” မီးဖွားပြီးနောက် ဘာတွေစားကြမလဲ? “

ဒီနေ့ပိတ်ရက်ဆိုပေမယ့် …ဖြူတစ်ယောက် မနားနိုင်..ဝမ်းကွဲညီမတစ်ယောက် မီးဖွားထားတာမကြာသေးတော့ …သွားကြည့်ရဦးမည်။ပိတ်ရက်လေးမို့ အိမ်မှာပဲအေးအေးဆေးဆေးနားချက်သော်လည်း…..အမျိုးထဲမယ် ရှားရှားပါးပါးဆရာဝန်လည်းဖြစ်၊ ” အမကြီး အမိရာ”ဆိုလည်း ဟုတ်နေတော့….မသွားလို့က မကောင်း။အမေရော ကလေးရော သာကြောင်းမာကြောင်းလေးတော့မေးရမည်…..

“ဟယ်…..မမ…မပြောမဆို ရောက်ချလာပါလား? သားသားလေးကို လာကြည့်တာလား? သားသားလေးရေ….ဒီမှာ သားသားရဲ့ တီတီဒေါက်တာ လာတယ်ဟေ့ ”

“ဟုတ်ပ…ငါ့ညီမလေးမွေးပြီးဆေးရုံဆင်းပြီးကတည်းက တစ်ခါမှမရောက်သေးလို့လေ….ဘယ်လို…အမေရော ကလေးရော ကျန်းမာတယ်မလား?”

“အင်း….ဘာရောဂါမှတော့ကြီးကြီးမားမားမရှိပေမယ့်….သမီးကတော့ သားသားမွေးပြီးဆေးရုံကဆင်းပြီးကတည်းပ သိပ်အမောမခံနိုင်ဘူး။လူက အားမရှိသလိုနဲ့ နုံးနေ…နားတွေကလည်းအူ….နားထဲကလေတွေထွက်….။သားသားကလည်း ပေါင်ချိန်တက်သင့်သလောက်တက်မလာ… ”

“အားဆေးသောက်နေရဲ့လား? အစားရော ဘာတွေစားလဲ ”

“အားဆေးကတော့ သောက်တစ်လှည့် ပျက်တစ်လှည့်။အသားကတော့ ပုံမှန်စားပါတယ်။ထမင်းဖြူလေးရယ်…ငါးကြော်လေးရယ်…ဟင်းခါးလေးရယ်နဲ့….. ”

“ဟင်….ငါးကြော်နဲ့ ဟင်းခါးပဲလား? ကြက်သားတို့ အသီးအရွက်တို့ရော?”

” အမလေး…မစားရဲပါဘူးမမရယ်။ကြက်သားစားမိလို့ ချုပ်ရိုးမကျက်မှဖြင့် ဒုက္ခ။အသီးအရွက်လေးတွေလည်း စားချင်ပါတယ်…ဒါပေမယ့် ကလေးလေပွမှာစိုးလို့ မစားဖြစ်ပါဘူး မမရယ်။ ”

“ဘုရား ဘုရား….ဒါတွေသားရင် ဒီလိုဖြစ်တယ်လို့ ဘယ်သူပြောသတုန်း? ခုဖြစ်နေတဲ့ အားမရှိ နုံးချိနေတာတွေ၊ နားအူ နားထဲလေထွက်နေတာတွေ၊ကလေးဝိတ်မတက်လာတာတွေကလေ….အဲ့လို ဟိုအစားရှောင် ဒီအစားရှောင်လုပ်နေလို့ဖြစ်တာ။”

“ဟင်….အဲ့လိုလား မမ?”

“ဟုတ်သပရှင်….ဒီမယ်…ကလေးမွေးတယ်ဆိုတာ လွယ်တာမဝုတ်…ကလေးမွေးတဲ့အခါ သွေးတွေ၊အင်အားတွေ၊အာဝါရတွေ အများကြီး ဆုံးရှုံးလျော့ပါးကုန်တယ်။နောက်ပြီး ညီမလေးကအခု ကလေးနို့တိုက်နေတာ….ကလေးကလည်း အသက်၆လအထိ ဒီနို့တစ်မျိုးပဲစို့ရမှာ…အဲ့တော့ အမေဖြစ်သူက အစားတွေရှောင်လို့ အာဟာရလုံလုံလောက်လောက်မရရင် အမေရော ကလေးပါ အာဟာရချို့တဲ့ပြီး ရောဂါတွေရကုန်မှာ။
အသား၊ငါး၊ကြက်ဥ၊ဘဲဥ အကုန်စားလို့ရတယ်..ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေပါဝင်လို့ ချုပ်ရိုးကျက်တာမနှေးစေတဲ့အပြင် အနာကျက်တောင် ပိုမြန်ဦးမယ်။အသီးအရွက်တွေက ဗီတာမင်တွေ သတ္တုဓာတ်တွေပါလို့ အမေကော ကလေးရော ကိုယ်ခံအားကောင်းစေပြီး တော်ရုံရောဂါပိုးမဝင်နိုင်ဘူး။ကဲ….အကြမ်းဖျင်းကတော့ ဒီလောက်ပဲ… ။ညည်းနှယ်နော်…ဆရာဝန်မရဲ့ ညီမလုပ်နေပြီး….ကျုပ်ကို နံမည်ဖျက်နေတာလားအေ့ ”

“ဟီး…ဟုတ်ပါဘူး မမရယ်။ သမီးလည်း အမေရော ယောက္ခမရောက ပြောနေတာတွေ ကြားဖူးနားဝရှိနေတော့ အမှန်ပဲထင်နေတာရယ်။ခု မမပြောမှပဲရှင်းသွားတော့တယ်။ကျေးဇူးအများကြီးတင်ပါတယ် မမရယ် ”

“ရပါတယ်ရှင်….နောက်နေ့ကစပြီး အစားသေချာစားရင်ပဲ ကျွန်မကပြန်ပြီး ကျေးဇူးတင်ပါတယ်နော်…ဟင်း…။နောက်ဆို တစ်ခုခုစားခါနီး စားသင့်မစားသင့်မသေချာကင် မမကိုလှမ်းမေး…ဖုန်းဆက်မေးလည်းရယ်…အွန်လိကြကလှမ်းမေးလည်းရတယ်… ဟုတ်ပလား? ”

“စိတ်ချမမ….သမီးကမေးမှာ… ဟီးဟီး ”

“မေးပါ…မေးပါ..ညည်းအမက မေးလေကြိုက်လေ…။မမေးမမြန်းဘဲ ခုလိုတလွဲတွေ လုပ်နေမှာပဲကြောက်တာ။တော်သေးတာပေါ့အေ…ဒီနေ့လာလည်မိတာ တော်တော့်ကိုမှမှန်သွားတယ်….အိမ်း ”

မေ (ဆေး ၂)

” မီးဖြားၿပီးေနာက္ ဘာေတြစားၾကမလဲ? “

ဒီေန႔ပိတ္ရက္ဆိုေပမယ့္ …ျဖဴတစ္ေယာက္ မနားႏိုင္..ဝမ္းကြဲညီမတစ္ေယာက္ မီးဖြားထားတာမၾကာေသးေတာ့ …သြားၾကည့္ရဦးမည္။ပိတ္ရက္ေလးမို႔ အိမ္မွာပဲေအးေအးေဆးေဆးနားခ်က္ေသာ္လည္း…..အမ်ိဳးထဲမယ္ ႐ွား႐ွားပါးပါးဆရာဝန္လည္းျဖစ္၊ ” အမႀကီး အမိရာ”ဆိုလည္း ဟုတ္ေနေတာ့….မသြားလို႔က မေကာင္း။အေမေရာ ကေလးေရာ သာေၾကာင္းမာေၾကာင္းေလးေတာ့ေမးရမည္…..

“ဟယ္…..မမ…မေျပာမဆို ေရာက္ခ်လာပါလား? သားသားေလးကို လာၾကည့္တာလား? သားသားေလးေရ….ဒီမွာ သားသားရဲ႕ တီတီေဒါက္တာ လာတယ္ေဟ့ ”

“ဟုတ္ပ…ငါ့ညီမေလးေမြးျပီးေဆးရံုဆင္းၿပီးကတည္းက တစ္ခါမွမေရာက္ေသးလို႔ေလ….ဘယ္လို…အေမေရာ ကေလးေရာ က်န္းမာတယ္မလား?”

“အင္း….ဘာေရာဂါမွေတာ့ႀကီးႀကီးမားမားမ႐ွိေပမယ့္….သမီးကေတာ့ သားသားေမြးၿပီးေဆးရံုကဆင္းၿပီးကတည္းပ သိပ္အေမာမခံႏိုင္ဘူး။လူက အားမ႐ွိသလိုနဲ႔ နံုးေန…နားေတြကလည္းအူ….နားထဲကေလေတြထြက္….။သားသားကလည္း ေပါင္ခ်ိန္တက္သင့္သေလာက္တက္မလာ… ”

“အားေဆးေသာက္ေနရဲ႕လား? အစားေရာ ဘာေတြစားလဲ ”

“အားေဆးကေတာ့ ေသာက္တစ္လွည့္ ပ်က္တစ္လွည့္။အသားကေတာ့ ပံုမွန္စားပါတယ္။ထမင္းျဖူေလးရယ္…ငါးေၾကာ္ေလးရယ္…ဟင္းခါးေလးရယ္နဲ႔….. ”

“ဟင္….ငါးေၾကာ္နဲ႔ ဟင္းခါးပဲလား? ၾကက္သားတို႔ အသီးအရြက္တို႔ေရာ?”

” အမေလး…မစားရဲပါဘူးမမရယ္။ၾကက္သားစားမိလို႔ ခ်ဳပ္႐ိုးမက်က္မွျဖင့္ ဒုကၡ။အသီးအရြက္ေလးေတြလည္း စားခ်င္ပါတယ္…ဒါေပမယ့္ ကေလးေလပြမွာစိုးလို႔ မစားျဖစ္ပါဘူး မမရယ္။ ”

“ဘုရား ဘုရား….ဒါေတြသားရင္ ဒီလိုျဖစ္တယ္လို႔ ဘယ္သူေျပာသတုန္း? ခုျဖစ္ေနတဲ့ အားမ႐ွိ ႏံုးခ်ိေနတာေတြ၊ နားအူ နားထဲေလထြက္ေနတာေတြ၊ကေလးဝိတ္မတက္လာတာေတြကေလ….အဲ့လို ဟိုအစားေ႐ွာင္ ဒီအစားေ႐ွာင္လုပ္ေနလို႔ျဖစ္တာ။”

“ဟင္….အဲ့လိုလား မမ?”

“ဟုတ္သပ႐ွင္….ဒီမယ္…ကေလးေမြးတယ္ဆိုတာ လြယ္တာမဝုတ္…ကေလးေမြးတဲ့အခါ ေသြးေတြ၊အင္အားေတြ၊အာဝါရေတြ အမ်ားႀကီး ဆံုး႐ွံုးေလ်ာ့ပါးကုန္တယ္။ေနာက္ၿပီး ညီမေလးကအခု ကေလးႏို႔တိုက္ေနတာ….ကေလးကလည္း အသက္၆လအထိ ဒီႏို႔တစ္မ်ိဳးပဲစို႔ရမွာ…အဲ့ေတာ့ အေမျဖစ္သူက အစားေတြေ႐ွာင္လို႔ အာဟာရလံုလံုေလာက္ေလာက္မရရင္ အေမေရာ ကေလးပါ အာဟာရခ်ိဳ႕တဲ့ၿပီး ေရာဂါေတြရကုန္မွာ။
အသား၊ငါး၊ၾကက္ဥ၊ဘဲဥ အကုန္စားလို႔ရတယ္..ပ႐ိုတင္းလို႔ေခၚတဲ့ အသားဓာတ္ေတြပါဝင္လို႔ ခ်ဳပ္႐ိုးက်က္တာမေႏွးေစတဲ့အျပင္ အနာက်က္ေတာင္ ပိုျမန္ဦးမယ္။အသီးအရြက္ေတြက ဗီတာမင္ေတြ သတၱဳဓာတ္ေတြပါလို႔ အေမေကာ ကေလးေရာ ကိုယ္ခံအားေကာင္းေစၿပီး ေတာ္ရံုေရာဂါပိုးမဝင္ႏိုင္ဘူး။ကဲ….အၾကမ္းဖ်င္းကေတာ့ ဒီေလာက္ပဲ… ။ညည္းႏွယ္ေနာ္…ဆရာဝန္မရဲ႕ ညီမလုပ္ေနၿပီး….က်ဳပ္ကို နံမည္ဖ်က္ေနတာလားေအ့ ”

“ဟီး…ဟုတ္ပါဘူး မမရယ္။ သမီးလည္း အေမေရာ ေယာကၡမေရာက ေျပာေနတာေတြ ၾကားဖူးနားဝ႐ွိေနေတာ့ အမွန္ပဲထင္ေနတာရယ္။ခု မမေျပာမွပဲ႐ွင္းသြားေတာ့တယ္။ေက်းဇူးအမ်ားႀကီးတင္ပါတယ္ မမရယ္ ”

“ရပါတယ္႐ွင္….ေနာက္ေန႔ကစၿပီး အစားေသခ်ာစားရင္ပဲ ကြၽန္မကျပန္ၿပီး ေက်းဇူးတင္ပါတယ္ေနာ္…ဟင္း…။ေနာက္ဆို တစ္ခုခုစားခါနီး စားသင့္မစားသင့္မေသခ်ာကင္ မမကိုလွမ္းေမး…ဖုန္းဆက္ေမးလည္းရယ္…အြန္လိၾကကလွမ္းေမးလည္းရတယ္… ဟုတ္ပလား? ”

“စိတ္ခ်မမ….သမီးကေမးမွာ… ဟီးဟီး ”

“ေမးပါ…ေမးပါ..ညည္းအမက ေမးေလႀကိဳက္ေလ…။မေမးမျမန္းဘဲ ခုလိုတလြဲေတြ လုပ္ေနမွာပဲေၾကာက္တာ။ေတာ္ေသးတာေပါ့ေအ…ဒီေန႔လာလည္မိတာ ေတာ္ေတာ့္ကိုမွမွန္သြားတယ္….အိမ္း ”

ေမ (ေဆး ၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *