ဘာအတွက်သုံးရတာလဲ ??
Nebulizer ဆိုတာ ရင်ကြပ်ဝေဒနာရှင်တွေအတွက်တော့ မရှိမဖြစ် စက်တစ်ခုလို့ ဆိုရပါလိမ့်မယ်။ ‘တရွှီရွှီ’မြည်အောင် သေလုမြောပါး ကြပ်နေတဲ့ မောပန်းနေတဲ့ အဆုတ်တွေအတွက် Nebulizer ကောင်းကောင်းတစ်ခုက ထွက်လာတဲ့ ဆေးငွေ့တွေက စိန်တွေ ရွှေတွေထက် အဖိုးတန်တာပေါ့။ Nebulizer ဆေးငွေ့ရှူစက်ကို ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ စတာတွေအပြင် ရင်ကြပ်စေတဲ့ တခြား အဆုတ်ရောဂါတွေအားလုံးမှာ ကလေး လူကြီးမရွေး အသုံးပြုရပါတယ်။ ဆေးရုံဆေးခန်းတွေအတွက် မရှိမဖြစ် စက်တစ်ခုဖြစ်သလို ရင်ကြပ်တတ်ရင် အိမ်မှာဆောင်ထားဖို့လည်း လိုအပ်ပါတယ်။
?ဘာလို့ Omron brandကိုမှရွေးသင့်တာလဲ ??
ဂျပန်အခြေစိုက် Omron ဟာ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တွေမှာ အရည်အသွေးပိုင်း နည်းပညာပိုင်း ယုံကြည်စိတ်ချရမှု အပိုင်းတွေမှာ ထိပ်တန်းလို့ ဆိုလို့ရပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ရာနဲ့ချီပြီး Omron product တွေကို ကျေကျေနပ်နပ် အသုံးပြုနေကြပါတယ်။ Omron product တွေရဲ့ အဓိက အားသာချက်ကတော့ ကြံ့ခိုင်မှု၊ အသုံးပြုရ ရိုးစင်းလွယ်ကူမှုနဲ့ အဆင့်မြင့်တဲ့ နည်းပညာတွေပဲ ဖြစ်ပါတယ်။
?Omron Nebulizer တွေရဲ့ အားသာချက်တွေက ဘာတွေလဲ ??
?အသံမဆူခြင်း
မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေ အသုံးပြုဖို့ဆိုရင် စက်သံတိုးနေမှဖြစ်မှာပါ။ ကြောက်တတ်တဲ့ လူကြီးသူမတွေအတွက်လည်း စက်သံကျယ်ကျယ်လောင်လောင်က တကယ့်ပြဿနာပါ။ ရင်ကြပ်မပျောက်ခင် သွေးတက်သွားနိုင်ပါတယ်။ Omron Nebulizer စက်တွေက စက်သံ 52dBအောက်ထိ အသံတိုးအောင် လုပ်ဆောင်ထားလို့ အဆင်ပြေစေမှာပါ။ အချို့modelတွေမှာဆို 45dBအောက်အထိတောင် အသံတိုးတာမို့ အတိုင်းထက်အလွန်ပေါ့။
?ပေါ့ပါးခြင်း
နေမကောင်း အသက်ရှူမဝ မောပန်းနေချိန်မှာ ကိုယ့်ခန္ဓာကိုယ်တောင် မသယ်ချင် မလှုပ်ရှားချင်ကြပါဘူး။ ဒီတော့ ကြီးမားလေးလံတဲ့ nebulizer ကြီးကို မရ၊ ရွှေ့ရ နေရာချရတာလည်း ရင်ကြပ်နေသူတစ်ယောက်အတွက် တကယ့်ဝန်ထုပ်ဝန်ပိုးပါပဲ။ Omron nebulizer တွေကိုတော့ အလွန်ပေါ့ပါးအောင် ကျစ်လျစ်တဲ့ ဒီဇိုင်းဖြစ်အောင် ပြုလုပ်ထားလို့ ကူညီမဲ့သူမရှိလည်း ဝေဒနာရှင်ကိုယ်တိုင် ပေါ့ပေါ့ပါးပါး ကိုယ်တွယ် တပ်ဆင် အသုံးပြုနိုင်စေမှာပါ။
?အသုံးပြုရလွယ်ကူ ရိုးရှင်းခြင်း
အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်း အစုံအလင်ပါဝင်တဲ့အပြင် ဘယ်သူမဆို အလွယ်တကူ အသုံးပြုနိုင်အောင် ရိုးရိုးရှင်းရှင်း ဒီဇိုင်းပြုလုပ်ထားလို့ ဝေဒနာရှင်ကိုယ်တိုင် အခက်အခဲမရှိ အသုံးပြုနိုင်ပါတယ်။
?ထိရောက်သော ကုသမှုအတွက် လုံလောက် တိကျသော ဆေးငွေ့ကို ထုတ်လွှတ်ပေးနိုင်ခြင်း ဒါကတော့ တကယ့်ကို အရေးအကြီးဆုံး အချက်ပါ။
Nebulizer စက်တစ်လုံးရဲ့ အဓိကရည်ရွယ်ချက်သည် ရင်ကြပ် အမှန်တကယ် မြန်မြန်သက်သာစေဖို့ပါပဲ။ ဒီတော့ ဆေးငွေ့ကို ပမာဏတိတိကျကျနဲ့ ထိထိရောက်ရောက် ထုတ်လွှတ်ပေးနိုင်ဖို့ လိုပါတယ်။ Omron nebulizer တွေဟာ 3 micro metre လောက်အထိတောင် သေးငယ်တဲ့ ဆေးငွေ့အမှုန်လေးတွေကို ထုတ်လွှတ်ပေးနိုင်တာကြောင့် ကုသမှုကို အချိန်တိုတိုနဲ့ အမှန်တကယ် ထိရာက်စေပါတယ်။
Vartual valve နည်းပညာအသုံးပြုထားတဲ့အတွက် လိုအပ်တဲ့ ဆေးပမာဏကို ရရှိစေပြီး ဆေးလေလွင့်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Omron နဲ့အတူ ရင်ကြပ်ဝေဒနာကို ကျော်လွှား အံတုနိုင်ကြပါစေ..
ဘာအတြက္သံုးရတာလဲ ??
Nebulizer ဆိုတာ ရင္ၾကပ္ေဝဒနာ႐ွင္ေတြအတြက္ေတာ့ မ႐ွိမျဖစ္ စက္တစ္ခုလို႔ ဆိုရပါလိမ့္မယ္။ ‘တရႊီရႊီ’ျမည္ေအာင္ ေသလုေျမာပါး ၾကပ္ေနတဲ့ ေမာပန္းေနတဲ့ အဆုတ္ေတြအတြက္ Nebulizer ေကာင္းေကာင္းတစ္ခုက ထြက္လာတဲ့ ေဆးေငြ႕ေတြက စိန္ေတြ ေရႊေတြထက္ အဖိုးတန္တာေပါ့။ Nebulizer ေဆးေငြ႕႐ွဴစက္ကို ပန္းနာရင္ၾကပ္ေရာဂါ၊ နာတာ႐ွည္ အဆုတ္ေလႁပြန္ေရာင္ေရာဂါ၊ အဆုတ္ေရာင္ေရာဂါ စတာေတြအျပင္ ရင္ၾကပ္ေစတဲ့ တျခား အဆုတ္ေရာဂါေတြအားလံုးမွာ ကေလး လူႀကီးမေရြး အသံုးျပဳရပါတယ္။ ေဆးရံုေဆးခန္းေတြအတြက္ မ႐ွိမျဖစ္ စက္တစ္ခုျဖစ္သလို ရင္ၾကပ္တတ္ရင္ အိမ္မွာေဆာင္ထားဖို႔လည္း လိုအပ္ပါတယ္။
?ဘာလို႔ Omron brandကိုမွေရြးသင့္တာလဲ ??
ဂ်ပန္အေျခစိုက္ Omron ဟာ က်န္းမာေရးဆိုင္ရာ ထုတ္ကုန္ေတြမွာ အရည္အေသြးပိုင္း နည္းပညာပိုင္း ယံုၾကည္စိတ္ခ်ရမႈ အပိုင္းေတြမွာ ထိပ္တန္းလို႔ ဆိုလို႔ရပါတယ္။ ကမၻာ့ႏိုင္ငံေပါင္း ရာနဲ႔ခ်ီၿပီး Omron product ေတြကို ေက်ေက်နပ္နပ္ အသံုးျပဳေနၾကပါတယ္။ Omron product ေတြရဲ႕ အဓိက အားသာခ်က္ကေတာ့ ၾကံ့ခိုင္မႈ၊ အသံုးျပဳရ ႐ိုးစင္းလြယ္ကူမႈနဲ႔ အဆင့္ျမင့္တဲ့ နည္းပညာေတြပဲ ျဖစ္ပါတယ္။
?Omron Nebulizer ေတြရဲ႕ အားသာခ်က္ေတြက ဘာေတြလဲ ??
?အသံမဆူျခင္း
ေမြးကင္းစကေလးေတြ၊ ကေလးငယ္ေတြ အသံုးျပဳဖို႔ဆိုရင္ စက္သံတိုးေနမွျဖစ္မွာပါ။ ေၾကာက္တတ္တဲ့ လူႀကီးသူမေတြအတြက္လည္း စက္သံက်ယ္က်ယ္ေလာင္ေလာင္က တကယ့္ျပႆနာပါ။ ရင္ၾကပ္မေပ်ာက္ခင္ ေသြးတက္သြားႏိုင္ပါတယ္။ Omron Nebulizer စက္ေတြက စက္သံ 52dBေအာက္ထိ အသံတိုးေအာင္ လုပ္ေဆာင္ထားလို႔ အဆင္ေျပေစမွာပါ။ အခ်ိဳ႕modelေတြမွာဆို 45dBေအာက္အထိေတာင္ အသံတိုးတာမို႔ အတိုင္းထက္အလြန္ေပါ့။
?ေပါ့ပါးျခင္း
ေနမေကာင္း အသက္႐ွဴမဝ ေမာပန္းေနခ်ိန္မွာ ကိုယ့္ခႏၶာကိုယ္ေတာင္ မသယ္ခ်င္ မလႈပ္႐ွားခ်င္ၾကပါဘူး။ ဒီေတာ့ ႀကီးမားေလးလံတဲ့ nebulizer ၾကီးကို မရ၊ ေရႊ႔ရ ေနရာခ်ရတာလည္း ရင္ၾကပ္ေနသူတစ္ေယာက္အတြက္ တကယ့္ဝန္ထုပ္ဝန္ပိုးပါပဲ။ Omron nebulizer ေတြကိုေတာ့ အလြန္ေပါ့ပါးေအာင္ က်စ္လ်စ္တဲ့ ဒီဇိုင္းျဖစ္ေအာင္ ျပဳလုပ္ထားလို႔ ကူညီမဲ့သူမ႐ွိလည္း ေဝဒနာ႐ွင္ကိုယ္တိုင္ ေပါ့ေပါ့ပါးပါး ကိုယ္တြယ္ တပ္ဆင္ အသံုးျပဳႏိုင္ေစမွာပါ။
?အသံုးျပဳရလြယ္ကူ ႐ိုး႐ွင္းျခင္း
အသံုးျပဳဖို႔ လိုအပ္တဲ့ ပစၥည္း အစံုအလင္ပါဝင္တဲ့အျပင္ ဘယ္သူမဆို အလြယ္တကူ အသံုးျပဳႏိုင္ေအာင္ ႐ိုး႐ိုး႐ွင္း႐ွင္း ဒီဇိုင္းျပဳလုပ္ထားလို႔ ေဝဒနာ႐ွင္ကိုယ္တိုင္ အခက္အခဲမ႐ွိ အသံုးျပဳႏိုင္ပါတယ္။
?ထိေရာက္ေသာ ကုသမႈအတြက္ လံုေလာက္ တိက်ေသာ ေဆးေငြ႕ကို ထုတ္လႊတ္ေပးႏိုင္ျခင္း ဒါကေတာ့ တကယ့္ကို အေရးအႀကီးဆံုး အခ်က္ပါ။
Nebulizer စက္တစ္လံုးရဲ႕ အဓိကရည္ရြယ္ခ်က္သည္ ရင္ၾကပ္ အမွန္တကယ္ ျမန္ျမန္သက္သာေစဖို႔ပါပဲ။ ဒီေတာ့ ေဆးေငြ႕ကို ပမာဏတိတိက်က်နဲ႔ ထိထိေရာက္ေရာက္ ထုတ္လႊတ္ေပးႏိုင္ဖို႔ လိုပါတယ္။ Omron nebulizer ေတြဟာ 3 micro metre ေလာက္အထိေတာင္ ေသးငယ္တဲ့ ေဆးေငြ႕အမႈန္ေလးေတြကို ထုတ္လႊတ္ေပးႏိုင္တာေၾကာင့္ ကုသမႈကို အခ်ိန္တိုတိုနဲ႔ အမွန္တကယ္ ထိရာက္ေစပါတယ္။
Vartual valve နည္းပညာအသံုးျပဳထားတဲ့အတြက္ လိုအပ္တဲ့ ေဆးပမာဏကို ရ႐ွိေစၿပီး ေဆးေလလြင့္ဆံုး႐ွံဳးမႈကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
Omron နဲ႔အတူ ရင္ၾကပ္ေဝဒနာကို ေက်ာ္လႊား အံတုႏိုင္ၾကပါေစ..