္ဆင္းတာျဖစ္ေနႏိုင္သလို ေရာဂါအခံတစ္ခုရဲ႕ ေရွ႕ေျပးလကၡဏာလည္းျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင့္ အရမ္းစိုးရိမ္တာမ်ဳိး၊ အရမ္းေပါ့ဆတာမ်ဳိးမရိွပဲ သတိထားေစာင့္ၾကည့္ၿပီးမူမမွန္တဲ့ လကၡဏာေတြ ရိွရင္ေပ်ာက္ကင္းသည္အထိ ၾကပ္ၾကပ္မတ္မတ္ကုသၿပီး ေရာဂါႀကီးႀကီးမားမားျဖစ္ျခင္းကို ေရွာင္လႊဲႏိုင္ပါတယ္။

Dr. ZZ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…