OMEGA 3 fatty acids ဆိုတာ ဘာလေးလဲ?
OMEGA 3 fatty acids ဆိုတာ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ Fatty acid အမျိုးအစားဖြစ်ပြီး တကယ်တမ်းတော့ ငါးကြီးဆီခေါ်တဲ့ အရာပါပဲ။ ဒါပေမယ့် ငါးအဆီတိုင်းကတော့ OMEGA 3 fatty acids မဟုတ်ပါဘူး။ ဒါဆို OMEGA 3 fatty acids ဘာကြောင့် လိုအပ်ပါသလဲ? ခန္ဓာကိုယ်က OMEGA 3 fatty acidsကို မရှိမဖြစ်လိုပေမယ့် ထုတ်လုပ်ဖို့ရန် မတတ်နိုင်ပါဘူး။ ဒါကြောင့် OMEGA 3 fatty acidsကို ပြင်ပအစားအစာကသာ ဖြည့်တင်းရပါတယ်။
OMEGA 3 fatty acids ကို ဘယ်ကရသလဲ
ငါးစားတိုင်း OMEGA 3 fatty acids မရပါဘူး။ OMEGA 3 fatty acids ရနိုင်တဲ့ ငါးတွေကတော့ ကကတစ်၊ ဆော်လမွန်၊ တူနာ စတဲ့ငါးမျိုးစိတ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် OMEGA 3 fatty acids ငါးကြီးဆီအဖြစ်လည်း သောက်သုံးကြပါတယ်။
OMEGA 3 fatty acids က ဘာတွေ လုပ်ပေးလဲ?
၁။ Cholesterol ကျဆင်းခြင်း
OMEGA 3 fatty acidsဟာ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ ပြည့်ဝဆီတွေကို နည်းစေပြီး ကောင်းမွန်တဲ့ HDL Cholesterol တွေကို တက်စေပါတယ်
၂။ နှလုံးသွေးကြောကျဉ်း ကာကွယ်ခြင်း
OMEGA 3 fatty acidsဟာ သွေးကြောတွေ အဆိဖုံးတာ ကာကွယ်ပေးလို့ နှလုံးသွေးကြောသာမက အခြား သွေးကြောကျဉ်းရောဂါတွေကိုပါ ကာကွယ်ပါတယ်
၃။ သွေးတိုး ကာကွယ်ခြင်း
လေ့လာချက်တွေအရတော့ OMEGA 3 fatty acids တစ်နေ့ ၃ဂရမ် သောက်ပေးရင် သွေးတိုးကာကွယ်ပါသတဲ့။ ဒါပေမယ့် ၃ဂရမ်ဆိုတာ များတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
၄။ အဆစ်ယောင် လေးဘက်နာ Rheumatoid arthritis
OMEGA 3 fatty acids က အဆစ်ယောင်လေးဘက်နာကို ပျောက်ကင်းစေနိုင်သလား? အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် OMEGA 3 fatty acidsဟာ အဆစ်ယောင်တာကြောင့် နာကျင်မှုကို သက်သာလျော့နည်းစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ အဆစ်ပျက်စီးမှုကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။
၅။ အရိုးမပွအောင်…
OMEGA 3 fatty acidsဟာ ကယ်လ်ဆီယမ်ဓာတ်ကို မြင့်တက်လာစေလို့ အရိုးသိပ်သည်းဆက်ုလည်း မြင့်တက်လာစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ၆၅နှစ်အထက် အရိုးပွသူ အမျိုးသမိးတစ်စုကို OMEGA 3 fatty acids ၃နှစ်တာ တိုက်ကျွေးပြိး စစ်ဆေးကြည့်တဲ့အခါ အရိုးသိပ်သည်းဆ မြင့်တက်လာတာကို တွေ့ခဲ့ရပါတယ်။
၆။ မှတ်ဉာဏ်
အရွယ်မတိုင်ခင် မှတ်ဉာဏ် ကျဆင်းခြင်းကို လေ့လာတဲ့အခါ OMEGA 3 fatty acids မှီဝဲမှု နည်းပါးခြင်းကြောင့် လို့ ဆိုပါတယ်။ ဒါကြောင့် မှတ်ဉာဏ် ကောင်းမွန်အောင် ငါးစားကြရအောင်လား။
ဒေါက်တာယမင်း (ဆေး ၁)
၃။ သွေးတိုး ကာကွယ်ခြင်း
၅။ အရိုးမပွအောင်…
၆။ မှတ်ဉာဏ်
ဒေါက်တာယမင်း (ဆေး ၁)
MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ
Rainy season and COVID19
1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး
Monsoon season and elderly
1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ
Humans that poison the environment part (2)
1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…
Leave a Reply
Your email address will not be published. Required fields are marked *