krill oil ကိုဘယ်သူတွေသောက်သင့်လဲ
ပုစွန်ဆိတ်လေးဘယ်လိုငယ် ပင်လယ်ကူးတတ်တယ် ဆိုသော စကားလေးကို လူတိုင်းကြားဖူးကြပါမယ် အဲလို ပုဆိတ်ငယ်ငယ်လေး လိုအကောင်လေးတွေ ဟာ ကျွန်တော်တို့ လူသားတွေအတွက်အကျိုးများသော ဓါတ်တမျိုးပါဝင်နေပြန်တယ်။ လူတိုင်း ငါးကြီးဆီကို ကြားဖူးကြပါတယ် krill oilဟာ ငါးကြီးဆီ လိုပဲ စွမ်းအားထက်မြက်လှပါတယ် cleverlandကပြုလုပ်သော တချို့ animal studies မှာဆိုလျှင် krill oilကပိုအကျိုးများတာကိုတွေ့ရပါတယ်။
krill oil ဘယ်က ရှိတာလဲ
ပင်လယ်မှာ ရှိတဲ့ ဝေလ ငါး တွေစားသုံးသော ပုစွန်ဆိတ်ငယ်လေးလိုအကောင်လေးတွေတဆင့် ထုတ်လုပ်ပါတယ် အဲအကောင်လေးတွေဟာ သမုဒ္ဒရာတွေမှာပဲ တွေ့ရတတ်ပါတယ် ဝေလငါးတွေ ရဲ့ ကြီးထွားသန်စွမ်းမှုကို အဲအကောင်လေးတွေကတဆင့်ရတယ်လို့ ပြောစမတ်ပြုကြပါတယ်။
ကျန်းမာရေးအတွက်ဘယ်လိုအာနိသင်ရှိလဲ
krill oil ထဲမှာ eicosapentaenoic acid (EPA)နှင့် docosahexaenoic acid(DHA) တို့မြင့်မားစွာပါဝင်နေပါတယ် အဲဓါတ်တွေက သွေးတွင်းမကောင်းသောအဆီနှင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ် အဲလို ဓါတ်တွေကို လူသားကိုယ်ခန္ဓာက မပြုလုပ်နိုင်ပါဘူး ဒါကြောင့် အပြင်ကနေ စားသုံး ဖြည့်တင်းပေးဖို့လိုပါတယ် စားသုံးဖို့လိုတာ က တူနာငါးတို့ ဆော်လမွန်ငါးတို့ဟာ ကျွန်တော်တို့တွေအတွက် လွယ်လွယ်မရနိုင်ပါဘူး လွယ်ကူစွာရနိုင်တာက ဖြည့်စွက်အားဆေးတွေပါ ။
ဘယ်သူတွေသောက်သင့်တာလဲ
၁ နှလုံးရောဂါသမားတွေ
၂ အဆီဓါတ်များလို့ လေဖြတ်နိုင်သူတွေ
၃ အသည်းအဆီဖုံးသူတွေ
၄ စိတ်ဖိစီးသူတွေ
၅ အရိုးအဆစ်ရောင်ရောဂါသမားတွေ
၆ TGတတ်နေသူတွေ
၇ အဝလွန်နေသူတွေ
၈ အရက်ဘယာသမားတွေ အဓိက သောက်သင့်ပါတယ် ကျန်သောသူတွေလည်း တပတ်ကိုအနည်းဆုံး ၂ကြိမ်သောက်လို့ရပါတယ်
ဘယ်လိုသောက်သင့်လဲ
နေ့စဉ် ၁ ဂရမ် ၂ဂရမ် သို့ ဆရာဝန်ညွှန်ုကားသလို သောင်သင့်ပါတယ် အနည်းဆုံး တပတ်ကို ၂ကြိမ်သောက်ပေးသင့်ပါတယ် ဒီလိုသောက်ပေးခြင်းဖြင့် သွေးတွင်းအဆီ(triglyceride) ဓါတ်ကိုသိသာစွာထိန်းပေးနိုင်ပါတယ် နှလုံးကျန်းမာရေး ကိုအထောက်အကူပြုပါတယ် ဦးနှောက်မှတ်ဉာဏ်ကိုအားပေးပါတယ် စိတ်ဖိစီးတာကို လျော့ပါးစေပါတယ် လေဖြတ်နိုင်ချေကိုလည်း အဆီဓါတ်ကိုထိန်းပေးခြင်းဖြင့် အထိုက်လျောက် ကာကွယ်နိုင်ပါတယ် သွေးပေါင်ချိန်ကို လည်း ထိန်းညှိပေးနိုင်ပါတယ် အရိုးအဆစ်ရောင် ရမ်းတာကိုလည်း သက်သာစေပါတယ် တအားအကျိုးများပါတယ် တူနာငါးတွေ ဆော်လမွန်းငါးတွေ ပုစွန်လို krillအကောင်ငယ်လေးတွေ စားပေးခြင်းဖြင့်လည်းရပေမယ့် စားဖို့မလွယ်ကူသူတွေအတွက်ကတော့ ဆေးကို ပုံမှန်သုံးဆောင်သင့်ပါတယ်
ဆိုးကျိုး
စိတ်ချရတဲ့ဆေးပါ ဆိုးကျိုးရယ်လို့ မယ်မယ်ရ ရမရှိပါဘူး အစားအစာနှင့်တူတူသောက်ဖို့လိုပါတယ် ဆေးသောက်တာကြာလာပါက ပါးစပ်ကနေ ငါးအနံ့လေး လူအနည်းငယ်မှာရတတ်ပတယ် သွေးကျဲဆေတွေ တခြားအဆီကျဆေးတွေ သောက်နေရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ဖို့လိုပါတယ်။ အဆီအဆိမ့်တွေ ကြောင့် အသည်းအဆီဖုံးတာတွေ လေဖြတ်တာ နှလုံးသွေးကြောပိတ်တာ များလာတဲ့ခေတ်မှာ သွေးတွင်အဆီများတာကို လျော့ချပေးဖို့ လူတိုင်းနီးပါး လိုပါတယ် ဒါကြောင့် အရပ်ထဲ ကောလဟာလ ဖြစ်နေတဲ့ လေဖြတ်ကာကွယ်ဆေးထက် အကျိုးများစေသော triglyceride အဆီဓါတ် လောျ့ချပေးနိုင် တဲ့ krill oil အသုံးဝင်ပုံကို တင်ပြပေးလိုက်ပါတယ်
ဒေါက်တာ လင်း (မိသားစုကျန်းမာ)
krill oil ဘယ်က ရှိတာလဲ
၁ နှလုံးရောဂါသမားတွေ
၃ အသည်းအဆီဖုံးသူတွေ
၎ စိတ်ဖိစီးသူတွေ
၆ TGတတ်နေသူတွေ
၇ အဝလွန်နေသူတွေ
ဘယ်လိုသောက်သင့်လဲ
နေ့စဉ် ၁ ဂရမ် ၂ဂရမ် သို့ ဆရာဝန်ညွှန်ုကားသလို သောင်သင့်ပါတယ် အနည်းဆုံး တပတ်ကို ၂ကြိမ်သောက်ပေးသင့်ပါတယ် ဒီလိုသောက်ပေးခြင်းဖြင့် သွေးတွင်းအဆီ(triglyceride) ဓါတ်ကိုသိသာစွာထိန်းပေးနိုင်ပါတယ် နှလုံးကျန်းမာရေး ကိုအထောက်အကူပြုပါတယ် ဦးနှောက်မှတ်ဥာဏ်ကိုအားပေးပါတယ် စိတ်ဖိစီးတာကို လျော့ပါးစေပါတယ် လေဖြတ်နိုင်ချေကိုလည်း အဆီဓါတ်ကိုထိန်းပေးခြင်းဖြင့် အထိုက်လျောက် ကာကွယ်နိုင်ပါတယ် သွေးပေါင်ချိန်ကို လည်း ထိန်းညှိပေးနိုင်ပါတယ် အရိုးအဆစ်ရောင် ရမ်းတာကိုလည်း သက်သာစေပါတယ် တအားအကျိုးများပါတယ် တူနာငါးတွေ ဆော်လမွန်းငါးတွေ ပုစွန်လို krillအကောင်ငယ်လေးတွေ စားပေးခြင်းဖြင့်လည်းရပေမယ့် စားဖို့မလွယ်ကူသူတွေအတွက်ကတော့ ဆေးကို ပုံမှန်သုံးဆောင်သင့်ပါတယ်