ကလေး အငိုတိတ်စေလို။
ကလေးဘဲ ငိုမှာပေါ့ဆိုပြီး အလွယ်တွေးလို့လည်းရပါတယ်။
ဒါပေမယ့် ငိုမှာပေါ့ရဲ့နောက်ကွယ်က အကြောင်းအရာလေးတွေသိထားရင်တော့ကလေးထိန်းရတာလည်းလွယ်ကူလာမှာဖြစ်သလို ကလေးငိုခြင်းကြောင့်ဖြစ်လာတဲ့စိတ်ပူပင်မှုတွေအတွက်အဖြေထွက်ာစေမှာပါ။
ဖေဖေမေမေတို့အနေနဲ့ ကလေးငိုပြီဆိုရင် စဉ်းစားရမှာတွေကတော့
- ကလေး ဗိုက်ဆာခြင်း( နို့ဆာခြင်း)
- ကလေး ဆီး၊ဝမ်းသွားထားခြင်း
- ကလေး ငယ်သွားပေါက်ခြင်း
- ကလေးလေထိုးနေခြင်း
- ဖေဖေမေမေတို့ထံမှ ဂရုစိုက်မှုလိုချင်နေခြင်း
- ကလေးဖျားနေခြင်း တို့ကြောင့် အဓိကဖြစ်ပါတယ်။
ကလေးဗိုက်ဆာလို့ ငိုခြင်းဆိုပါက နို့တိုက်ချိန်၊ အစာကျွေးချိန် ကြာလွန်းသွားခြင်း၊ ပမာဏနည်းသွားခြင်းတို့တွင် ငိုတတ်ပါတယ်။
ကလေး ဆီး၊ဝမ်းသွားထားပြီးရင်လည်း ကလေးဟာ စိုစိုစွတ်စွတ်နဲ့ မအီမသာဖြစ်နေတတ်ပါတယ်။
မိဘတွေအနေနဲ့တော့ ဆီးသွားပြီးငိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟုလည်းမှားယွင်းစွာထင်တတ်ကြပါတယ်။
အမှန်တော့ ပုံမှန် အနှီး၊ သေးခံ တို့မှာ စိုခြင်းဟာလည်း ကလေးမအီမသာဖြစ်စေပါတယ်။
ကလေးသွားပေါက်ခြင်းနဲ့ပတ်သက်လို့ကတော့ အသက်၆လမှ ၁၂လ ( ၁နှစ်ကြား) ငယ်သွားပေါက်တတ်ပါတယ်။
သွားပေါက်မယ့်နေရာသွားဖုံးလေးတွေကို တိုးထွက်ရတာမို့ ကလေးငယ်ဟာ ဒီလိုအချိန်မျိုးမှာ ပိုငိုတာ၊ ဖျားတာတွေရှိတတ်ပါတယ်။ ဒါကြောင့် ကလေး ငိုတာ၊ ဖျားတာ၊ အစားနဲတာတွေရှိလာရင် ပါးစပ်လေးဟခိုင်းကြည့်ဖို့ မမေ့ပါနဲ့နော်။
ကလေးလေထိုးလေအောင့်ခြင်းမှာတော့ ကလေးမွေးပြီးစ ၁ပတ်မှစ၍ ကလေး ၃လ လောက်ထိ လေထိုးလေအောင့်ခြင်းကြောင့် ကလေးငိုတတ်ပါတယ်။
အချိန်အားဖြင့် နေ့လည်ပိုင်းနဲ့ ညနေစောင်းပိုင်းတွေမှာ အဓိက ငိုတတ်ပါတယ်။
ဂရုစိုက်မှုလိုချင်လို့ ငိုခြင်းမှာတော့ ကလေးငယ်ဟာ အနားမှာ မိဘ/လူမရှိတာနဲ့ငိုတတ်ပါတယ်။ မိဘအနားရောက်လာချိန်၊ ချော့မြူချိန်၊ ထွေးပွေ့လိုက်ချိန်တို့မှာအငိုတိတ်သွားတတ်ပါတယ်။
ကလေးဖျားခြင်းကြောင့် ငိုခြင်းမှာတော့ ကလေးငိုချိန်မှာ ကိုယ်အပူချိန်တက်နေတတ်ပါတယ်။ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ခြင်းတို့ဖြစ်ချိန်တွင်
အဓိက တွေ့ရတတ်ပါတယ်။
ဘယ်လိုကြောင့်ပဲငိုငို ဒီအချက်တွေကို အရင်စဉ်းစားကြည့်ပါ။ ဖြေရှင်းကြည့်ပါ။
ဒီအချက်တွေကြောင့်မဟုတ်ဘဲ ငိုခြင်းမျိုးဖြစ်လျှင်တော့
- ကလေးကို အနှီးလေးနဲ့ မတင်းလွန်း၊ မလျှော့လွန်းပဲထွေးပွေ့ထားလိုက်ပါ။
- ကလေးကို ဘေးစောင်းပေးထားလိုက်ပါ။
- ပုခက်ထဲထည့်ပြီး အသာအယာလွှဲပေးလိုက်ပါ။
- နို့တိုက်ခြင်း၊ ချိုလိမ်ပေးစို့စေခြင်းတို့နဲ့လည်း အငိုတိတ်အောင် လုပ်ဆောင် နိုင်ပါသေးသည်။
မယ်တင်( ဆေး ၁)
ကေလး အငိုတိတ္ေစလို။
ကေလးဘဲ ငိုမွာေပါ့ဆိုၿပီး အလြယ္ေတြးလို႔လည္းရပါတယ္။
ဒါေပမယ့္ ငိုမွာေပါ့ရဲ႕ေနာက္ကြယ္က အေၾကာင္းအရာေလးေတြသိထားရင္ေတာ့ကေလးထိန္းရတာလည္းလြယ္ကူလာမွာျဖစ္သလို ကေလးငိုျခင္းေၾကာင့္ျဖစ္လာတဲ့စိတ္ပူပင္မႈေတြအတြက္အေျဖထြက္ာေစမွာပါ။
ေဖေဖေမေမတို႔အေနနဲ႔ ကေလးငိုၿပီဆိုရင္ စဥ္းစားရမွာေတြကေတာ့
- ကေလး ဗိုက္ဆာျခင္း( ႏို႔ဆာျခင္း)
- ကေလး ဆီး၊ဝမ္းသြားထားျခင္း
- ကေလး ငယ္သြားေပါက္ျခင္း
- ကေလးေလထိုးေနျခင္း
- ေဖေဖေမေမတို႔ထံမွ ဂရုစိုက္မႈလိုခ်င္ေနျခင္း
- ကေလးဖ်ားေနျခင္း တို႔ေၾကာင့္ အဓိကျဖစ္ပါတယ္။
ကေလးဗိုက္ဆာလို႔ ငိုျခင္းဆိုပါက ႏို႔တိုက္ခ်ိန္၊ အစာေကၽြးခ်ိန္ ၾကာလြန္းသြားျခင္း၊ ပမာဏနည္းသြားျခင္းတို႔တြင္ ငိုတတ္ပါတယ္။
ကေလး ဆီး၊ဝမ္းသြားထားၿပီးရင္လည္း ကေလးဟာ စုိစိုစြတ္စြတ္နဲ႔ မအီမသာျဖစ္ေနတတ္ပါတယ္။
မိဘေတြအေနနဲ႔ေတာ့ ဆီးသြားၿပီးငိုတာေၾကာင့္ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းဟုလည္းမွားယြင္းစြာထင္တတ္ၾကပါတယ္။
အမွန္ေတာ့ ပံုမွန္ အႏွီး၊ ေသးခံ တို႔မွာ စိုျခင္းဟာလည္း ကေလးမအီမသာျဖစ္ေစပါတယ္။
ကေလးသြားေပါက္ျခင္းနဲ႔ပတ္သက္လို႔ကေတာ့ အသက္၆လမွ ၁၂လ ( ၁ႏွစ္ၾကား) ငယ္သြားေပါက္တတ္ပါတယ္။
သြားေပါက္မယ့္ေနရာသြားဖံုးေလးေတြကို တိုးထြက္ရတာမို႔ ကေလးငယ္ဟာ ဒီလိုအခ်ိန္မ်ိဳးမွာ ပိုငိုတာ၊ ဖ်ားတာေတြရွိတတ္ပါတယ္။ ဒါေၾကာင့္ ကေလး ငိုတာ၊ ဖ်ားတာ၊ အစားနဲတာေတြရွိလာရင္ ပါးစပ္ေလးဟခိုင္းၾကည့္ဖို႔ မေမ့ပါနဲ႔ေနာ္။
ကေလးေလထိုးေလေအာင့္ျခင္းမွာေတာ့ ကေလးေမြးၿပီးစ ၁ပတ္မွစ၍ ကေလး ၃လ ေလာက္ထိ ေလထိုးေလေအာင့္ျခင္းေၾကာင့္ ကေလးငိုတတ္ပါတယ္။
အခ်ိန္အားျဖင့္ ေန႔လည္ပိုင္းနဲ႔ ညေနေစာင္းပိုင္းေတြမွာ အဓိက ငိုတတ္ပါတယ္။
ဂရုစိုက္မႈလိုခ်င္လို႔ ငိုျခင္းမွာေတာ့ ကေလးငယ္ဟာ အနားမွာ မိဘ/လူမရွိတာနဲ႔ငိုတတ္ပါတယ္။ မိဘအနားေရာက္လာခ်ိန္၊ ေခ်ာ့ျမဴခ်ိန္၊ ေထြးေပြ႕လိုက္ခ်ိန္တို႔မွာအငိုတိတ္သြားတတ္ပါတယ္။
ကေလးဖ်ားျခင္းေၾကာင့္ ငိုျခင္းမွာေတာ့ ကေလးငိုခ်ိန္မွာ ကိုယ္အပူခ်ိန္တက္ေနတတ္ပါတယ္။ ႏွာပိတ္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဝမ္းပ်က္ျခင္းတို႔ျဖစ္ခ်ိန္တြင္
အဓိက ေတြ႕ရတတ္ပါတယ္။
ဘယ္လိုေၾကာင့္ပဲငိုငို ဒီအခ်က္ေတြကို အရင္စဥ္းစားၾကည့္ပါ။ ေျဖရွင္းၾကည့္ပါ။
ဒီအခ်က္ေတြေၾကာင့္မဟုတ္ဘဲ ငိုျခင္းမ်ိဳးျဖစ္လၽွင္ေတာ့
- ကေလးကို အႏွီးေလးနဲ႔ မတင္းလြန္း၊ မေလၽွာ့လြန္းပဲေထြးေပြ႕ထားလိုက္ပါ။
- ကေလးကို ေဘးေစာင္းေပးထားလိုက္ပါ။
- ပုခက္ထဲထည့္ၿပီး အသာအယာလႊဲေပးလိုက္ပါ။
- ႏို႔တိုက္ျခင္း၊ ခ်ိဳလိမ္ေပးစို႔ေစျခင္းတို႔နဲ႔လည္း အငိုတိတ္ေအာင္ လုပ္ေဆာင္ ႏိုင္ပါေသးသည္။
မယ္တင္( ေဆး ၁)