မီးဖွားပြီးနောက်ပိုင်း Gym ဘယ်အချိန်ကစားလို့ရမလဲ။
အမျိုးသမီးတွေဟာ မီးဖွားပြီးသည့်အခါ ကိုးလလုံးသူတို့သယ်ဆောင်ထားခဲ့ရတဲ့ ကလေးငယ်ကို မွေးထုတ်ပြီးသွားတဲ့အတွက် ရုတ်တရက်လျော့ကျသွားတဲ့ ကိုယ်အလေးချိန်ကို စိုးရိမ်တတ်ကြတယ်။ အဲ့ဒါကြောင့်မီးဖွားပြီးတာနဲ့ အမျိုးသမီးတွေဟာ Gym ကိုအပြေးအလွှား သွားချင်ကြပါတယ်။
အမျိုးသမီးတွေဟာ မီးဖွားပြီးတဲ့အခါ ဘယ်အချိန် Gym စကစားလို့ရမလဲဆိုတာတော့ အောက်ပါအချက်တွေပေါ်မူတည်ပါတယ်။
-ကိုယ်ဝန်မဆောင်ခင် မိမိရဲ့ကိုယ်အလေးချိန်
-ကိုယ်ဝန်ဆောင်စဉ်အတွင်း လှုပ်ရှားသွားလာနိုင်ခြင်း
-ယခင်ကကိုယ်ဝန်ဆောင်ဖူးခြင်းရှိမရှိ
-မီးဖွားပြီးနောက် ကျန်းမာရေးအခြေအနေ
ကိုယ်ဝန်ဆောင်စဉ်အတွင်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတယ် မီးဖွားရာတွင်လည်း ချောမွေ့စွာဖွားမြင်နိုင်တယ်ဆိုရင် မီးဖွားပြီး ရက်အနည်းငယ်အတွင်း ပေါ့ပါးသောလေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ပါပြီ။
တကယ်လို့ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာတင်မက ကိုယ်ဝန်မဆောင်ခင်ကပါ ပုံမှန်လေ့ကျင့်ခန်းလုပ်ခဲ့ခြင်းလည်းမရှိ မီးဖွားစဉ်မှာလည်း ရိုးရိုးမွေးတာမျိုးမဟုတ်ဘဲ ညှပ်ဆွဲ။ လေစုပ်။ ခွဲမွေးရတာမျိုးဆိုရင်တော့ သင့်ခန္ဓာကိုယ်ကို ခြောက်ပတ်လောက်အနားပေးထားရပါလိမ့်မယ်။ အမျိုးသမီးအများစုဟာ မီးဖွားပြီးနောက် ဆီးထွက်ကျတတ်တာမျိုး ကြုံရတတ်ကြပါတယ်။ Pelvic floor exercise(တင်ပါးဆုံကြမ်းပြင်လေ့ကျင့်ခန်း)ကို စတင်လိုက်မယ်ဆိုရင်တော့ ဒီပြဿနာကို အလိုလိုဖြေရှင်းပြီးဖြစ်သွားမှာပါ။
နွေ
မီးဖြားၿပီးေနာက္ပိုင္း Gym ဘယ္အခ်ိန္ကစားလို႔ရမလဲ။
အမ်ိဳးသမီးေတြဟာ မီးဖြားၿပီးသည့္အခါ ကိုးလလံုးသူတို႔သယ္ေဆာင္ထားခဲ့ရတဲ့ ကေလးငယ္ကို ေမြးထုတ္ၿပီးသြားတဲ့အတြက္ ရုတ္တရက္ေလ်ာ့က်သြားတဲ့ ကိုယ္အေလးခ်ိန္ကို စိုးရိမ္တတ္ၾကတယ္။ အဲ့ဒါေၾကာင့္မီးဖြားၿပီးတာနဲ႔ အမ်ိဳးသမီးေတြဟာ Gym ကိုအေျပးအလႊား သြားခ်င္ၾကပါတယ္။
အမ်ိဳးသမီးေတြဟာ မီးဖြားၿပီးတဲ့အခါ ဘယ္အခ်ိန္ Gym စကစားလို႔ရမလဲဆိုတာေတာ့ ေအာက္ပါအခ်က္ေတြေပၚမူတည္ပါတယ္။
-ကိုယ္ဝန္မေဆာင္ခင္ မိမိရဲ႕ကိုယ္အေလးခ်ိန္
-ကိုယ္ဝန္ေဆာင္စဥ္အတြင္း လွဳပ္ရွားသြားလာႏိုင္ျခင္း
-ယခင္ကကိုယ္ဝန္ေဆာင္ဖူးျခင္းရွိမရွိ
-မီးဖြားၿပီးေနာက္ က်န္းမာေရးအေျခအေန
ကိုယ္ဝန္ေဆာင္စဥ္အတြင္း ပံုမွန္ေလ့က်င့္ခန္းလုပ္ၿပီး ကိုယ့္ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းထားတယ္ မီးဖြားရာတြင္လည္း ေခ်ာေမြ႕စြာဖြားျမင္ႏိုင္တယ္ဆိုရင္ မီးဖြားၿပီး ရက္အနည္းငယ္အတြင္း ေပါ့ပါးေသာေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ႏိုင္ပါၿပီ။
တကယ္လို႔ ကိုယ္ဝန္ေဆာင္စဥ္အတြင္းမွာတင္မက ကိုယ္ဝန္မေဆာင္ခင္ကပါ ပံုမွန္ေလ့က်င့္ခန္းလုပ္ခဲ့ျခင္းလည္းမရွိ မီးဖြားစဥ္မွာလည္း ရိုးရိုးေမြးတာမ်ိဳးမဟုတ္ဘဲ ညွပ္ဆြဲ။ ေလစုပ္။ ခြဲေမြးရတာမ်ိဳးဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ကို ေျခာက္ပတ္ေလာက္အနားေပးထားရပါလိမ့္မယ္။ အမ်ိဳးသမီးအမ်ားစုဟာ မီးဖြားၿပီးေနာက္ ဆီးထြက္က်တတ္တာမ်ိဳး ႀကံဳရတတ္ၾကပါတယ္။ Pelvic floor exercise(တင္ပါးဆံုၾကမ္းျပင္ေလ့က်င့္ခန္း)ကို စတင္လိုက္မယ္ဆိုရင္ေတာ့ ဒီျပႆနာကို အလိုလိုေျဖရွင္းၿပီးျဖစ္သြားမွာပါ။
ေႏြ