သင့်မှာ သွေးတိုးရောဂါ ရှိနေပြီလား
သင့်အနေနဲ့ ဆေးခန်း မှာဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် သွေးပေါင်ချိန်ကြည့်တဲ့အခါတိုင်း အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ထက် ကျော်နေပါက သွေးတိုးရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ် ။
ဒါမှမဟုတ် ရက်သတ္တပတ် များစွားကြာအောင် အပေါ်သွေး ဒါမှမဟုတ် အောက်သွေး တစ်ခုထဲသာ ပုံမှန်ထက်များပြားနေပါကလဲ သွေးတိုးရောဂါ ရှိတယ်လို့ဆိုနိုင်ပါတယ် ။
သင့်ခန္ဓာကိုယ်အတွင်း သွေးပေါင်ချိန်ပမာဏဟာ ရှိသင့်ရှိထိုက်တာထက်ပိုများနေတယ် ဆိုပါက ထိုဖိအားဟာ သင့်နှလုံးနဲ့သွေးကြောများအပေါ် သွားရောက်သက်ရောက်မှာပဲ ဖြစ်ပါတယ် ။ ဒီလိုအချိန်ကြာမြင့်စွာ သွေးတိုးလာပါက နှလုံးရောဂါ လေဖြတ် လေဖြန်းရောဂါ ကျောက်ကပ်ပျက်စီးတာ အစရှိသည်တို့ ဖြစ်ပွားနိုင်ချေ များလာမှာပဲ ဖြစ်ပါတယ် ။
လက္ခဏာများ
သွေးတိုးရောဂါရှိမရှိကိုသင့်အနေနဲ့ ရောဂါလက္ခဏာတွေကြည့်ပြီး မသိနိုင်ပါဘူး ။ ဒါကြောင့် သွေးတိုးရောဂါရှိမရှိသိစေရန် တစ်ခုတည်းသော နည်းလမ်းမှာ သွေးပေါင်ချိန်ကြည့်ခြင်းပင်ဖြစ်သည် ။ သို့သော် တစ်ကြိမ်တစ်ခါ ချိန်ပြီး သွေးပေါင်များနေသည်ကို သွေးတိုးရောဂါရှိနေသည်ဟု မဆိုနိုင်ပါ ။ သင့်သွေးပေါင်အတက်အကျအပေါ် သက်ရောက်နေသည့် အကြောင်းအရာများစွာ ရှိနေသည့်အတွက် သင့်အနေနှင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းလိုက်နာ၍ သွေေးပါင်ချိန်ရန် လိုအပ်ပါတယ် ။ ဒါ့အပြင် တချို့သွေးပေါင်မြင့်တက်နေတဲ့ သူများမှာ ခေါင်းကိုက်ခြင်း ခေါင်းခဲခြင်းများဖြစ်တတ်သည့်အတွက် သင့်အနေနှင့် ထိုသို့ခံစားရပါက စစ်ဆေးကြည့်ရန်လိုအပ်ပါတယ် ။
ဘာကြောင့် သွေးတိုးရသလဲ ?
လူအများစုအတွက် သွေးတိုးခြင်း သွေးပေါင်မြင့်တက်ခြင်းဟာ အကြောင်းအရာတစ်ခုထဲကြောင့်ဖြစ်ခဲပါတယ် ။ အဓိက သင့်ရဲ့ နေထိုင်စားသောက်မှုပုံစံအရ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ် ။ သင့်အနေနဲ့
– ဆားများ အငံများ အလွန်စားမယ်
– အဝလွန်မယ်
– အရက်အလွန်အကျွံသောက်မယ်
– ဆေးလိပ်သောက်မယ်
– ကိုယ်လက်လှုပ်ရှားမှုနည်းပါးမယ်
အစရှိတာတွေဟာ သွေးတိုးရောဂါဖြစ်စေမယ့် အကြောင်းခြင်းရာတွေပါပဲ ။
ရောဂါဖြစ်ပွားစေတဲ့ တချို့အကြောင်းအရာတွေကိုတော့ သင်ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး
– အသက် : သင့်အသက်ကြီးလာသည်နှင့်အမျှ သွေးတိုးရောဂါဖြစ်ဖို့အခွင့်အရေး များလာပါတယ်
– မိသားစုမျိုးရိုးထဲမှာ သွေးတိုးရှိရင် သင့်အနေနဲ့လဲ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ချေ အလားအလာများပါတယ်
ဒါ့အပြင် တချို့သောရောဂါတွေ ( ဥပမာ ကျောက်ကပ်ရောဂါ) ကြောင့်လဲ သွေးတိုးနိုင်ပါတယ် ။ ဒါကြောင့်သင့်အနေနဲ့ ဘာကြောင့်သွေးတိုးသည်ဖြစ်စေ ဆရာဝန်နှင့်ပြသပြီး သေချာကုသမှုခံယူရန် အရေးကြီးလှပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
သင့္မွာ ေသြးတိုးေရာဂါ ရွိေနၿပီလား
သင့္အေနနဲ႔ ေဆးခန္း မွာျဖစ္ျဖစ္ အိမ္မွာပဲ ျဖစ္ျဖစ္ ေသြးေပါင္ခ်ိန္ၾကည့္တဲ့အခါတိုင္း အေပၚေသြး ၁၄၀ ေအာက္ေသြး ၉၀ ထက္ ေက်ာ္ေနပါက ေသြးတိုးေရာဂါ ရွိေနၿပီလို႔ ဆိုႏိုင္ပါတယ္ ။
ဒါမွမဟုတ္ ရက္သတၱပတ္ မ်ားစြားၾကာေအာင္ အေပၚေသြး ဒါမွမဟုတ္ ေအာက္ေသြး တစ္ခုထဲသာ ပုံမွန္ထက္မ်ားျပားေနပါကလဲ ေသြးတိုးေရာဂါ ရွိတယ္လို႔ဆိုႏိုင္ပါတယ္ ။
သင့္ခႏၶာကိုယ္အတြင္း ေသြးေပါင္ခ်ိန္ပမာဏဟာ ရွိသင့္ရွိထိုက္တာထက္ပိုမ်ားေနတယ္ ဆိုပါက ထိုဖိအားဟာ သင့္ႏွလုံးနဲ႔ေသြးေၾကာမ်ားအေပၚ သြားေရာက္သက္ေရာက္မွာပဲ ျဖစ္ပါတယ္ ။ ဒီလိုအခ်ိန္ၾကာျမင့္စြာ ေသြးတိုးလာပါက ႏွလုံးေရာဂါ ေလျဖတ္ ေလျဖန္းေရာဂါ ေက်ာက္ကပ္ပ်က္စီးတာ အစရွိသည္တို႔ ျဖစ္ပြားႏိုင္ေခ် မ်ားလာမွာပဲ ျဖစ္ပါတယ္ ။
လကၡဏာမ်ား
ေသြးတိုးေရာဂါရွိမရွိကိုသင့္အေနနဲ႔ ေရာဂါလကၡဏာေတြၾကည့္ၿပီး မသိႏိုင္ပါဘူး ။ ဒါေၾကာင့္ ေသြးတိုးေရာဂါရွိမရွိသိေစရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ ေသြးေပါင္ခ်ိန္ၾကည့္ျခင္းပင္ျဖစ္သည္ ။ သို႔ေသာ္ တစ္ႀကိမ္တစ္ခါ ခ်ိန္ၿပီး ေသြးေပါင္မ်ားေနသည္ကို ေသြးတိုးေရာဂါရွိေနသည္ဟု မဆိုႏိုင္ပါ ။ သင့္ေသြးေပါင္အတက္အက်အေပၚ သက္ေရာက္ေနသည့္ အေၾကာင္းအရာမ်ားစြာ ရွိေနသည့္အတြက္ သင့္အေနႏွင့္ ဆရာဝန္ၫႊန္ၾကားသည့္အတိုင္းလိုက္နာ၍ ေသြေးပါင္ခ်ိန္ရန္ လိုအပ္ပါတယ္ ။ ဒါ့အျပင္ တခ်ဳိ႕ေသြးေပါင္ျမင့္တက္ေနတ့ဲ သူမ်ားမွာ ေခါင္းကိုက္ျခင္း ေခါင္းခဲျခင္းမ်ားျဖစ္တတ္သည့္အတြက္ သင့္အေနႏွင့္ ထိုသို႔ခံစားရပါက စစ္ေဆးၾကည့္ရန္လိုအပ္ပါတယ္ ။
ဘာေၾကာင့္ ေသြးတိုးရသလဲ ?
လူအမ်ားစုအတြက္ ေသြးတိုးျခင္း ေသြးေပါင္ျမင့္တက္ျခင္းဟာ အေၾကာင္းအရာတစ္ခုထဲေၾကာင့္ျဖစ္ခဲပါတယ္ ။ အဓိက သင့္ရဲ႕ ေနထိုင္စားေသာက္မႈပုံစံအရ ေသြးတိုးေရာဂါ ျဖစ္ပြားႏိုင္ေခ် မ်ားပါတယ္ ။ သင့္အေနနဲ႔
– ဆားမ်ား အငံမ်ား အလြန္စားမယ္
– အဝလြန္မယ္
– အရက္အလြန္အကၽြံေသာက္မယ္
– ေဆးလိပ္ေသာက္မယ္
– ကိုယ္လက္လႈပ္ရွားမႈနည္းပါးမယ္
အစရွိတာေတြဟာ ေသြးတိုးေရာဂါျဖစ္ေစမယ့္ အေၾကာင္းျခင္းရာေတြပါပဲ ။
ေရာဂါျဖစ္ပြားေစတ့ဲ တခ်ဳိ႕အေၾကာင္းအရာေတြကိုေတာ့ သင္ေျပာင္းလဲႏိုင္မွာမဟုတ္ပါဘူး
– အသက္ : သင့္အသက္ႀကီးလာသည္ႏွင့္အမွ် ေသြးတိုးေရာဂါျဖစ္ဖို႔အခြင့္အေရး မ်ားလာပါတယ္
– မိသားစုမ်ဳိး႐ိုးထဲမွာ ေသြးတိုးရွိရင္ သင့္အေနနဲ႔လဲ ေသြးတိုးေရာဂါ ျဖစ္ပြားႏိုင္ေခ် အလားအလာမ်ားပါတယ္
ဒါ့အျပင္ တခ်ဳိ႕ေသာေရာဂါေတြ ( ဥပမာ ေက်ာက္ကပ္ေရာဂါ) ေၾကာင့္လဲ ေသြးတိုးႏိုင္ပါတယ္ ။ ဒါေၾကာင့္သင့္အေနနဲ႔ ဘာေၾကာင့္ေသြးတိုးသည္ျဖစ္ေစ ဆရာဝန္ႏွင့္ျပသၿပီး ေသခ်ာကုသမႈခံယူရန္ အေရးႀကီးလွပါတယ္ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ