သားသမီးများတဲ့ မေမေတွေ

ကိုယ်ဝန်ဆောင်သားဖွားခြင်းဆိုတာ အမျိုးသမီးတွေရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ နေ့စဉ်နေ့တိုင်းမှာ အမျိုးသမီးထောင်ပေါင်းများစွာ သားဖွားနေကြတယ်လို့ စစ်တမ်းတွေက ပြောပါတယ်။ အဲဒီအမျိုးသမီးတိုင်းဟာ ပထမဆုံးကိုယ်ဝန်ဆောင်တာမဟုတ်ပါဘူး။ အချို့က ဒုတိယကိုယ်ဝန်၊ အချို့က တတိယ၊ စတုတ္ထနဲ့ အဲဒီထက်ပိုတဲ့ကိုယ်ဝန်အကြိမ်ရေတွေအမျိုးမျိုးဖြစ်နိုင်ပါတယ်။

အမျိုးသမီးတစ်ဦးဟာ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုတဲ့ (Viable Pregnancy)ကိုယ်ဝန်ဆောင်ရင် Multipara လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဟာ သက်တမ်းအနေနဲ့ အနည်းဆုံး နှစ်ဆယ်ရက်သတ္တပတ်ရှိမှ Viable Pregnancy လို့ခေါ်ပါတယ်။ Primiprara ဆိုတာကတော့ ကိုယ်ဝန်တစ်ကြိမ်သာဆောင်ခြင်းကို ခေါ်ပါတယ်။

Grand Multipara ဆိုတာကတော့ ငါးကြိမ်နဲ့အထက် ကိုယ်ဝန်ဆောင်ခြင်းဖြစ်ပါတယ်။ Great-Grand Multipara ကတော့ ဆယ်ကြိမ်နဲ့အထက် ကိုယ်ဝန်ဆောင်ခြင်းဖြစ်ပါတယ်။ Great-Grand Multipara ဖြစ်ရင် မိခင်ရော ကလေးအတွက်ပါ ဆိုးကျိုးများနိုင်ပါတယ်။

Multiparity ဖြစ်ရင် ကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်သလဲ?

-ကလေးအနေအထားမမှန်ခြင်း

-မွေးဖွားရခက်ခဲခြင်း

-သားအိမ်ညှစ်အားနည်းခြင်း

-အချင်းအနေအထားမမှန်ဘဲ ရှေ့ရောက်နေခြင်း

-သားအိမ်ကွဲထွက်ခြင်း

-သွေးဆင်းခြင်း

-ရေမြွာရေတွေဟာ မိခင်ရဲ့သွေးစီးကြောင်းထဲဝင်ပြီး reaction တွေဖြစ်တဲ့အခြေအနေတစ်ခုဖြစ်စေပါတယ်။ Amniotic Fluid Embolism လို့ခေါ်ပြီး နှလုံး၊ အဆုတ်ကိုထိခိုက်စေပါတယ်။

-ဆီးမခိုင်တော့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း

-Levator Ani ဟုခေါ်သော တင်ပဆုံတစ်ဘက်တစ်ချက်ရှိကြွက်သား ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ခြင်း စတဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

Multiparity အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ….

-သံဓာတ်နဲ့ ဖောလစ် (Folic acid) ဂရုတစ်စိုက် ကြိုတင်သောက်သင့်ပါတယ်။

-မီးဖွားဖို့ဆေးရုံတက်နေရတဲ့အချိန်မှာ ကျန်ရှိနေတဲ့ သားသမီးတွေအတွက်လည်း အားလုံးကြိုတင်စီစဉ်ပေးဖို့လိုပါတယ်။

-သားဖွားမီးယပ်ဆရာဝန်ဆီမှာ ကိုယ်ဝန်အပ်ပြီး ပုံမှန် Antenatal Care ယူဖို့လိုအပ်ပါတယ်။

-မွေးဖွားဖို့နည်းလမ်းကို ကြိုတင်ရွေးချယ်ထားရပါမယ်။

-မွေးဖွားပြီးသွေးဆင်းတာကို ကုသဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ (Risk of Post partum hemorrhage)

-ကလေးမီးဖွားပြီးတဲ့အခါမှာ ဆီးနဲ့မီးယပ်ပြဿနာတွေမဖြစ်ဖို့ Physiotherapy ပြုလုပ်ရပါမယ်။ Follow-up မှန်မှန်သွားရပါမယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

သားသမီးမ်ားတဲ့ ေမေမေတြ

ကိုယ္ဝန္ေဆာင္သားဖြားျခင္းဆိုတာ အမ်ိဳးသမီးေတြရဲ႕ သဘာဝျဖစ္စဥ္တစ္ခုပါ။ ေန႔စဥ္ေန႔တိုင္းမွာ အမ်ိဳးသမီးေထာင္ေပါင္းမ်ားစြာ သားဖြားေနၾကတယ္လို႔ စစ္တမ္းေတြက ေျပာပါတယ္။ အဲဒီအမ်ိဳးသမီးတိုင္းဟာ ပထမဆံုးကိုယ္ဝန္ေဆာင္တာမဟုတ္ပါဘူး။ အခ်ိဳ႕က ဒုတိယကိုယ္ဝန္၊ အခ်ိဳ႕က တတိယ၊ စတုတၳနဲ႔ အဲဒီထက္ပိုတဲ့ကိုယ္ဝန္အႀကိမ္ေရေတြအမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္။

အမ်ိဳးသမီးတစ္ဦးဟာ ႏွစ္ဦး သို႔မဟုတ္ ႏွစ္ဦးထက္ပိုတဲ့ (Viable Pregnancy)ကိုယ္ဝန္ေဆာင္ရင္ Multipara လို႔ေခၚပါတယ္။ ကိုယ္ဝန္ဟာ သက္တမ္းအေနနဲ႔ အနည္းဆံုး ႏွစ္ဆယ္ရက္သတၱပတ္ရွိမွ Viable Pregnancy လို႔ေခၚပါတယ္။ Primiprara ဆိုတာကေတာ့ ကိုယ္ဝန္တစ္ႀကိမ္သာေဆာင္ျခင္းကို ေခၚပါတယ္။

Grand Multipara ဆိုတာကေတာ့ ငါးႀကိမ္နဲ႔အထက္ ကိုယ္ဝန္ေဆာင္ျခင္းျဖစ္ပါတယ္။ Great-Grand Multipara ကေတာ့ ဆယ္ႀကိမ္နဲ႔အထက္ ကိုယ္ဝန္ေဆာင္ျခင္းျဖစ္ပါတယ္။ Great-Grand Multipara ျဖစ္ရင္ မိခင္ေရာ ကေလးအတြက္ပါ ဆိုးက်ိဳးမ်ားႏိုင္ပါတယ္။

Multiparity ျဖစ္ရင္ ကိုယ္ဝန္ေဆာင္တဲ့အခါ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ႏိုင္သလဲ?

-ကေလးအေနအထားမမွန္ျခင္း

-ေမြးဖြားရခက္ခဲျခင္း

-သားအိမ္ၫွစ္အားနည္းျခင္း

-အခ်င္းအေနအထားမမွန္ဘဲ ေရွ႕ေရာက္ေနျခင္း

-သားအိမ္ကြဲထြက္ျခင္း

-ေသြးဆင္းျခင္း

-ေရႁမြာေရေတြဟာ မိခင္ရဲ႕ေသြးစီးေၾကာင္းထဲဝင္ၿပီး reaction ေတြျဖစ္တဲ့အေျခအေနတစ္ခုျဖစ္ေစပါတယ္။ Amniotic Fluid Embolism လို႔ေခၚၿပီး ႏွလံုး၊ အဆုတ္ကိုထိခိုက္ေစပါတယ္။

-ဆီးမခိုင္ေတာ့ျခင္း၊ ဆီးမထိန္းႏိုင္ျခင္း

-Levator Ani ဟုေခၚေသာ တင္ပဆံုတစ္ဘက္တစ္ခ်က္ရွိႂကြက္သား ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ေတာ့ျခင္း စတဲ့ဆိုးက်ိဳးေတြျဖစ္ေစႏိုုင္ပါတယ္။

Multiparity အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္တဲ့အခါ….

-သံဓာတ္နဲ႔ ေဖာလစ္ (Folic acid) ဂ႐ုတစ္စိုက္ ႀကိဳတင္ေသာက္သင့္ပါတယ္။

-မီးဖြားဖို႔ေဆးရံုတက္ေနရတဲ့အခ်ိန္မွာ က်န္ရွိေနတဲ့ သားသမီးေတြအတြက္လည္း အားလံုးႀကိဳတင္စီစဥ္ေပးဖို႔လိုပါတယ္။

-သားဖြားမီးယပ္ဆရာဝန္ဆီမွာ ကိုယ္ဝန္အပ္ၿပီး ပံုမွန္ Antenatal Care ယူဖို႔လိုအပ္ပါတယ္။

-ေမြးဖြားဖို႔နည္းလမ္းကို ႀကိဳတင္ေရြးခ်ယ္ထားရပါမယ္။

-ေမြးဖြားၿပီးေသြးဆင္းတာကို ကုသဖို႔ ႀကိဳတင္ျပင္ဆင္ထားရပါမယ္။ (Risk of Post partum hemorrhage)

-ကေလးမီးဖြားၿပီးတဲ့အခါမွာ ဆီးနဲ႔မီးယပ္ျပႆနာေတြမျဖစ္ဖို႔ Physiotherapy ျပဳလုပ္ရပါမယ္။ Follow-up မွန္မွန္သြားရပါမယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *