သင့်ကလေး ကာကွယ်ဆေးထိုးပြီး အဖျားတက်ရင် ဘာတွေလုပ်မလဲ
သားသမီးတစ်ယောက် နေထိုင်မကောင်းဖြစ်သည်နှင့် စိုးရိမ်ပူပန်တတ်သည်မှာ မိဘတိုင်း၏ မေတ္တာပင်ဖြစ်သည် ။ မိမိသားသမီးခံစားနေရသည့် ဝေဒနာသက်သာစေရန် ဘာလုပ်ရလုပ်ရဆိုသည်မှာ မိဘတိုင်းပင်ဖြစ်သည် ။
ကာကွယ်ဆေးဆိုသည်မှာ ကလေးငယ်တိုင်းအတွက် ထိုးကိုထိုးရ သောက်ရမည့် ဆေးပင်ဖြစ်သည် ။ သို့မှသာ ရောဂါဆိုးများ အသက်အန္တရာယ်ပေးနိုင်သည့်ရောဂါများမှ ရှောင်ရှားနိုင်မည်ဖြစ်သည် ။ သို့သော် ကလေးတချို့တွင် ကာကွယ်ဆေးထိုးနှံပြီးနောက် အဖျားအနည်းငယ်တက်လေ့ရှိသည်ကို တွေ့ရတတ်ပါသည် ။ ဒါဟာ ပုံမှန်ဖြစ်ရိုး ဖြစ်စဉ်ဖြစ်ပါတယ် ။ အဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ပြုစုနည်းတွေ ရှိလဲ ကြည့်လိုက်ကြရအောင်
ကာကွယ်ဆေးထိုးပြီး အဖျားတက်တာ စိုးရိမ်ရလား ?
ကာကွယ်ဆေးထိုးပြီး အဖျားအနည်းငယ်တက်တယ်ဆိုတာ တချို့ကလေးတွေမယ် တွေ့ရလေ့ရှိပါတယ် ။ တကယ်တော့ ဒီလိုအဖျားတက်တာဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်လို့ဆိုလို့ရပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုအဖျားတက်ခြင်းဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ခုခံအားဟာ ကာကွယ်ဆေးကို တုံ့ပြန်မှုအားကောင်းတယ်ဆိုတဲ့ သဘောကြောင့်မို့ပဲဖြစ်ပါတယ် ။
ပြုစုစောင့်ရှောက်နည်းများ
ကာကွယ်ဆေးထိုးနှံပြီး အဖျားအနည်းငယ်တက်ခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဆိုသော်လည်း မိဘတစ်ယောက်အနေဖြင့် သင့်ကလေး သက်သာစေရန် လုပ်ဆောင်လိုသည်မှာ မိဘတိုင်းလိုလိုပင်ဖြစ်သည် ။ ထို့အတွက် အောက်ပါအချက်များကို သင့်ကလေးသက်သာစေရန် လုပ်ဆောင်ပေးနိုင်ပါသည်
၁ အနားမှာနေပေးခြင်း
မိဘတစ်ယောက်ရဲ့ အနီးကပ်ရှိနေမှု နွေးထွေးမှုတို့ဟာ နာမကျန်းဖြစ်ချိန် ကလေးငယ်တိုင်းအတွက် အဖိုးဖြတ်မရတဲ့ အားဆေးပဲဖြစ်သည် ။ ကလေးငယ်နံဘေးတွင် သက်သာစေရန် အားပေးစကားပြောခြင်း ၊ ဖေးမယုယခြင်းတို့ကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည် ။
၂ ပေါ့ပါးသော အဝတ်အစားများ ဝတ်ဆင်လဲလှယ်ပေးခြင်း
ထူထဲသော အဝတ်များ ၊ စောင်များဖြင့် ထုပ်ထားခြင်းကို ရှောင်ကြဉ်ပါ ။ ပေါ့ပါးချောင်ချိသော အဝတ်အစားများ ဝတ်ဆင်ပေးခြင်း စောင်အပါးလေး ခြုံပေးခြင်းတို့ကို လုပ်ဆောင်ပေးပါ ။
၃ အရည်များများတိုက်ကျွေးပါ
အဖျားရှိခြင်းဟာ ရေဓာတ်ခန်းခြောက်မှုကိုဖြစ်စေသည့်အတွက် သင့်ကလေးကို ရေဓာတ်မဆုံးရှုံးစေရန် အရည်များများတိုက်ကျွေးပေးရန် လိုအပ်ပါတယ် ။
၄ အခန်းတွင်း အိမ်တွင်း လေဝင်လေထွက် ကောင်းအောင် လုပ်ပေးပါ
အိမ်အတွင်း အခန်းအတွင်း လေဝင်လေထွက်ကောင်းပြီး လေကောင်းလေသန့် ရရှိရန်အတွက် ပြတင်းပေါက်များ ဖွင့်ပေးခြင်းကဲ့သို့ လုပ်ဆောင်ပေးပါ ။
ကာကွယ်ဆေးထိုးပြီး အဖျားအရမ်းကြီးရင် ဘယ်လိုသိမလဲ ?
အကယ်၍ ကလေးဟာ အဖျား ၁၀၀ ဖာရင်ဟိုက်ခန့်ရှိလျှင် အဖျားရှိနေပြီလို့ ဆိုနိုင်ပြီး လစ်လျူရှုမထားရတော့ပါ ။ အနီးစပ်ဆုံး ဆေးခန်း ဆရာဝန်တစ်ဦးနှင့်အမြန်ဆုံးပြသပါ ။
* သုံးလအောက် ကလေးငယ်များတွင် အဖျား ၁၀၁ ဒီဂရီ ဖာရင်ဟိုက် နှင့်အထက်ရှိလျှင်
* သုံးလမှခြောက်လအကြားကလေးငယ်များတွင် အဖျား ၁၀၂ ဒီဂရီ ဖာရင်ဟိုက်နှင့်အထက်ရှိလျှင်
* အဖျားရှိချိန် ကလေးငယ်သည် မှိန်းနေပြီး နှုံးခွေနေလျှင်
အဖျားရှိနေပြီလို့ဆိုနိုင်ပါတယ် ။
ဘယ်အချိန်ဆေးရုံသွားသင့်သလဲ ?
ကာကွယ်ဆေးထိုးပြီး အဖျားတက်ခြင်းဟာ ၂၄ နာရီထက် မကျော်သင့်ပါဘူး ။ ဒါကြောင့်အဖျားက ၂၄ နာရီကျော်လာပြီး
* သင့်ကလေးငယ်ဟာ အရမ်းနှုံးခွေနေမယ်
* ဗိုက်အောင့်မယ်
* ခြေလက်တွေနာမယ်
* အစာ သို့မဟုတ် ရေ မျိုရခက်မယ်
* အန်မယ် ဝမ်းလျှောမယ်
* မှိန်းနေမယ်
အစရှိတဲ့ လက္ခဏာတွေ တွေ့ရှိရင် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပြသပါ ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
သင့္ကေလး ကာကြယ္ေဆးထိုးၿပီး အဖ်ားတက္ရင္ ဘာေတြလုပ္မလဲ
သားသမီးတစ္ေယာက္ ေနထိုင္မေကာင္းျဖစ္သည္ႏွင့္ စိုးရိမ္ပူပန္တတ္သည္မွာ မိဘတိုင္း၏ ေမတၱာပင္ျဖစ္သည္ ။ မိမိသားသမီးခံစားေနရသည့္ ေဝဒနာသက္သာေစရန္ ဘာလုပ္ရလုပ္ရဆိုသည္မွာ မိဘတိုင္းပင္ျဖစ္သည္ ။
ကာကြယ္ေဆးဆိုသည္မွာ ကေလးငယ္တိုင္းအတြက္ ထိုးကိုထိုးရ ေသာက္ရမည့္ ေဆးပင္ျဖစ္သည္ ။ သို႔မွသာ ေရာဂါဆိုးမ်ား အသက္အႏၲရာယ္ေပးႏိုင္သည့္ေရာဂါမ်ားမွ ေရွာင္ရွားႏိုင္မည္ျဖစ္သည္ ။ သို႔ေသာ္ ကေလးတခ်ဳိ႕တြင္ ကာကြယ္ေဆးထိုးႏွံၿပီးေနာက္ အဖ်ားအနည္းငယ္တက္ေလ့ရွိသည္ကို ေတြ႕ရတတ္ပါသည္ ။ ဒါဟာ ပုံမွန္ျဖစ္႐ိုး ျဖစ္စဥ္ျဖစ္ပါတယ္ ။ အ့ဲအတြက္ ဘယ္လို အက်ဳိးသက္ေရာက္မႈေတြ ျပဳစုနည္းေတြ ရွိလဲ ၾကည့္လိုက္ၾကရေအာင္
ကာကြယ္ေဆးထိုးၿပီး အဖ်ားတက္တာ စိုးရိမ္ရလား ?
ကာကြယ္ေဆးထိုးၿပီး အဖ်ားအနည္းငယ္တက္တယ္ဆိုတာ တခ်ဳိ႕ကေလးေတြမယ္ ေတြ႕ရေလ့ရွိပါတယ္ ။ တကယ္ေတာ့ ဒီလိုအဖ်ားတက္တာဟာ ေကာင္းတ့ဲလကၡဏာတစ္ရပ္လို႔ဆိုလို႔ရပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ဒီလိုအဖ်ားတက္ျခင္းဟာ ကေလးငယ္ရဲ႕ ခႏၶာကိုယ္ ခုခံအားဟာ ကာကြယ္ေဆးကို တုံ႕ျပန္မႈအားေကာင္းတယ္ဆိုတ့ဲ သေဘာေၾကာင့္မို႔ပဲျဖစ္ပါတယ္ ။
ျပဳစုေစာင့္ေရွာက္နည္းမ်ား
ကာကြယ္ေဆးထိုးႏွံၿပီး အဖ်ားအနည္းငယ္တက္ျခင္းဟာ ပုံမွန္ျဖစ္႐ိုးျဖစ္စဥ္ဆိုေသာ္လည္း မိဘတစ္ေယာက္အေနျဖင့္ သင့္ကေလး သက္သာေစရန္ လုပ္ေဆာင္လိုသည္မွာ မိဘတိုင္းလိုလိုပင္ျဖစ္သည္ ။ ထို႔အတြက္ ေအာက္ပါအခ်က္မ်ားကို သင့္ကေလးသက္သာေစရန္ လုပ္ေဆာင္ေပးႏိုင္ပါသည္
၁ အနားမွာေနေပးျခင္း
မိဘတစ္ေယာက္ရဲ႕ အနီးကပ္ရွိေနမႈ ေႏြးေထြးမႈတို႔ဟာ နာမက်န္းျဖစ္ခ်ိန္ ကေလးငယ္တိုင္းအတြက္ အဖိုးျဖတ္မရတ့ဲ အားေဆးပဲျဖစ္သည္ ။ ကေလးငယ္နံေဘးတြင္ သက္သာေစရန္ အားေပးစကားေျပာျခင္း ၊ ေဖးမယုယျခင္းတို႔ကို လုပ္ေဆာင္ေပးရန္ လိုအပ္ပါသည္ ။
၂ ေပါ့ပါးေသာ အဝတ္အစားမ်ား ဝတ္ဆင္လဲလွယ္ေပးျခင္း
ထူထဲေသာ အဝတ္မ်ား ၊ ေစာင္မ်ားျဖင့္ ထုပ္ထားျခင္းကို ေရွာင္ၾကဥ္ပါ ။ ေပါ့ပါးေခ်ာင္ခ်ိေသာ အဝတ္အစားမ်ား ဝတ္ဆင္ေပးျခင္း ေစာင္အပါးေလး ျခဳံေပးျခင္းတို႔ကို လုပ္ေဆာင္ေပးပါ ။
၃ အရည္မ်ားမ်ားတိုက္ေကြၽးပါ
အဖ်ားရွိျခင္းဟာ ေရဓာတ္ခန္းေျခာက္မႈကိုျဖစ္ေစသည့္အတြက္ သင့္ကေလးကို ေရဓာတ္မဆုံး႐ွဳံးေစရန္ အရည္မ်ားမ်ားတိုက္ေကြၽးေပးရန္ လိုအပ္ပါတယ္ ။
၄ အခန္းတြင္း အိမ္တြင္း ေလဝင္ေလထြက္ ေကာင္းေအာင္ လုပ္ေပးပါ
အိမ္အတြင္း အခန္းအတြင္း ေလဝင္ေလထြက္ေကာင္းၿပီး ေလေကာင္းေလသန္႔ ရရွိရန္အတြက္ ျပတင္းေပါက္မ်ား ဖြင့္ေပးျခင္းက့ဲသို႔ လုပ္ေဆာင္ေပးပါ ။
ကာကြယ္ေဆးထိုးၿပီး အဖ်ားအရမ္းႀကီးရင္ ဘယ္လိုသိမလဲ ?
အကယ္၍ ကေလးဟာ အဖ်ား ၁၀၀ ဖာရင္ဟိုက္ခန္႔ရွိလွ်င္ အဖ်ားရွိေနၿပီလို႔ ဆိုႏိုင္ၿပီး လစ္လ်ဴ႐ွဳမထားရေတာ့ပါ ။ အနီးစပ္ဆုံး ေဆးခန္း ဆရာဝန္တစ္ဦးႏွင့္အျမန္ဆုံးျပသပါ ။
* သုံးလေအာက္ ကေလးငယ္မ်ားတြင္ အဖ်ား ၁၀၁ ဒီဂရီ ဖာရင္ဟိုက္ ႏွင့္အထက္ရွိလွ်င္
* သုံးလမွေျခာက္လအၾကားကေလးငယ္မ်ားတြင္ အဖ်ား ၁၀၂ ဒီဂရီ ဖာရင္ဟိုက္ႏွင့္အထက္ရွိလွ်င္
* အဖ်ားရွိခ်ိန္ ကေလးငယ္သည္ မွိန္းေနၿပီး နႈံးေခြေနလွ်င္
အဖ်ားရွိေနၿပီလို႔ဆိုႏိုင္ပါတယ္ ။
ဘယ္အခ်ိန္ေဆး႐ုံသြားသင့္သလဲ ?
ကာကြယ္ေဆးထိုးၿပီး အဖ်ားတက္ျခင္းဟာ ၂၄ နာရီထက္ မေက်ာ္သင့္ပါဘူး ။ ဒါေၾကာင့္အဖ်ားက ၂၄ နာရီေက်ာ္လာၿပီး
* သင့္ကေလးငယ္ဟာ အရမ္းနံႈးေခြေနမယ္
* ဗိုက္ေအာင့္မယ္
* ေျခလက္ေတြနာမယ္
* အစာ သို႔မဟုတ္ ေရ မ်ဳိရခက္မယ္
* အန္မယ္ ဝမ္းေလွ်ာမယ္
* မွိန္းေနမယ္
အစရွိတ့ဲ လကၡဏာေတြ ေတြ႕ရွိရင္ နီးစပ္ရာ ေဆး႐ုံသို႔ အျမန္ဆုံး သြားေရာက္ျပသပါ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ