All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဆီးချိုသမားတွေ တစ်နေ့ဘယ်နှစ်ခါလောက်ဆီးချိုစစ်ရမလဲ?

1 Mins read

ဆီးချိုသမားတွေ တစ်နေ့ဘယ်နှစ်ခါလောက်ဆီးချိုစစ်ရမလဲ?

ဆီးချိုသမားတွေရဲ့ဘဝမှာ ဂရုစိုက်စရာတွေများပြားပါတယ်။ အချိုတွေရှောင်ရတာ၊ ဆီးချိုအရမ်းမတက်သွားအောင်၊ ဆီးချိုအရမ်းကျမသွားအောင်ဂရုစိုက်ရတာ၊ ဆေးမှန်မှန်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ရတာ၊ နောက်ဆက်တွဲဆိုးကျိုးတွေမဝင်အောင်ဂရုစိုက်ရတာတွေလည်း ပါဝင်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ဆီးချိုဓာတ်ဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးရတာဖြစ်ပါတယ်။

အသုံးများတဲ့ဆီးချိုစစ်နည်းကတော့ HbA1Cလို့ခေါ်တဲ့ သွေးပြန်ကြောကနေ သွေးယူပြီးစစ်တဲ့နည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့3လအတွင်းဆီးချိုထိန်းသိမ်းတာအခြေအနေဘယ်လိုရှိလဲဆိုတာသိအောင်စစ်တာဖြစ်ပါတယ်။ အဆိုပါအဖြေပေါ်မူတည်ပြီးဆေးအတိုးအလျှော့လုပ်ကြပါတယ်။ နောက်ထပ်နည်းတစ်ခုကတော့ အများသိကြတဲ့ လက်ရဲ့ထိပ်ကနေသွေးဖောက်ပြီးဆီးချိုစစ်တာဖြစ်ပါတယ်။

လက်ကနေသွေးဖောက်ပြီးဆီးချိူစစ်တဲ့အခါမှာလည်း တစ်နေ့ကိုဘယ်လောက်စစ်ရမလဲဆိုတာရှိလာပါတယ်။ ဆီးချိုရောဂါအမျိုးအစား 2မျိုးရှိတဲ့အနက် type 1ဆိုရင်တော့ တစ်နေ့တည်းတင်7ခါလောက်စစ်ရနိုင်ခြေရှိပြီး type 2ဆိုရင်တော့ အနည်းအများကွာခြားနိုင်ပါတယ်။ သွေးစစ်ရင်လည်း မနက်စာမစားရသေးခင်စစ်တာ၊ အစားစားပြီး2နာရီစစ်တာ၊ အစားမစားခင်စစ်တာ၊ အိပ်ခါနီးစစ်တာ စသဖြင့်လည်း အချိန်တွေကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါရှိမှန်းသိသိချင်းဆိုရင်တော့ ဆေးညှိနိုင်ဖို့တစ်နေ့ကို4ကြိမ်လောက်စစ်ဆေးရနိုင်ပါတယ်။ ဆေးပမာဏသိပြီး ဆီးချိုကလည်းစိတ်ချရတဲ့အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ပြီဆိုရင်တော့ တသ်နေ့တစ်ကြိမ်သာစစ်ရနိုင်သလို မိမိရံဲဆရာဝန်သဘောအတိုင်း2ရက်တစ်ခါ၊ 3ရက်တစ်ခါစသဖြင့်စစ်ရနိုင်ပါတယ်။

ဆီးချိုစစ်တာကို အကြိမ်များလွန်းတယ်ထင်ပြီးမိမိသဘောနဲ့ မစစ်တော့တာ၊ ညွှန်ကြားထားတဲ့အတိုင်းမစစ်တာတွေကို ရှောင်ကြဉ်ရပါမယ်။ မစစ်မိတဲ့အချိန်မှာ အရမ်းများနေတာ၊ အရမ်းနည်းနေတာတွေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ညွှန်ကြားထားသလို အတိအကျလိုက်နာရပါမယ်။ ဆီးချိုအနည်း အများအပေါ်မူတည်ပြီးinsulinလျှော့တာ၊ တိုးတာတွေရှိနိုင်သလို လုံးဝမထိုးရတဲ့အခြေအနေတွေလည်းရှိနိုင်ပါတယ်။ ဒါ့အပြင် စစ်လို့ရတဲ့အဖြေတွေကိုလည်း စာအုပ်နဲ့စနစ်တကျမှတ်ထားရမှာဖြစ်ပါတယ်။ ဆီးချိုအတက်အကျအရမ်းကမောက်ကမဖြစ်နေရင် အဆိုပါအဖြေတွေအပေါ်မူတည်ပြီး ဆေးညှိရတာဖြစ်ပါတယ်။

ဆီးချိုရောဂါရှိနေရင်တော့ သွေးစစ်ရမှာပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်။ သေချာစွာမစစ်ဆေးရင် အရမ်းအန္တရာယ်ကြီးမားတာတွေဖြစ်နိုင်တဲ့အတွက် သေချာစွာစစ်ဆေးရပါမယ်။

Dr. ZZ

ဆီးခ်ဳိသမားေတြ တစ္ေန႔ဘယ္ႏွစ္ခါေလာက္ဆီးခ်ဳိစစ္ရမလဲ?

ဆီးခ်ဳိသမားေတြရဲ႕ဘဝမွာ ဂ႐ုစိုက္စရာေတြမ်ားျပားပါတယ္။ အခ်ဳိေတြေရွာင္ရတာ၊ ဆီးခ်ဳိအရမ္းမတက္သြားေအာင္၊ ဆီးခ်ဳိအရမ္းက်မသြားေအာင္ဂ႐ုစိုက္ရတာ၊ ေဆးမွန္မွန္ေသာက္ရတာ၊ ေလ့က်င့္ခန္းလုပ္ရတာ၊ ေနာက္ဆက္တြဲဆိုးက်ဳိးေတြမဝင္ေအာင္ဂ႐ုစိုက္ရတာေတြလည္း ပါဝင္ပါတယ္။ ေနာက္ထပ္အေရးႀကီးတာတစ္ခုကေတာ့ ဆီးခ်ဳိဓာတ္ဘယ္ေလာက္ရိွလဲဆိုတာကို စစ္ေဆးရတာျဖစ္ပါတယ္။

အသံုးမ်ားတဲ့ဆီးခ်ဳိစစ္နည္းကေတာ့ HbA1Cလို႔ေခၚတဲ့ ေသြးျပန္ေၾကာကေန ေသြးယူၿပီးစစ္တဲ့နည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့3လအတြင္းဆီးခ်ဳိထိန္းသိမ္းတာအေျခအေနဘယ္လိုရိွလဲဆိုတာသိေအာင္စစ္တာျဖစ္ပါတယ္။ အဆိုပါအေျဖေပၚမူတည္ၿပီးေဆးအတိုးအေလွ်ာ့လုပ္ၾကပါတယ္။ ေနာက္ထပ္နည္းတစ္ခုကေတာ့ အမ်ားသိၾကတဲ့ လက္ရဲ႕ထိပ္ကေနေသြးေဖာက္ၿပီးဆီးခ်ဳိစစ္တာျဖစ္ပါတယ္။

လက္ကေနေသြးေဖာက္ၿပီးဆီးခ်ဴိစစ္တဲ့အခါမွာလည္း တစ္ေန႔ကိုဘယ္ေလာက္စစ္ရမလဲဆိုတာရိွလာပါတယ္။ ဆီးခ်ဳိေရာဂါအမ်ဳိးအစား 2မ်ဳိးရိွတဲ့အနက္ type 1ဆိုရင္ေတာ့ တစ္ေန႔တည္းတင္7ခါေလာက္စစ္ရႏိုင္ေျခရိွၿပီး type 2ဆိုရင္ေတာ့ အနည္းအမ်ားကြာျခားႏိုင္ပါတယ္။ ေသြးစစ္ရင္လည္း မနက္စာမစားရေသးခင္စစ္တာ၊ အစားစားၿပီး2နာရီစစ္တာ၊ အစားမစားခင္စစ္တာ၊ အိပ္ခါနီးစစ္တာ စသျဖင့္လည္း အခ်ိန္ေတြကြဲျပားႏိုင္ပါတယ္။ ဆီးခ်ဳိေရာဂါရိွမွန္းသိသိခ်င္းဆိုရင္ေတာ့ ေဆးညိႇႏိုင္ဖို႔တစ္ေန႔ကို4ႀကိမ္ေလာက္စစ္ေဆးရႏိုင္ပါတယ္။ ေဆးပမာဏသိၿပီး ဆီးခ်ဳိကလည္းစိတ္ခ်ရတဲ့အတိုင္းအတာတစ္ခုမွာ ထိန္းထားႏိုင္ၿပီဆိုရင္ေတာ့ တသ္ေန႔တစ္ႀကိမ္သာစစ္ရႏိုင္သလို မိမိရံဲဆရာဝန္သေဘာအတိုင္း2ရက္တစ္ခါ၊ 3ရက္တစ္ခါစသျဖင့္စစ္ရႏိုင္ပါတယ္။

ဆီးခ်ဳိစစ္တာကို အႀကိမ္မ်ားလြန္းတယ္ထင္ၿပီးမိမိသေဘာနဲ႔ မစစ္ေတာ့တာ၊ ၫႊန္ၾကားထားတဲ့အတိုင္းမစစ္တာေတြကို ေရွာင္ၾကဥ္ရပါမယ္။ မစစ္မိတဲ့အခ်ိန္မွာ အရမ္းမ်ားေနတာ၊ အရမ္းနည္းေနတာေတြဟာ အသက္အႏၲရာယ္ရိွႏိုင္တဲ့အတြက္ ၫႊန္ၾကားထားသလို အတိအက်လိုက္နာရပါမယ္။ ဆီးခ်ဳိအနည္း အမ်ားအေပၚမူတည္ၿပီးinsulinေလွ်ာ့တာ၊ တိုးတာေတြရိွႏိုင္သလို လုံးဝမထိုးရတဲ့အေျခအေနေတြလည္းရိွႏိုင္ပါတယ္။ ဒါ့အျပင္ စစ္လို႔ရတဲ့အေျဖေတြကိုလည္း စာအုပ္နဲ႔စနစ္တက်မွတ္ထားရမွာျဖစ္ပါတယ္။ ဆီးခ်ဳိအတက္အက်အရမ္းကေမာက္ကမျဖစ္ေနရင္ အဆိုပါအေျဖေတြအေပၚမူတည္ၿပီး ေဆးညိႇရတာျဖစ္ပါတယ္။

ဆီးခ်ဳိေရာဂါရိွေနရင္ေတာ့ ေသြးစစ္ရမွာပံုမွန္လုပ္႐ိုးလုပ္စဥ္ျဖစ္ပါတယ္။ ေသခ်ာစြာမစစ္ေဆးရင္ အရမ္းအႏၲရာယ္ႀကီးမားတာေတြျဖစ္ႏိုင္တဲ့အတြက္ ေသခ်ာစြာစစ္ေဆးရပါမယ္။

Dr. ZZ

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…