အား…ခေါင်းကိုက်လာပြီ ဘာလုပ်ရမလဲ
ကမ္ဘာပေါ်က လူတိုင်း သေချာပေါက် ဖြစ်ဖူးမဲ့ ဝေဒနာတစ်ခုက ဘာလဲလို့မေးရင် ကျိန်းသေပေါက် အမှတ်ပြည့်ရမဲ့ အဖြေက “ခေါင်းကိုက်တာ” လို့ပဲဆိုရမယ်။
လူမှန်ရင် ခေါင်းကိုက်ဖူးရမယ်။ တချို့ကတော့ တခါတလေမှ ရှားရှားပါးပါးကိုက်တတ်ကြပေမဲ့ တချို့ကတော့ ခေါင်းဆိုတာ ‘ကိုက်’ဖို့အတွက်သက်သက်ပဲ ပုခုံးနှစ်ဖက်ကြား လာပေါက်နေသလိုမျိုး တစ်ယောက်တည်း ကန်ထရိုက်ဆွဲ ကိုက်နေကြရရှာတယ်။ ဘယ်သူမှခေါင်းမကိုက်ချင်သလို ကိုက်လာရင်လည်း မြန်မြန်ပြန်ပျောက်ချင်ကြတာပါပဲ။ တချို့ကျတော့လည်း ‘ငါခေါင်းကိုက်နေတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား..ခေါင်းထဲမှာ အကြိတ်များဖြစ်နေလား’ စိုးရိမ်ကြသလို တချို့ကျလည်း ‘ခေါင်းထဲ ငါ့ခရပ်ရှ် ကလေးများ ဝင်နေလို့ အချိန်ပြည့်ကိုက်နေတာလား’ ဘာညာ ကဗျာဆန်ဆန်တွေးကြတာပေါ့။
ထားပါတော့။
?ဘာတွေကြောင့် ခေါင်းကိုက်တတ်လဲ ??
?Tension Headache
စိတ်ဖိစီးမှုကြောင့် ကိုက်တဲ့ခေါင်းပါ။ ခေါင်းကိုက်ဝေဒနာအားလုံးရဲ့ ၉၀%လောက်က ဒါကြောင့်ပါ။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ခေါင်းပတ်ပတ်လည်မှာ ကြိုးနဲ့တင်းကျပ်နေအောင် စည်းခံထားရသလို ဆွဲညှစ်ခံထားရသလို ကိုက်နေတတ်ပါတယ်။ ဇက်ကြောတွေပါ နာနေတတ်တယ်။ ခေါင်းကိုက်ပျောက်ဆေးတွေအပြင် စိတ်ဖိစီးမှု လျှော့ချဖို့ပါ လိုပါမယ်။
?Migraines
ခေါင်းတစ်ခြမ်းကိုက်ရောဂါပါ။ အမျိုးသမီးတွေမှာပဲ ပိုဖြစ်တတ်ပါတယ်။ ဓမ္မတာမပေါ်ခင်မှာ ပိုကိုက်တတ်ပြီး နေပူမိသွားရင်လည်း ကိုက်လာတတ်ပါတယ်။ ရက်အတော်ကြာကြာ ကိုက်တတ်ပြီး အလုပ်ပျက် အကိုင်ပျက်နဲ့ သိပ်ဆိုးတဲ့ ရောဂါပါ။ ခေါင်းတစ်ခြမ်းကပဲ ဆိုးဆိုးဝါးဝါးကိုက်မယ်..
ပျို့ချင် အန်ချင်မယ်..
အမြင်ဝေဝါးလာမယ်..
အလင်းစူးစူးမကြည့်နိုင်တာမျိုးတွေအထိ ဖြစ်ပါတယ်။ အိပ်လိုက်မှ သက်သာသွားတတ်ပြီး ဆရာဝန်ပြဖို့လိုပါတယ်။
?Cluster Headaches
ရုတ်တရက် မျက်လုံးတစ်ဖက်က စကိုက်လာပြီး မျက်ရည်တွေကျ.. နှာရည်တွေကျ.. မျက်ခွံတွေပါရောင်လာပြီး စူးစူးရှရှကိုက်တတ်တယ်။ ညဘက်ပိုဖြစ်တတ်တယ်။ တစ်နေ့ကို တစ်ကြိမ်ကနေ ရှစ်ကြိမ်လောက်အထိ.. တစ်ခါကိုက်ရင် ၁၅မိနစ်ကနေ နှစ်နာရီခွဲလောက်အထိ ကိုက်လိုက် လုံးဝပြန်ပျောက်သွားလိုက် ဖြစ်နေတတ်တယ်။ ၄ ပါတ်ကနေ ၁၂ ပါတ်လောက်အထိဆက်တိုက် ကိုက်နေတတ်ပြီး လတော်တော်ကြာကြာကနေ နှစ်ပိုင်းအထိကို ပြန်ပျောက်သွားတတ်တယ်။
ဒါကတော့ ယောက်ျားလေးတွေမှာ ပိုဖြစ်တတ်ပြီး ဆေးလိပ်သောက်ရင် ပိုဖြစ်ပါတယ်။
ဆရာဝန်ပြဖို့လိုပါတယ်။
?Rebound Headache
ဒါကတော့ ခေါင်းကိုက်လို့ အဆစ်အမြစ်တွေကိုက်လို့ အကိုက်အခဲပျောက်ဆေးတွေ အသောက်များရာကနေ ဆေးကြောင့် ပြန်ခေါင်းကိုက်နေရတဲ့ ပြဿနာပါ။
အကိုက်အခဲပျောက်ဆေးကို ပဲလှော်လို ပါးစပ်ထဲ အလွယ်ပစ်ထည့်တတ်ကြသူတွေမှာ ခေါင်းကိုက်တော့ဆေးသောက်..ဆေးသောက်တော့ခေါင်းကိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဆေးတွေ ပြန်ဖြတ်လိုက်မှ ကောင်းသွားတတ်ပါတယ်။
?တခြားခေါင်းကိုက်နိုင်တဲ့ အခြေအနေတွေ ကရော ??
– အရက်သောက်ပြီး နောက်နေ့မနက်မှာ hangover ဖြစ်ပြီး ကိုက်နေတတ်တယ်
– ရေဓာတ်နည်းသွားရင်
– အပူချိန်မြင့်လာရင်
– ခေါင်းခိုက်မိပြီးရင်
– Carbon Monoxide အဆိပ်သင့်ရင်
– ရုတ်တရက် ရေခဲမုန့်လိုမျိုး အရမ်းအေးတာ တစ်ခုခုစားမိရင်
– Magnesium ဓာတ်နဲ့ Vitamin B အုပ်စုချို့တဲ့လာရင်
– တုပ်ကွေးမိရင်
– ညဘက်အိပ်ရင်း သွားကြိတ်တတ်ရင်
– သွေးတိုးရင်
ဒီလိုအခြေအနေတွေအပြင် တခါတလေလည်း ဘာကြောင့်ကိုက်မှန်းမသိ ကိုက်နေတတ်ပါတယ်။
?ခေါင်းကိုက်ရင် ဘာလုပ်ရမလဲ ??
?တော်ရုံခေါင်းကိုက်တာမျိုးအတွက်ကတော့
– Paracetamol လိုခေါင်းကိုက်ပျောက်ဆေး တစ်ခုခုသောက်ပါ
– ရေနွေးအိတ် ဒါမှမဟုတ် ရေခဲအိတ် ကပ်ကြည့်ပါ
ပိုသက်သာတာကိုရွေးချယ်ပါ
– အေးအေးချမ်းချမ်း အနားယူလိုက်ပါ
– အိပ်ရေးဝအောင် အိပ်ပါ
– ရေနွေးနွေးလေးနဲ့ ရေချိုးပါ
– ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်ပါ
– အစာ အချိန်မှန်စားပါ..အချိုဓာတ်ကို တက်လိုက် ကျလိုက်မဖြစ်အောင်ထိန်းပါ
– အငံနဲ့ အဆီအစိမ့်လျှော့ပါ
– သွေးပေါင် ထိန်းပါ
– အားကစားတစ်ခုခု ပုံမှန်လုပ်ပါ
– တရားထိုင်ပါ..စိတ်ငြိမ်အောင်လေ့ကျင့်ယူပါ
?ဘယ်လိုအခြေအနေဆို သတိထားရမလဲ ??
– သိပ်ဆိုးဆိုးဝါးဝါး မခံနိုင်လောက်အောင် ပထမဆုံးအကြိမ် ကိုက်မယ်
– အရင်ကိုက်ဖူးတာထက် ပိုကိုက်လာမယ်
– ဖျားမယ်..လည်ပင်းတောင့်လာမယ်
– မနက်အိပ်ရာထချိန် ပိုကိုက်နေမယ်..ရှေ့ငုံ့လိုက်တိုင်းပိုကိုက်လာမယ်
– ဆက်တိုက်မပျောက်နိုင်ဘဲ ကိုက်နေပြီး ဦးရေပြားတွေပါ နာလာမယ်
– သတိလစ်မယ်
– မျက်လုံးတွေပါ ကိုက်မယ် အမြင်အာရုံဝါးသွားမယ်
– နောက်စေ့မှာ ရုတ်တရက် ပြင်းပြင်းထန်ထန်ဆိုးဆိုးဝါးဝါး အရှိန်ပြင်းပြင်းနဲ့ ထိုးကိုက်မယ်
ဒီလို ထူးထူးခြားခြား လက္ခဏာတွေပါ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးတွေ့ဖို့လိုပါလိမ့်မယ်။
မကိုက်တတ်တဲ့ ခေါင်းလေးတွေပိုင်ဆိုင်ကြပါစေ..။
Dr ဖြိုးဝေလင်း
(22.4.19)
အား…ေခါင္းကိုက္လာၿပီ ဘာလုပ္ရမလဲ
ကမၻာေပၚက လူတိုင္း ေသခ်ာေပါက္ ျဖစ္ဖူးမဲ့ ေဝဒနာတစ္ခုက ဘာလဲလို႔ေမးရင္ က်ိန္းေသေပါက္ အမွတ္ျပည့္ရမဲ့ အေျဖက “ေခါင္းကိုက္တာ” လို႔ပဲဆိုရမယ္။
လူမွန္ရင္ ေခါင္းကိုက္ဖူးရမယ္။ တခ်ိဳ႕ကေတာ့ တခါတေလမွ ႐ွား႐ွားပါးပါးကိုက္တတ္ၾကေပမဲ့ တခ်ိဳ႕ကေတာ့ ေခါင္းဆိုတာ ‘ကိုက္’ဖို႔အတြက္သက္သက္ပဲ ပုခံုးႏွစ္ဖက္ၾကား လာေပါက္ေနသလိုမ်ိဳး တစ္ေယာက္တည္း ကန္ထ႐ိုက္ဆြဲ ကိုက္ေနၾကရ႐ွာတယ္။ ဘယ္သူမွေခါင္းမကိုက္ခ်င္သလို ကိုက္လာရင္လည္း ျမန္ျမန္ျပန္ေပ်ာက္ခ်င္ၾကတာပါပဲ။ တခ်ိဳ႕က်ေတာ့လည္း ‘ငါေခါင္းကိုက္ေနတာ ေသြး႐ိုးသား႐ိုးမွ ဟုတ္ရဲ႕လား..ေခါင္းထဲမွာ အႀကိတ္မ်ားျဖစ္ေနလား’ စိုးရိမ္ၾကသလို တခ်ိဳ႕က်လည္း ‘ေခါင္းထဲ ငါ့ခရပ္႐ွ္ ကေလးမ်ား ဝင္ေနလို႔ အခ်ိန္ျပည့္ကိုက္ေနတာလား’ ဘာညာ ကဗ်ာဆန္ဆန္ေတြးၾကတာေပါ့။
ထားပါေတာ့။
?ဘာေတြေၾကာင့္ ေခါင္းကိုက္တတ္လဲ ??
?Tension Headache
စိတ္ဖိစီးမႈေၾကာင့္ ကိုက္တဲ့ေခါင္းပါ။ ေခါင္းကိုက္ေဝဒနာအားလံုးရဲ႕ ၉၀%ေလာက္က ဒါေၾကာင့္ပါ။ အမ်ိဳးသမီးေတြမွာ ပိုျဖစ္ပါတယ္။ ေခါင္းပတ္ပတ္လည္မွာ ႀကိဳးနဲ႔တင္းက်ပ္ေနေအာင္ စည္းခံထားရသလို ဆြဲညႇစ္ခံထားရသလို ကိုက္ေနတတ္ပါတယ္။ ဇက္ေၾကာေတြပါ နာေနတတ္တယ္။ ေခါင္းကိုက္ေပ်ာက္ေဆးေတြအျပင္ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ဖို႔ပါ လိုပါမယ္။
?Migraines
ေခါင္းတစ္ျခမ္းကိုက္ေရာဂါပါ။ အမ်ိဳးသမီးေတြမွာပဲ ပိုျဖစ္တတ္ပါတယ္။ ဓမၼတာမေပၚခင္မွာ ပိုကိုိက္တတ္ၿပီး ေနပူမိသြားရင္လည္း ကိုက္လာတတ္ပါတယ္။ ရက္အေတာ္ၾကာၾကာ ကိုက္တတ္ၿပီး အလုပ္ပ်က္ အကိုင္ပ်က္နဲ႔ သိပ္ဆိုးတဲ့ ေရာဂါပါ။ ေခါင္းတစ္ျခမ္းကပဲ ဆိုးဆိုးဝါးဝါးကိုက္မယ္..
ပ်ိဳ႕ခ်င္ အန္ခ်င္မယ္..
အျမင္ေဝဝါးလာမယ္..
အလင္းစူးစူးမၾကည့္ႏိုင္တာမ်ိဳးေတြအထိ ျဖစ္ပါတယ္။ အိပ္လိုက္မွ သက္သာသြားတတ္ၿပီး ဆရာဝန္ျပဖို႔လိုပါတယ္။
?Cluster Headaches
႐ုတ္တရက္ မ်က္လံုးတစ္ဖက္က စကိုက္လာၿပီး မ်က္ရည္ေတြက်.. ႏွာရည္ေတြက်.. မ်က္ခြံေတြပါေရာင္လာၿပီး စူးစူး႐ွ႐ွကိုက္တတ္တယ္။ ညဘက္ပိုျဖစ္တတ္တယ္။ တစ္ေန႔ကို တစ္ႀကိမ္ကေန ႐ွစ္ႀကိမ္ေလာက္အထိ.. တစ္ခါကိုက္ရင္ ၁၅မိနစ္ကေန ႏွစ္နာရီခြဲေလာက္အထိ ကိုက္လိုက္ လံုးဝျပန္ေပ်ာက္သြားလုိက္ ျဖစ္ေနတတ္တယ္။ ၄ ပါတ္ကေန ၁၂ ပါတ္ေလာက္အထိဆက္တိုက္ ကိုက္ေနတတ္ၿပီး လေတာ္ေတာ္ၾကာၾကာကေန ႏွစ္ပိုင္းအထိကို ျပန္ေပ်ာက္သြားတတ္တယ္။
ဒါကေတာ့ ေယာက္်ားေလးေတြမွာ ပိုျဖစ္တတ္ၿပီး ေဆးလိပ္ေသာက္ရင္ ပိုျဖစ္ပါတယ္။
ဆရာဝန္ျပဖို႔လိုပါတယ္။
?Rebound Headache
ဒါကေတာ့ ေခါင္းကိုက္လို႔ အဆစ္အျမစ္ေတြကိုက္လို႔ အကိုက္အခဲေပ်ာက္ေဆးေတြ အေသာက္မ်ားရာကေန ေဆးေၾကာင့္ ျပန္ေခါင္းကိုက္ေနရတဲ့ ျပႆနာပါ။
အကိုက္အခဲေပ်ာက္ေဆးကို ပဲေလွာ္လို ပါးစပ္ထဲ အလြယ္ပစ္ထည့္တတ္ၾကသူေတြမွာ ေခါင္းကိုက္ေတာ့ေဆးေသာက္..ေဆးေသာက္ေတာ့ေခါင္းကိုက္နဲ႔ သံသရာလည္ေနတတ္ပါတယ္။ ေဆးေတြ ျပန္ျဖတ္လိုက္မွ ေကာင္းသြားတတ္ပါတယ္။
?တျခားေခါင္းကိုက္ႏိုင္တဲ့ အေျခအေနေတြ ကေရာ ??
– အရက္ေသာက္ၿပီး ေနာက္ေန႔မနက္မွာ hangover ျဖစ္ၿပီး ကိုက္ေနတတ္တယ္
– ေရဓာတ္နည္းသြားရင္
– အပူခ်ိန္ျမင့္လာရင္
– ေခါင္းခိုက္မိၿပီးရင္
– Carbon Monoxide အဆိပ္သင့္ရင္
– ႐ုတ္တရက္ ေရခဲမုန္႔လိုမ်ိဳး အရမ္းေအးတာ တစ္ခုခုစားမိရင္
– Magnesium ဓာတ္နဲ႔ Vitamin B အုပ္စုခ်ိဳ႕တဲ့လာရင္
– တုပ္ေကြးမိရင္
– ညဘက္အိပ္ရင္း သြားႀကိတ္တတ္ရင္
– ေသြးတိုးရင္
ဒီလိုအေျခအေနေတြအျပင္ တခါတေလလည္း ဘာေၾကာင့္ကိုက္မွန္းမသိ ကိုက္ေနတတ္ပါတယ္။
?ေခါင္းကိုက္ရင္ ဘာလုပ္ရမလဲ ??
?ေတာ္ရံုေခါင္းကိုက္တာမ်ိဳးအတြက္ကေတာ့
– Paracetamol လိုေခါင္းကိုက္ေပ်ာက္ေဆး တစ္ခုခုေသာက္ပါ
– ေရေႏြးအိတ္ ဒါမွမဟုတ္ ေရခဲအိတ္ ကပ္ၾကည့္ပါ
ပိုသက္သာတာကိုေရြးခ်ယ္ပါ
– ေအးေအးခ်မ္းခ်မ္း အနားယူလိုက္ပါ
– အိပ္ေရးဝေအာင္ အိပ္ပါ
– ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးပါ
– ေကာ္ဖီပူပူေလးတစ္ခြက္ေလာက္ ေသာက္ပါ
– အစာ အခ်ိန္မွန္စားပါ..အခ်ိဳဓာတ္ကို တက္လိုက္ က်လိုက္မျဖစ္ေအာင္ထိန္းပါ
– အငံနဲ႔ အဆီအစိမ့္ေလွ်ာ့ပါ
– ေသြးေပါင္ ထိန္းပါ
– အားကစားတစ္ခုခု ပံုမွန္လုပ္ပါ
– တရားထိုင္ပါ..စိတ္ၿငိမ္ေအာင္ေလ့က်င့္ယူပါ
?ဘယ္လိုအေျခအေနဆို သတိထားရမလဲ ??
– သိပ္ဆိုးဆိုးဝါးဝါး မခံႏိုင္ေလာက္ေအာင္ ပထမဆံုးအႀကိမ္ ကိုက္မယ္
– အရင္ကိုက္ဖူးတာထက္ ပိုကိုက္လာမယ္
– ဖ်ားမယ္..လည္ပင္းေတာင့္လာမယ္
– မနက္အိပ္ရာထခ်ိန္ ပိုကိုက္ေနမယ္..ေ႐ွ႕ငံု႔လိုက္တိုင္းပိုကိုက္လာမယ္
– ဆက္တိုက္မေပ်ာက္ႏိုင္ဘဲ ကိုက္ေနၿပီး ဦးေရျပားေတြပါ နာလာမယ္
– သတိလစ္မယ္
– မ်က္လံုးေတြပါ ကိုက္မယ္ အျမင္အာရံုဝါးသြားမယ္
– ေနာက္ေစ့မွာ ႐ုတ္တရက္ ျပင္းျပင္းထန္ထန္ဆိုးဆိုးဝါးဝါး အ႐ွိန္ျပင္းျပင္းနဲ႔ ထိုးကိုက္မယ္
ဒီလို ထူးထူးျခားျခား လကၡဏာေတြပါ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆံုးေတြ႕ဖို႔လိုပါလိမ့္မယ္။
မကိုက္တတ္တဲ့ ေခါင္းေလးေတြပိုင္ဆိုင္ၾကပါေစ..။
Dr ၿဖိဳးေဝလင္း
(22.4.19)